Saturday, May 18, 2019

ရာသီအကုန်တွင် ဂျုဗင်တပ်နည်းပြ အယ်လီဂရီ အသင်းမှထွက်ခွာမည်

အီတလီစီးရီးအေ ချန်ပီယံ ဂျုဗင်တပ်အသင်းနည်းပြ အယ်လီဂရီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာပါ။ အသက် ၅၁ နှစ်အရွယ် နည်းပြဟာ ဂျုဗင်တပ်အသင်းကို ၂၀၁၄ မှာ ရောက်ရှိလာပြီး ချန်ပီယံဆုကို ၅ နှစ်ဆက်တိုက် ရယူပေးထားပါတယ်။ ဂျုဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက တိုက်စစ်မှူး ရော်နယ်ဒိုကို ပေါင် ၉၉ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ နည်းပြ အယ်လီဂရီရဲ့ အသင်းဟာ ဒီနှစ် ချန်ပီယံလိဂ်မှာ ကွာတားအဆင့်မှာပဲ လှည့်ပြန်ခဲ့ရပါတယ်။ ဂျုဗင်တပ်အသင်းဟာ ဒီနှစ်ရာသီမှာလည်း ပွဲစဉ် ၂ ပွဲ ကျန်ပေမယ့် ချန်ပီယံဆုကို စောစောစီးစီး ဆွတ်ခူးထားပါတယ်။

No comments:

Post a Comment