Saturday, May 18, 2019

မဟာဝိဇယရံသီ ပုထိုးတော်ကြီးအား အနေကဇာတင်လှူပူဇော်

Image may contain: outdoorမန္တလေး အမရပူရ မြို့တွင် တည်ထားကိုးကွယ်ပူဇော်ထားသည့် မဟာဝိဇယရံသီ ပုထိုးတော်ကြီးကို ယနေ့ ကဆုန်လပြည့်နေ့ စနေနေ့တွင် ဆရာတော် သံဃာတော်(၁၀၈၀) ပါးက အနေကဇာတိ သံသာရံ အစချီသည့် ဂါထာတော် ဖြင့် အနေကဇာတင်လှူပူဇော်ခဲ့ကြပါသည်။ အနေကဇာတင်ပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အမှူးပြုသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊အလှူရှင် အမရပူရ မြို့သစ်စီမံကိန်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် အပါအ၀င် ၇ ရက်သားသမီးအလှူရှင်များ တက်ရောက်ကြည်ညိုခဲ့ကြကြောင်း သိရသည်။ ယင်းနောက် ကဆုန်ညောင်ရေသွန်းပွဲကိုပါ ဆက်လက် ကျင်းပခဲ့ကြောင်းသိရသည်။

No comments:

Post a Comment