Saturday, May 18, 2019

မလေးရှားတွင် ဘီယာအတုသောက်၍ မြန်မာလုပ်သားခုနစ်ဦး သေဆုံး အရက်၊ ဘီယာ မသောက်ရန် မြန်မာအဖွဲ့အစည်းများ သတိပေး

မလေးရှားနိုင်ငံတွင် ဘီ ယာအတုများသောက်၍ ရက် ၂၀ အတွင်း မြန်မာလုပ်သား ခုနစ် ဦး သေဆုံးပြီး နှစ်ဦးဆေးရုံတွင် ကုသမှုခံယူနေသည်။ ဧပြီ ၂၄ ရက်မှ မေလ ၁၁ ရက်အတွင်း ဖြစ်ပွားခြင်းဖြစ်ပြီး မြန်မာလုပ်သားများက KING PRIESTS နှင့် MARTNES အ မှတ်တံဆိပ်များပါ ဘီယာအတု များ သောက်မိ၍ သွေးအန်သေ ဆုံးခြင်းဖြစ်ကြောင်း မလေးရှား အခြေစိုက် ကပုန်းခုနစ်ရက်သား သမီး နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောသည်။



‘‘ဒီတစ်ခါ ဘီယာအတုတွေ ထွက်နေတာ။ လက်ရှိအချိန်ထိ ခုနစ်ယောက်ရှိနေပြီ။ ဘင်္ဂလား တစ်ယောက်လည်း သေတယ် ကြားတယ်’’ဟု ဦးစန်းဝင်းကပြောသည်။

မေလ ၁၁ ရက်က မလေး ရှားနိုင်ငံ ပဲရပ်ပြည်နယ်တွင် အ လုပ်လုပ်ကိုင်နေသော မန္တလေး တိုင်း တောင်သာမြို့နယ် မင်း တည်းကျေးရွာနေ အသက် (၂၃) နှစ်အရွယ် ကိုမျိုးမင်းခိုင်သည် ဘီ ယာအတုသောက်၍ သွေးအန် သေဆုံးခဲ့ကြောင်း ဦးစန်းဝင်းက ပြောသည်။

ဧပြီ ၃၀ ရက်ကလည်း ပဲရပ် ပြည်နယ်တွင် အလုပ်လုပ်ကိုင်နေသော အသက်(၄၀)အရွယ် ကိုအောင်သည် ဘီယာအတုများ သောက်၍ အီပို့ဆေးရုံတွင် သေ ဆုံးခဲ့သည်။

ဧပြီ ၂၄ ရက်ကလည်း အီပို့ မြို့တွင် အလုပ်လုပ်ကိုင်သော မြန်မာလုပ်သားနှစ်ဦး ဘီယာအ တုသောက်၍ သွေးအန်ပြီး သေ ဆုံးခဲ့ကြောင်း ဦးစန်းဝင်းကပြော သည်။

မလေးရှားရောက် မြန်မာ လုပ်သားများ အရက်၊ ဘီယာများ မသောက်ရန်နှင့် အကယ်၍ သောက်သုံးပါက လိုင်စင်ရ အ မှတ်တံဆိပ်ပါ အရက်၊ ဘီယာ များသာ သောက်သုံးရန် မြန်မာ အဖွဲ့အစည်းများက သတိပေး သည်။

ဘီယာအတုများသောက်၍ လူသေဆုံးမှုများဖြစ်ပေါ်နေသော ပဲရပ်ပြည်နယ်ရှိ အရက်၊ ဘီယာ ရောင်းချသော ဆိုင်များကို မလေး ရှားရဲတပ်ဖွဲ့က ဝင်ရောက်စစ် ဆေးနေကြောင်း မြန်မာအဖွဲ့အ စည်းများက ပြောသည်။

မလေးရှားနိုင်ငံတွင် ၂၀၁၈ စက်တင်ဘာကလည်း အရက် အတုသောက်၍ မြန်မာလုပ်သား ၁၇ ဦးအပါအဝင် စုစုပေါင်း ၃၀ ဦး သေဆုံးခဲ့သည်။ ထို့အပြင် အ ရက်အတုသောက်၍ မြန်မာလုပ် သားဆယ်ဂဏန်းခန့် ဆေးကုသမှု ခံယူရပြီး ၎င်းတို့အနက် နှစ်ဦး မျက်စိကွယ်ခဲ့သည်။

အရက်တုကြောင့် သေဆုံး သူများသည် မလေးရှားနိုင်ငံက လန်းဗယ်လီဒေသရှိ ဆိုင်များမှ ဝယ်ယူလာသော Mandalay Whiskey, Kingfisher ဘီယာနှင့် Grand Royal Whiskey တံဆိပ် ပါ အရက်တုသုံးမျိုးကို သောက် သုံးခြင်းဖြစ်ကြောင်း မလေးရှား ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။  အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ အရက်တုများ ထုတ်လုပ် သော စက်ရုံတစ်ရုံကို မလေးရှား ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာ အရက်တုထုတ်လုပ်သော မြန်မာ နိုင်ငံသားငါးဦး အပါအဝင် စုစု ပေါင်းကိုးဦးကို ဖမ်းဆီးခဲ့သည်။

No comments:

Post a Comment