Saturday, May 18, 2019

အမေရိကန်တွင် လေ့ကျင့်ရေး တိုက်လေယာဉ်တစင်း ပျက်ကျ

အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ မေလ ၁၆ ရက်က လေ့ကျင့်ရေးလုပ်နေတဲ့ F-16 တိုက်လေယာဉ်တစင်း ကုန်လှောင်ရုံတခုထဲ ပျက်ကျခဲ့ပါတယ်။ တိုက်လေယာဉ် ပိုက်လော့ဖြစ်သူ အရေးပေါ် ခုန်ထွက်နိုင်ခဲ့ပေမယ့် မြေပေါ်က လူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ စစ်ဘက် တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီသတင်းနဲ့ပတ်သက်လို့ MARCH BASE တပ်မှူးဖြစ်သူက တိုက်လေယာဉ်ပေါ်ကနေ အရေးပေါ် ခုန်ထွက်တဲ့ ပိုင်းလော့နဲ့ မြေပြင် ဒဏ်ရာရသူတွေကို ဒေသဆေးရုံ ပို့ဆောင်ထားပြီး သူတို့အခြေအနေကို မသိရသေးဘူးလို့ ပြောပါတယ်။



လော့စ်အိန်ဂျလိစ် သတင်းဌာနကတော့ တိုက်လေယာဉ်ပျက်ကျတဲ့အတွက် အသေးစားမီးလောင်မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

KCAL-TV ကတော့ အဆောက်အအုံကြီးထဲမှာ အပေါက်တခုဖြစ်သွားပုံကို ပြသခဲ့ပါတယ်။

တိုက်လေယာဉ်ပျက်ကျပြီးနောက်မှာ ပြည်နယ်ဖြတ်လမ်းမ အမှတ် ၂၁၅ ကို အသွားအပြန် လမ်းကြောနှစ်ခုစလုံး ပိတ်ခဲ့တယ်လို့ ကယ်လီဖိုးနီးယား အဝေးပြေးလမ်း ကင်းလှည့်အဖွဲ့က ဆိုပါတယ်။

တိုက်လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

No comments:

Post a Comment