Saturday, May 18, 2019

ဘယ်လင်းလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ယခုနှစ်ကုန်တွင် တစ်နိုင်ငံလုံး လျှပ်စစ်လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းအထိ ပေးနိုင်မည်ဟုဆို

မန္တလေးတိုင်းဒေသ ကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင် မြို့နယ် ဘယ်လင်းကျေးရွာတွင် သဘာဝဓာတ်ငွေ့သုံး ဘယ်လင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်  ပွဲကို မေလ ၁၇ ရက်က ပြုလုပ် ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ခဲ့သည်။ လျှပ်စစ်ဓာတ်အား ၁၄၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံကို Independent Power Product(IPP) , Build -Operate -Own (BOO) စနစ်ဖြင့် နိုင်ငံ သားနှင့် နိုင်ငံခြားသားပိုင်ပူး ပေါင်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ် သည့် Power Gen Kyaukse Company Limited က လုပ် ဆောင်ခြင်း ဖြစ်သည်။ စီမံကိန်း ကို ၂၀၁၈ မေလက စတင်ပြီး ၁၁ လအကြာတွင် တည်ဆောက်ပြီး စီးခဲ့သည်။

‘‘လျှပ်စစ်ဓာတ်အားက နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အဓိ ကလိုအပ်ချက်ဖြစ်ပါတယ်။ အိမ် နီးချင်းနိုင်ငံတွေမှာ ၈၂ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်း၊ ၁၀၀ ရာခိုင်နှုန်း ထိ လျှပ်စစ်ကိုပေးနိုင်ပေမယ့် ကျွန်မတို့နိုင်ငံမှာ အခုချိန်ထိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်း မပြည့်သေးတာ တွေ့ရပါတယ်။ လျှပ်စစ်ဓာတ် အားပိုမိုရရှိဖို့ အများကြီးကြိုးစား ဖို့ လိုပါတယ်။ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်မတို့ အစိုးရကနေ လျှပ်စစ် ဓာတ်အားပေးလိုင်းသစ်တွေ ဖွင့် လှစ်ခြင်း၊ ဓာတ်အားပေးစက်ရုံ အသစ်တွေ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်လျက် ရှိပါတယ်’’ဟု ဖွင့်ပွဲမိန့်ခွန်းတွင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

ယခုဖွင့်လှစ်သည့် စက်ရုံမှာ အစိုးရသစ်လက်ထက်တွင် မန္တ လေးတိုင်းဒေသကြီး၌ လေးခု မြောက် ဖွင့်လှစ်သည့် ဓာတ်အား ပေးစက်ရုံ ဖြစ်သည်။

၎င်းတို့အစိုးရတာဝန်ယူ သည့် ၂၀၁၆ တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင် မှုသည် လိုအပ်ချက်၏ ၃၀ ရာခိုင် နှုန်းသာ ရှိရာမှ လက်ရှိတွင် ၅၀ ရာခိုင်နှုန်း ဖြည့်ဆည်းပေးနိုင်ပြီဖြစ်ပြီး ယခုနှစ်အကုန်တွင် ၅၀ ရာခိုင်နှုန်းအထိ ပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဘယ်လင်းဓာတ်အားပေး စက်ရုံမှ ထွက်ရှိလာသည့် လျှပ် စစ်ဓာတ်အားများကို မန္တလေးမြို့ စက်မှုဇုန်နှင့် အောင်ပင်လယ် ဓာတ်အားခွဲရုံများသို့ ၉၀ မဂ္ဂါဝပ် နှင့် ကျောက်ဆည်ခရိုင်အတွင်း ကျေးရွာ၊  ရပ်ကွက်များသို့   ၅၅ မဂ္ဂါဝပ်ဖြန့်ဖြူးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝင်းခိုင်က ပြောသည်။

စက်ရုံ၏ စက်တပ်ဆင်အင် အားမှာ စုစုပေါင်း ၁၄၇ ဒသမ ၇၆၈ မဂ္ဂါဝပ်ဖြစ်ပြီး ထုတ်လုပ်နိုင် မည့် ဓာတ်အားပမာဏမှာ ၁၄၅ မဂ္ဂါဝပ်ဖြစ်ကာ တစ်နှစ်ထုတ်လုပ် နိုင်မှု ယူနစ်သန်းပေါင်း ၁,၀၂၀ ဖြစ်သည်။ ဘယ်လင်းသဘာဝဓာတ် ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံ ကိန်းသည် ရွှေကမ်းလွန်သဘာဝ ဓာတ်ငွေ့မှ တစ်ရက်လျှင် သဘာ ၀ဓာတ်ငွေ့ကုဗပေသန်း ၃၀ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း ဖြစ်သည်။

No comments:

Post a Comment