Saturday, May 18, 2019

ရေနံပိုက်လိုင်းများကို ဒရုန်းဖြင့် တိုက်ခိုက်ရန်အီရန်အမိန့်ပေးခဲ့ဟု ဆော်ဒီအာရေဗျစွပ်စွဲ

အီရန်နိုင်ငံသည် ဆော်ဒီအာရေဗျ၏ ရေနံစုပ်တင်ရာနေရာများကို တိုက် ခိုက်ရန်အမိန့်ပေးခဲ့သည်ဟု ဆော်ဒီ ဒုတိယကာကွယ်ရေးဝန်ကြီးက မေ ၁၆ ရက်တွင် စွပ်စွဲပြောကြားလိုက်ပြီး အီရန်မဟာမိတ် ဟူသီပြည်သူ့စစ်များက အဆိုပါတိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ကြေညာသည်။ ဟူသီတို့က မေ ၁၄ ရက် ဒရုန်းများ ဖြင့် အနောက် - အရှေ့ရေနံပိုက်လိုင်းအား တိုက်ခိုက်မှုမှာ ၎င်းတို့ဖြစ်သည်ဟု ပြော ကြားလိုက်ပြီး ၎င်းတို့မှာ ဆော်ဒီ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များကို တိုက်ခိုက်နေသည်မှာ လေးနှစ်ခန့်ကြာပြီ ဖြစ်သည်။ ဟူသီတို့၏တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊သို့သော် ရေနံထုတ်လုပ်မှု သို့မဟုတ် တင်ပို့မှုကို မထိခိုက်ကြောင်း ဆော်ဒီအာရေဗျက ပြောသည်။



အီရန်နိုင်ငံသည် အဆိုပါတိုက် ခိုက်မှုများကို ညွှန်ကြားခဲ့ခြင်းမရှိဟု ဟူသီဦးစီးတော်လှန်ရေးကော်မတီအကြီးအကဲ မိုဟာမက်အလီက ငြင်းဆိုလိုက်သည်။ ထို့ပြင် ဟူသီပြည်သူ့စစ်များအား လက် နက်များထောက်ပံ့နေမှုကိုလည်း အီရန်နိုင်ငံက ငြင်းဆိုလိုက်သည်။

ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များသည် အနောက်နိုင်ငံများထံမှ ထောက်လှမ်းရေးသတင်းနှင့် လက်နက် များရယူပြီး လေကြောင်းတိုက်ခိုက်မှုများကို ဟူသီတို့ထိန်းချုပ်ထားသည့် ဆာနာမြို့တွင်းနှင့်ဝန်းကျင်ကို မေ ၁၆ ရက်က ပြုလုပ်ခဲ့ကြသည်ဆို၏။

No comments:

Post a Comment