Saturday, May 18, 2019

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တိုးဂိတ်ကြီးခြောက်ခုနှင့် မီနီဂိတ် ၁၃ ခုမှ ကျပ် ၁၁၅ ဒသမ ၇၄ ဘီလျံ ကောက်ခံရရှိခဲ့

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တိုးဂိတ်ကြီးခြောက်ခုနှင့် မီနီဂိတ် ၁၃ ခုမှ ကျပ် ၁၁၅ ဒသမ ၇၄ ဘီလျံ ကောက်ခံရရှိခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။ေ မ ၁၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ ဦးမာန်လောမောင်းက မိတ္ထီလာမြို့မှ နေပြည်တော်သို့ အမြန်လမ်း အဝင်ဂိတ်တွင် ကံကောင်း Mini Toll Gate 2 က လမ်းမကြီးအသုံးပြုခ ကျပ် ၁၀ဝ၀ နှင့်နောက်ဂိတ်တစ်ခုတွင် လမ်းဦးစီးဌာနက ကျပ် ၂၀ဝ၀ ကောက်ခံသည့် ငွေကြေး မည်မျှ ရရှိသည်၊ နိုင်ငံတော်အတွက် မည်သို့အသုံးပြုသည်ကို ပွင့်လင်းမြင်သာမှုရှိပြီး ပြည်သူများသိရှိအောင် စာရင်းရှင်းတမ်းထုတ်ပြန် ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။



ဒုတိယဝန်ကြီးက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် တိုးဂိတ်ကြီး ခြောက်ဂိတ်နှင့် မီနီဂိတ် ၁၃ ခုရှိပြီး တိုင်း ဒေသကြီးနယ်မြေအလိုက် ခွဲခြား၍ ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးများမှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးများမှ အဆင့်ဆင့် နေ့စဉ် အနီးကပ် ကြပ်မတ်ကွပ်ကဲ ကောက်ခံလျက်ရှိကြောင်း ပြောကြားခဲ့သည်။
“၂၀ဝ၉-၂၀၁၀ ခုနှစ် စတင်ကောက်ခံခဲ့တဲ့ အချိန်မှစ၍ ၂၀၁၈-၂၀၁၉ မီနီဘဏ္ဍဍာရေး နှစ်ကုန်အထိ တိုးဂိတ်ကြီး ခြောက်ဂိတ်နဲ့ မီနီဂိတ် ၁၃ ခုကနေ စုစုပေါင်းကောက်ခံရရှိငွေက ကျပ် ၁၁၅ ဒသမ ၇၄ ဘီလျံရရှိခဲ့ပါတယ်။ ကောက်ခံရရှိခဲ့တဲ့ လမ်းအသုံးပြုခ နေ့စဉ်ဝင်ငွေများကို သက်ဆိုင်ရာ မြို့နယ်အလိုက် မြန်မာ့စီးပွားရေးဘဏ်များသို့ ဘဏ်စာရင်းဖွင့်ကာ နိုင်ငံတော်ရငွေအဖြစ် နေ့စဉ် တိုက်ရိုက်ပေးသွင်းလျက်ရှိပါတယ်” ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

အဆိုပါပေးသွင်းငွေများကို နိုင်ငံတော်ရငွေအဖြစ် ဖော်ပြ၍ ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများအတွက် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ သုံးစွဲမှုများ ပြုလုပ်လျက်ရှိကြောင်း ゞင်းက ပြောကြားခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ ကံကောင်းမီနီတိုးဂိတ်၏ ပုံသေကောက်ခံနှုန်းမှာ Class-1(Under 1 Ton; Saloon Hijet)  ကျပ် ၅၀ဝ၊ Class -2(Between 1 Ton & 3 Ton; Surf, Prado, Super Custon, Hiace, Light Truck) ကျပ် ၁၀ဝ၀၊ Class-3(Between 3 Tons & 5 Tons; Dyna, Mimi bus) ကျပ် ၁၅၀ဝ၊ Class-4(Between 5 Ton& 10 Tons; Express) ကျပ် ၂၅၀ဝ သတ်မှတ်ကောက်ခံလျက်ရှိပြီး ကံကောင်းမီနီဂိတ်က မိတ္ထီလာ (သီးကုန်း)နှင့် စကားအင်း(မန္တလေး)တိုးဂိတ်ကြီးများသို့ ရောက်ရှိပါက ဆက်လက်ထွက်ခွာမည့် လမ်းခရီးအပေါ်မူတည်၍ ထပ်မံကောက်ခံလျက်ရှိကြောင်း၊ လွှတ်တော်ကိုယ် စားလှယ်ကြီးမေးမြန်းထားသည့် Class-2 ယာဉ်မှာ ပုံမှန်အားဖြင့် ကံကောင်းမီနီတိုးလ်ဂိတ်တွင် ကျပ် ၁၀ဝ၀  ပေးဆောင်ရမည်ဖြစ်ပြီး မိတ္ထီလာ(သီးကုန်း) တိုးဂိတ်သို့ရောက်ရှိပါက ဆက်လက်ထွက်ခွာမည့် နေပြည်တော် ခရီးစဉ်အတွက် ကျပ် ၂၀ဝ၀ ပေးဆောင်ရမည်သာဖြစ်ကြောင်း ゞင်းက ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ နေပြည်တော် - ရန်ကုန်လမ်းပိုင်းအား ၂၀ဝ၉ ခုနှစ်၌ စတင်ဖွင့်လှစ်ပြီးကတည်းက လမ်းအသုံးပြုခကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြီးကြပ်ကောက်ခံ ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်မြို့အဝင်ဂိတ်များတွင် မြို့ဝင်ကြေးများ ကောက်ခံနေခြင်းမှာ လမ်းဦးစီးဌာနနှင့် သက်ဆိုင်ခြင်းမရှိပါကြောင်းနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီက ကောက်ခံနေခြင်းသာဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။   

No comments:

Post a Comment