Saturday, May 18, 2019

ဝေးလံခေါင်သီသော ဒေသရှိ နိုင်ငံ့ဝန်ထမ်းများအတွက် ဒေသစရိတ်ခံစားခွင့်ထုတ်ပြန်

မြန်မာနိုင်ငံတွင် မြို့ ၂၆ မြို့၊ ကျေးရွာအုပ်စုတစ်ထောင်ကျော်နှင့် ကျေးရွာနှစ်ရွာကို ဝေး လံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများအဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့က တိုးမြှင့်သတ်မှတ် ကာ ဝန်ထမ်းများအတွက် ဒေသ စရိတ်ခံစားခွင့်ကို အုပ်စုသုံးခုခွဲ ခြားသတ်မှတ်ခဲ့သည်။ ယင်းအုပ်စုသုံးခုမှာ လူမှု ရေးသင့်တင့်သောဒေသများ၊ လူ မှုရေးခက်ခဲသော ဒေသများနှင့် လူမှုရေးအခက်ခဲဆုံး ဒေသများ ဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက မေလ ၈ ရက်တွင် အမိန့်ကြော်ငြာစာထုတ်၍ သတ် မှတ်ခြင်းဖြစ်သည်။



ယခင်က ဒေသစရိတ်ခံစား ခွင့်ရနေသည့် မြို့ ၉၈ မြို့၊ ကျေး ရွာအုပ်စု ၂,၀၅၆ အုပ်စုတို့ဖြစ်ပြီး ယခု တိုးမြှင့်ခံစားခွင့်စရိတ်များကို ၂၀၁၉ မေလ လစာက စတင်၍ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း အ မိန့်ကြော်ငြာစာတွင် ရေးသားထားသည်။

ခွဲခြားသတ်မှတ်ခဲ့သည့် အုပ် စုသုံးစုတွင် လူမှုရေးအသင့်အ တင့်ခက်ခဲသော ဒေသအတွက် အနည်းဆုံး ကျပ် ၉၁,၂၀၀ မှ အ များဆုံး ကျပ် ၁၁၆,၆၀၀ ထိလည်း ကောင်း၊ လူမှုရေးခက်ခဲသော ဒေသအတွက် အနည်းဆုံး ကျပ် ၉၈,၄၀၀ မှ အများဆုံး ကျပ် ၁၂၃,၂၀၀ ထိလည်းကောင်း၊ လူမှုရေးအခက်ခဲဆုံး ဒေသအတွက် အနည်းဆုံး ကျပ် ၁၀၅,၆၀၀ မှ အများဆုံး ကျပ် ၁၂၉,၈၀၀ ထိလည်းကောင်း ခွင့်ပြုပေးထားသည်။

ရခိုင်ပြည်နယ်တွင် ဝေးလံ ခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသအဖြစ် မောင်တော၊ ဘူးသီးတောင်နှင့် မာန်အောင်မြို့များကို သတ်မှတ်ထားသည်။

No comments:

Post a Comment