Saturday, May 18, 2019

YBS ယာဉ်များအဆင်ပြေစေရန် CNG ဆိုင် ၁၀ ဆိုင်ကျော်ကို ၂၄ နာရီ ဖွင့်လှစ်ပေး

YBS ယာဉ် များဂက်စ်ဖြည့်ရာတွင် ပိုမိုအဆင်ြေ ပစေရေးအတွက်၂၄ နာရီမပေး နိုင်သည့် CNG ၁၀ဆိုင်ကျော်ကို ၂၄ နာရီပေးရန်အချိန်ထပ်တိုးပေး လိုက်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် CNG ဆိုင် ၄၁ ဆိုင်ရှိပြီး ၁၀ ဆိုင် မှာ တက္ကစီများအတွက် ဂက်စ်ဖြည့် ပေးနေပြီး ကျန် ၃၁ ဆိုင်အနက် ဆိုင် ၂၀ သာ YBSယာဉ်များကို၂၄ နာရီဂက်စ်ဖြည့်ပေးနိုင်ခဲ့ကြောင်း ယခုအခါဂက်စ်ဖြည့်ချိန်ပိုမိုကြာ မြင့်မှုအခြေအနေကို လျော့ချနိုင် ရန် ကျန် ၁၁ ဆိုင်ကိုပါ ၂၄ နာရီ ဂက်စ်ဖြည့်ရန် အချိန်ထပ်တိုးပေး လိုက်ခြင်းဖြစ်ကြောင်း YRTA မှ တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ပြော သည်။



မေ ၁၅ ရက်ကYRTA ရုံးချုပ် တွင်ပြုလုပ်သည့်မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ဦးလှ အောင်က မီဒီယာများမေးမြန်း မှုကို အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

""၄၁ ဆိုင်မှာ ၁၀ ဆိုင်က တက္ကစီ ပေးတယ်။ ကျန် ၃၀ မှာ ၂၀ လောက်က ၂၄ နာရီပေးနိုင် တယ်။ကျန်ဆိုင်အားလုံးကို ၂၄ နာရီပေးနိုင်အောင် အချိန်တိုးမြှင့် ပေးခြင်းနဲ့ ဆောင်ရွက်ပေးထားပါ တယ်။ အချို့မီးစက်အားနည်းတဲ့ ဆိုင်တွေမှာ နိုင်ငံခြားကမီးစက် တိုက်ရိုက်မှာယူတပ်ဆင်နေတဲ့ ဆိုင် တွေလည်းရှိပါတယ်။ အဲဒီလိုဖြေ ရှင်းပေးနေပါတယ်""ဟု ၄င်းက ပြောသည်။

ယင်းသို့အချိန်တိုးမြှင့်ပေး နိုင်ရန် YRTA နှင့် ရန်ကုန်တိုင်း ဒေသကြီး မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ် သုံးသဘာဝဓာတ်ငွေ့လုပ်ငန်းတို့ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

လျှပ်စစ်မီးမကြာခဏပြတ် တောက်မှုကြောင့် ဂက်စ်ဖြည့်ချိန် ပိုမိုကြာလာသဖြင့် YBS ယာဉ်ရာ ခိုင်နှုန်း ၃၀ခန့်လိုင်းမထွက်နိုင် ကြောင်း သိရသည်။

CNGဆိုင်များရှိ ပန့်များနှင့် ဂက်စ်ဖြည့်သည့်စနစ်အားလုံးကို လျှပ်စစ်ကိုအခြေခံထားသဖြင့် လျှပ်စစ်မီးပြတ်လျှင် မီးစက်များ မောင်းကာ ဆောင်ရွက်ရကြောင်း မီးစက်များဖြင့် ဆောင်ရွက်ခြင်း သည် လျှပ်စစ်စွမ်းအားလောက် ပြည့်ဝမှုမရှိသဖြင့် YBS ယာဉ်များ ဂက်စ်ဖြည့်ရန် စောင့်ဆိုင်းရမှုမှာ ကြာမြင့်နေရခြင်းဖြစ်ကြောင်း သိရ သည်။

""ကားတွေသည် မီးပျက်တာ နဲ့မီးစက်တွေနှိုးရတော့ ထည့်တဲ့ အချိန်မှာကြာတယ်။ အချို့ ခုနစ် နာရီတန်းစီရတယ်။ ဖြည့်တာမိနစ် ၂၅၊ ၃၀ ပဲကြာတယ်။ ကားများစွာ ရှိနေချိန်မှာ နှစ်စီးရှိရင် တစ်နာရီ ဖြစ်တယ်။ အဲဒီလိုဖြစ်လို့ ကြန့် ကြာတာဖြစ်ပါတယ်}}ဟု ဦးလှ အောင်က ပြောသည်။

ယာဉ်လိုင်းပေါင်း၁၀ဝရှိပြီး လက်ရှိဖြစ်ပေါ်နေသော အခက် အခဲမှာ CNG မလုံလောက်ခြင်း ကြောင့် မဟုတ်ဘဲ လျှပ်စစ်ပြတ် တောက်မှုကြောင့်ဖြစ်ကြောင်း သိ ရသည်။

No comments:

Post a Comment