Saturday, May 18, 2019

ကမ္ဘာ့အရက်အသောက်ဆုံးနိုင်ငံသားတွေက ဘယ်နိုင်ငံသားတွေဖြစ်မလဲ။

ကြာသပတေးနေ့မှာထုတ်ပြန်ခဲ့တဲ့ ၂၀၁၉ ကမ္ဘာ့မူးယစ်ဆေးဝါးဆိုင်ရာစစ်တမ်းအရ အရက်အသောက်အများဆုံးနိုင်ငံသားတွေထဲမှာ အများဆုံးဟာ ကမ္ဘာ့အနောက်ခြမ်းက နိုင်ငံတစ်နိုင်ငံရဲ့နိုင်ငံသားတွေပါ။ အဲဒီနိုင်ငံကတော့ ဗြိတိန်လို့လည်းသိကြတဲ့ United Kingdomနိုင်ငံပါ။ အဲဒီစစ်တမ်းအရ ပျှမ်းမျှဗြိတိန်နိုင်ငံသားတစ်ယောက်က တစ်နှစ်ကို ၅၁ ကြိမ်အရက်သောက်ကြပါတယ်။ စစ်တမ်းမှာဖြေခဲ့တဲ့ဗြိတိန်တွေက အရက်သောက်တာကို ညနေပိုင်းမှာ မြူးကြွစေချင်လို့သောက်တဲ့သဘောထက် ညဘက်အပြင်ထွက်တဲ့အချိန်မှာ အရက်မူးဖို့လို့ သတ်မှတ်ထားကြတယ်လို့ ပါဝင်ပါတယ်။



စစ်တမ်းအရ အရက်သောက်လို့ဖြစ်တဲ့အစည်းရောဂါနဲ့ အရက်အလွန်အကျွံသောက်လို့ အသည်းကင်ဆာဖြစ်တဲ့နှုန်းတွေက မြင့်တက်နေသလို အ၀လွန်တာနဲ့ စိတ်ကျန်းမာရေးထိခိုက်တာလည်း မြင့်တက်နေတယ်လို့ ကမ္ဘာ့မူးယစ်ဆေးဆိုင်ရာစစ်တမ်းကိုတည်ထောင်သူ အဒမ် ၀င်စတော့ကပြောပါတယ်။

နိုင်ငံ ၃၀ ကျော်က လူ ၁၂၃၈၁၄ ယောက်ကို မေးမြန်းပြီး စာရင်းပြုစုထားတာပါ။ စစ်တမ်းအရ လူတွေက ပျှမ်းမျှအားဖြင့် ပြီးခဲ့တဲ့ ၁၂ လအတွင်း အရက် ၃၃ ကြိမ်သောက်ခဲ့ကြတယ်လို့ သိရပါတယ်။ စစ်တမ်းမှာ သောက်သလား၊ မသောက်ခဲ့ဘူးလားဆိုတာကိုပဲ မေးမြန်းခဲ့ပြီးတော့ ဘယ်လောက်ပမာဏအထိသောက်ခဲ့သလဲဆိုတာတော့ မပါဝင်ပါဘူး။ အင်္ဂလိပ်စကားပြောနိုင်ငံတွေက ပိုပြီးသောက်ကြတယ်လို့လည်း သိရပါတယ်။ တောင်အမေရိကနိုင်ငံတွေက အရက်အသောက်အနည်းဆုံးနိုင်ငံတွေလို့လည်း စစ်တမ်းကဖော်ပြပါတယ်။ The Lancetဂျာနယ်မှာ အခုလအတွင်းဖော်ပြခဲ့တဲ့သုတေသနစာတမ်းတစ်ခုအရ ၁၉၉၀ နဲ့ ၂၀၁၇ ခုနှစ်ကြားမှာ လူတစ်ယောက်ချင်းတစ်နှစ်အရက်သောက်နှုန်းက ၀.၇ လီတာကနေ ၆.၅ လီတာအထိ မြင့်တက်နေတယ်လို့ ပါဝင်ပါတယ်။

၂၀၃၀ ပြည့်နှစ်မှာ အရက်သောက်နှုန်းမြင့်တက်တာက ၇.၆ လီတာအထိရောက်သွားမယ်လို့လည်း အဲဒီသုတေသနစာတမ်းအရသိရပါတယ်။ ဒါ့အပြင် ၂၀၃၀ မှာ ကမ္ဘာပေါ်က အရွယ်ရောက်ပြီးသူတွေရဲ့ ၅၀ ရာခိုင်နှုန်းက အရက်သောက်ကြမှာဖြစ်ပြီး ဒါဟာ ၁၉၉၀ ပြည့်နှစ်ကထက် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တာဖြစ်သလို အရက်ရှောင်တဲ့လူကလည်း ၁၉၉၀ ပြည့်နှစ်ကထက် ၆ ရာခိုင်နှုန်းကျဆင်းပြီး ၄၀ ရာခိုင်နှုန်းရှိမယ်လို့ သိရပါတယ်။

No comments:

Post a Comment