Saturday, May 18, 2019

အပစ်ရပ်စဲရေး အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ နှစ်ရက်ကြာဆွေးနွေးမည်

အစိုးရ၊ တပ်မတော်နှင့် ကချင်အဖွဲ့(KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုး ကန့်အဖွဲ့ (MNDAA) မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့တို့ အပစ် ရပ်စဲရေးဆိုင်ရာဆွေးနွေးပွဲကို မေလ ၂၄ ရက်နှင့် ၂၅ ရက်၌ ကျင်းပရန် နှစ်ဖက်သဘောတူ သတ်မှတ်နိုင်ပြီဖြစ်ကြောင်း ဆွေး နွေးပွဲဖြစ်မြောက်ရေးဆောင်ရွက် နေသည့် ငြိမ်းချမ်းရေးဆွေးနွေး ရေး အကျိုးဆောင်အဖွဲ့(PCG)မှ ဦးဆန်းအောင်က ပြောသည်။ ‘‘ရက်ကတော့ သတ်မှတ်နိုင် ပါပြီဗျ။ ၂၄၊ ၂၅ ရက်မှာပေါ့။ နေ ရာကိုတော့ အတည်မပြုသေးဘူး’’ ဟု ဦးဆန်းအောင်က မေလ ၁၆ ရက်တွင် ပြောသည်။

အစိုးရ ငြိမ်းချမ်းရေးဆွေး နွေးရေးကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းလက်နက်ကိုင်လေး ဖွဲ့သည် ဧပြီ ၃၀ ရက်က မူဆယ်၌ တွေ့ဆုံဆွေးနွေးခဲ့ရာ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို Bilateral Ceasefire Agreement ဟု ခေါ် သည့် နှစ်ဦးနှစ်ဖက်အပစ်ရပ်စဲ ရေးစာချုပ် ချုပ်ဆိုဆောင်ရွက် ရန် သဘောတူညီခဲ့သည်။  ယင်း ဆွေးနွေးပွဲတွင် မြောက်ပိုင်းလေး ဖွဲ့က တစ်ဖွဲ့ချင်းစီ၏အပစ်ရပ်စာ ချုပ်မူကြမ်းကို အစိုးရကိုယ်စား လှယ်အဖွဲ့ထံပေးအပ်ပြီး ဆွေး နွေးပွဲကို  မေလအတွင်း  ကျင်းပ ရန်စီစဉ်ခဲ့သည်။

ယခုဆွေးနွေးပွဲကို  မြောက် ပိုင်းလက်နက်ကိုင်လေးဖွဲ့က မူ ဆယ်မြို့၌ ဆက်လက်ကျင်းပရန်  ဆန္ဒရှိနေပြီး အစိုးရဘက်က မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊မြစ်ကြီးနားမြို့တို့၌ ကျင်းပရန် အဆိုပြုထားရာ  ယင်းမြို့ငါးခုအနက် တစ်မြို့မြို့ ဖြစ်မည်ထင်ကြောင်း ဦးဆန်းအောင်က ပြောသည်။

ယခုကျင်းပမည့် ဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်အဖွဲ့တွင် တပ်မတော်ကိုယ်စားလှယ်များလည်း ပါဝင်လာမည်ဟု သိရကြောင်း၊ ဆွေးနွေးမှုအောင်မြင်ပါက အပစ်ရပ်စဲရေးသဘောတူ စာချုပ် လက်မှတ်ထိုးနိုင်ရေးအဆင့်အထိ ရောက်ရှိနိုင်ကြောင်းဦးဆန်းအောင်က ဆိုသည်။

အစိုးရထံ အဆိုပြုထားသည့် အပစ်ရပ်စာချုပ်မူကြမ်းတွင် နိုင် ငံရေးဆိုင်ရာဆွေးနွေးမှုများအ ဆင်ပြေစွာပြုလုပ်နိုင်ရေး ရည် ရွယ်သည့် အချက်များသာပါဝင် ကြောင်း တအာင်းလက်နက်ကိုင် အဖွဲ့(TNLA) အထွေထွေအတွင်း ရေးမှူး ဗိုလ်မှူးချုပ်တာဘုန်း ကျော်က ပြောသည်။

‘‘ဆွေးနွေးပွဲတွေ၊ ယုံကြည်မှု တွေ တိုးဖို့အတွက် အရင်ဆုံးအ ပစ်အခတ်ရပ်စဲဖို့လိုတယ်။ အပစ် အခတ်ရပ်စဲတဲ့အထဲမှာလည်း အ များကြီး မျှော်လင့်မထားဘူး။ လက်တွေ့ကျတဲ့ တိုက်ပွဲရပ်စဲဖို့ အဲဒါပဲ ကျွန်တော်တို့ ဦးတည်ပါ တယ်။ ဒါကြောင့်မို့ အပစ်အခတ် ရပ်စဲရေးစာချုပ်ထဲမှာ ဘာတွေပါ ရမယ်ဆိုတာမျိုး အများကြီးတော့ မထည့်ပါဘူး’’ ဟု ၎င်းကပြော သည်။ မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့အနက် AA အဖွဲ့သာလက် ရှိတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ် ပွားနေပြီး ကျန်အဖွဲ့များနှင့် တိုက် ပွဲဖြစ်ပွားမှု လျှော့ချထားနိုင်သည့် အခြေအနေဖြစ်သည်။ မြောက် ပိုင်းအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်း မှု အရှိန်မြှင့်လုပ်ဆောင်ရန်တပ်မတော်ကလည်း ဧပြီ ၃၀ရက် တွင် ကုန်ဆုံးခဲ့သည့် လေးလ ကျော်ကြာသက်တမ်းရှိ တစ်ဖက် သတ်အပစ်ရပ်စဲရေးကြေညာမှု ကို လာမည့် ဇွန်လ ၃၀ရက်အထိ နှစ်လကြာသက်တမ်းတိုးခဲ့သည်။

No comments:

Post a Comment