Saturday, May 18, 2019

နွေစပါးပေါ်ချိန် စပါးဈေးကျလို့အစိုးရကူညီပေးဖို့အတွက် ဆန်စပါးအသင်းချုပ်တောင်းဆို

ယခုနှစ် နွေစပါးပေါ်ချိန်မှာ စပါးဈေးကျဆင်းမှုတွေဖြစ်နေတာကြောင့် တောင်သူလယ်သမားတွေအနေနဲ့ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က ဒီကနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ ပြီးခဲ့တဲ့နှစ်က စပါးဈေးနှုန်းဟာ ငါးသိန်းကျပ်ကနေ ခုနှစ်သိန်း ကျပ်လောက် ရှိခဲ့ရာကနေ ယခုနှစ်မှာတော့ လေးသိန်းကျော် သာရှိတော့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောပါတယ်။



ဒီလို စပါးဈေးကျရတာဟာ နယ်စပ်က အရောင်းအဝယ်နည်းတာအပြင် ပြည်ပ တင်ပို့မှု ကျဆင်းတာ ကြောင့် ပါဝင်တယ်လို့ သိရပါတယ်။

ဒီလို စပါးဈေး ကျလာနိုင်တာကို အစိုးရအဖွဲ့ကို တင်ပြထားပေမယ့် အကောင်အထည်ဖော်ဆောင်ရွက်ပေးမှု အားနည်းတယ်လို့ ဦးနေလင်းဇင်က ဆိုပါတယ်။

စပါးဈေးကျတာကို ကုစားနိုင်ဖို့အတွက် ဆန်းစပါးအသင်းချုပ်က စပါးတွေကို ကွင်းဆင်းဝယ်ယူနေပေမယ့် သိုလှောင်ရုံအခက်အခဲရှိတာ ၊ အစိုဓာတ်ရှိနေတဲ့ စပါးတွေကိုအခြောက်ခံဖို့အခက်အခဲ ရှိနေတာတွေကြောင့် လုပ်ငန်းတွင်ကျယ်မှု အားနည်းနေတယ်လို့သိပါတယ်။

ဆန်စက်တွေ၊ ကုမ္ပဏီတွေအနေနဲ့ တတ်နိုင်သမျှ ကြိုးစားဝယ်ယူပေးနေပေမယ့် လက်ရှိအခြေအနေဟာ ပုဂ္ဂလိက သက်သက်ဖြင့် ဆောင်ရွက်လို့မရသာကြောင့် အစိုးရကလည်း ပါဝင်ကူညီပေးဖို့လိုတယ်လို့လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်ထားပါသေးတယ်။

ဒါအပြင် မေလ ဒုတိယပတ်အတွင်းက ဒုတိယ သမ္မတ နဲ့တွေ့ဆုံရာမှာ ဈေးကွက် တိုးမြှင့်ရှာဖွေပေးဖို့နဲ့ ငွေကြေးဆိုင်ရာအကူအညီပေးဖို့ အပြင် လိုအပ်နေတဲ့အကူအညီတွေကို တင်ပြ ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆိုထားပါတယ်။

No comments:

Post a Comment