Saturday, May 18, 2019

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဆန်စက်လုပ်ငန်းများရပ်ဆိုင်းပြီး ဈေကွက်ကိုထိခိုက်နေ

၂၀၁၉ခုနှစ်၊ နွေစပါးပေါ်ချိန်မှာ စပါးဈေးကျဆင်းနေခြင်းနှင့် တောင်သူများ အခက်အခဲဖြစ်နေခြင်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် လုပ်သင့်သော၊ စီစဉ်သင့်သော ကိစ္စများကိုလုပ်ဆောင်လျှက်ရှိပါတယ်။ အခုလိုစပါးဈေးကွက်ကျဆင်းရခြင်းကလည်းလျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ဆန်စက်လုပ်ငန်းများအနေဖြင့် စက်ပုံမှန် မလည်ပတ်နိုင်သော အခြေအနေဟာ လက်ရှိဆန်စပါး ဈေးကွက် အပေါ် ကြီးမားစွာ သက်ရောက်မှုရှိနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က ဒီကနေ့ မေလ(၁၈)ရက်နေ့ကထုတ်ပြန်ကြေညာထားပါတယ်။



လက်ရှိမှာ မြန်မာနိုင်ငံမှဆန်စပါးများကို နယ်စပ်မှ အရောင်းအဝယ် အလွန်နည်းခြင်းနှင့် Export ကျဆင်းခြင်းတို့ ကြောင့် ယခုအနေဟာ ပုဂ္ဂလိက သက်သက်ဖြင့်သာ ဆောင်ရွက်လို့မရကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပါဝင်ကူညီ ဆောင်ရွက်ပေးဖို့လိုကြောင်း၊ နိုင်ငံတော်အစိုးရကိုလည်း ၂၀၁၉ခုနှစ် မတ်လ ကတည်းက တင်ပြအကြံပြု ထားတယ်လို့ ထုတ်ပြန်ကြေညာချက်မှာပါရှိပါတယ်။

လက်ရှိမှာတော့ ဆန်စပါးဈေးကွက်တည်ငြိမ်ရေးနဲ့ တောင်သူများမျှော်လင့်သောဈေးရရှိစေရန် နိုင်ငံတော်အစိုးရပိုင်းမှ ကူညီဆောင်ရွက်ပေးရန်လိုအပ်လျှက်ရှိတာကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ အစွမ်းကုန်တိုက်တွန်းပြောကြားလိုကြောင်းကိုထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားတာပါ။

No comments:

Post a Comment