Saturday, May 18, 2019

မလေးရှားနိုင်ငံတွင် ဘီယာအတု သောက်သုံးမှုကြောင့် သုံးပတ်အတွင်း မြန်မာအလုပ်သမား ရှစ်ဦးသေဆုံး

မလေးရှားနိုင်ငံတွင် ဘီယာအတု သောက်သုံးမိ၍ ရက်သတ္တပတ် သုံးပတ်ကျော်အတွင်း မြန်မာအလုပ်သမား ရှစ်ဦး သေဆုံးခဲ့ကြောင်း မလေးရှားအခြေစိုက် ကပုန်းခုနစ်ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌဌ ဦးစန်းဝင်းက ပြောကြား သည်။ ဧပြီ ၂၄ ရက်ကစ၍ မလေးရှားနိုင်ငံ ပဲရက်ပြည်နယ်တွင် ဘီယာဘူးရှည်အတုများ သောက်သုံးမိ၍ မြန်မာအလုပ်သမားများ စတင်သေဆုံးလျက်ရှိကြောင်း သိရသည်။ ဓဘီယာအတုတွေက ဘယ်ကုမ္ပဏီကလည်း မသိဘူး။ ဘယ်က ထုတ်မှန်းလည်းမသိဘူး။ ကိုယ့်ဘာသာ ထုတ်တဲ့ပုံစံမျိုးတွေ” ဟု ကပုန်းခုနစ်ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဌ ဦးစန်းဝင်းက ပြောကြားသည်။

ဧပြီ ၂၄ ရက်မှ မေ ၁၇ ရက်အတွင်း ゞင်းဘီယာအတုများကြောင့် သေဆုံးမြန်မာ အလုပ်သမားရှစ်ဦးနှင့် ဆေးရုံတွင် ကုသနေသော အတွင်းလူနာနှစ်ဦးရှိကြောင်း ဦးစန်းဝင်းက ပြောကြားသည်။

“အဲဒီဘီယာအတုတွေက မြန်မာငွေကြေးနဲ့ဆို ၂၅၀ဝ ဝန်းကျင်ရှိမယ်။ မြန်မာနိုင်ငံကလည်း မဟုတ်ဘူး။ ဘယ်နိုင်ငံက ထုတ်တာလို့လည်း မရေးထားဘူး” ဟု ゞင်းက ပြောကြားသည်။

ထိုဘီယာအတုများ သောက်သုံးမိလျှင် သောက်ပြီးနာရီပိုင်းအတွင်း ခေါင်းတွင် အဖုအပိမ့်များ ထွက်၍ သွေးများအန်ကာ သေဆုံးကြောင်း သိရသည်။

ဘီယာအတုထုတ်လုပ်သည့် အဖွဲ့အစည်းများအား မလေးရှား အာဏာပိုင်များက လိုက်လံရှာဖွေနေကြောင်း သိရသည်။

မလေးရှားရောက် မြန်မာအလုပ်သမားများ အလုပ်ပင်ပန်း၍ ဘီယာသောက်သုံးမှုများရှိပြီး ဘီယာအတုများကြောင့် ဘေးအန္တရာယ်များ မဖြစ်ပေါ်စေရန် လိုင်စင်ရထားသော ဘီယာများသာ သောက်သုံးသင့်ကြောင်း ဦးစန်းဝင်းက တိုက်တွန်းခဲ့သည်။ ယင်းဘီယာအတုများကြောင့် မြန်မာအလုပ်သမားများသာမက ဘင်္ဂ္လားဒေ့ရှ်နိုင်ငံသားများလည်း သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ စက်တင်ဘာလ တစ်လအတွင်း မလေးရှားနိုင်ငံတွင် အရက်အတုသောက်ခြင်းကြောင့် တစ်လအတွင်း မြန်မာအလုပ်သမား၂၇ ဦးသေဆုံးခဲ့ပြီး  ဆေးရုံတွင် အတွင်းလူနာ သုံးဦး ကုသခံခဲ့ရသည်။ ထိုအရက်အတုများသည် မြန်မာတံဆိပ်အတုများ ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် တစ်လထဲတွင် အရက်အတုကြောင့် သေဆုံးသူ ၃၅ ယောက် သေဆုံးသွားခဲ့ပြီး ဖမ်းဆီးအရေးယူများ ပြုလုပ်ခဲ့ခြင်းကြောင့် ငြိမ်သက်သွားခဲ့ကြောင်းသိရသည်။

No comments:

Post a Comment