Saturday, May 18, 2019

ကသာမြို့ ကသာအကျဉ်းထောင်ဝန်ထမ်းတစ်ဦးထံမှ ကျပ်လေးသောင်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့တွင် ကသာအကျဉ်းထောင်ဝန်ထမ်းတစ်ဦးထံမှ ကျပ်လေးသောင်းတန်ဖိုးရှိ ဘိန်းဖြူများ မေ ၁၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ကသာမြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။ ကသာအကျဉ်းထောင်တွင် အမှတ် ၃/၄ အိပ်ဆောင်၌ ကင်းတာဝန်ကျ တပ်သား ကို-----သည် အမှတ်(၁) အိပ်ဆောင်ဘက်သို့ သွားရောက်ခဲ့ပြီး အကျဉ်းသားများ နေ့မိလ္လာ အသုံးပြုသည့်အခန်း၌ မသင်္က࿿ာဖွယ် အပြုအမူများ လုပ်ဆောင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း တာဝန်ကျတပ်ကြပ်တစ်ဦးက သက်ဆိုင်ရာသို့ သတင်းပေးပို့ခဲ့ကြောင်း သိရသည်။



ထို့နောက် သက်ဆိုင်ရာက သွားရောက်စစ်ဆေးရာ အကျဉ်းထောင်ဝန်ထမ်းတပ်သား ကို----၏ ခန္ဓာကိုယ်မှ အချင်းတစ်လက်မခန့်၊ အရှည်သုံးလက်မခန့်ရှိ အမည်းရောင်အဖုံးပိတ်ပါ ပလတ်စတစ်ကော်ဘူးအတွင်း ဖြူ^ဝါရောင် စပ်ကြားအမှုန့်များပါ တစ်ဘူးကာလတန်ဖိုး ကျပ်ငွေ ၄၀ဝ၀ဝ၊ ခရမ်းရောင် ဂက်စ်မီးခြစ်တစ်လုံး၊ ဗြက်တစ်လက်မခန့် အရှည်နှစ်လက်မခန့်ရှိ ခဲပြားတစ်ခု ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကသာမြို့ ကသာအကျဉ်းထောင်ဝန်ထမ်း ကို---ဆို သူအား ကသာမြို့မရဲစခန်းက မယ(ပ) ၃၅^၂၀၁၉၊ မူး^စိတ် ပုဒ်မ ၁၆(ဂ)^၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment