Saturday, May 18, 2019

အမြင့်ပေ ၃၀ ရှိ သစ်ပင်ပေါ် သတိမေ့နေသူကို မီးသတ်တပ်ဖွဲ့ ကယ်တင်

Image may contain: one or more people, sky and outdoorကျောက်ကုန်းမြို့နယ်မှာ အမြင့်​ပေ ၃၀ လောက်ရှိ သစ်​ပင်​ပေါ် သစ်ကိုင်းတက်​ခုတ်​တဲ့ သစ်ပင်ခုတ်သူ သတိလစ်သွားလို့ မီးသတ်တပ်ဖွဲ့က ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်​ခရိုင်​၊​ ကျောင်းကုန်း မြို့နယ်​၊ အမှတ်​ ၂ ရပ်​ကွက်​၊ ကျန်​စစ်​သား ၁ လမ်းမှာ အမြင့်​ပေ ၃၀ လောက်ရှိရှိ မ​လေးရှားပိ​တောက်​ပင်​အား သစ်​ကိုင်း တက်​ခုတ်သူ ကိုမြင့်အေးဟာ သစ်​ပင်​ပေါ်​ သတိလစ်​​ခဲ့တာဖြစ်ပြီး မြို့နယ်​ မီးသတ်​ တပ်​ဖွဲ့ဝင်​တွေက သက်​စွန့်​ကြိုးပမ်း ကယ်​တင်​​နိုင်​ခဲ့ပြီး၊ မြို့နယ်​ကြက်​​ခြေနီ လူနာတင်​ယာဉ်​နဲ့ ပြည်​သူ့​ဆေးရုံ ပို့​ဆောင်ပေးခဲ့ပါတယ်။ “အခုအခါ လူနာမှာ အသက်​အန္တရာယ်​ စိုးရိမ်​စရာ မရှိ​တော့ပါဘူး။ ရှာ​ဖွေကယ်​ဆယ်​ အမှန်​တကယ်​​ဆောင်​ရွက်​ခဲ့​တဲ့ မြို့နယ်​ မီးတပ်​ဖွဲ့ဝင်​တွေအား အထူး​ကျေးဇူးတင်​ရှိပါ​တယ်” လို့ အမှတ်​ ၂ ရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူးက​ပြောပါတယ်။

No comments:

Post a Comment