Saturday, May 18, 2019

အရှိန်​မထိန်းနိုင်​ဘဲ မျက်​နှာချင်းဆိုင်​တိုက်​မိ

Image may contain: 1 person, outdoor၁၇.၅.၂၀၁၉ ရက်နေ့၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ဒေါင်းနေတံတားအတက်တွင်မ​ကွေးမြို့နယ်ဘက်​မှ ​ချောက်​မြို့နယ်ဘက်​သို့ ​မောင်းနှင်လာ​​သော ခရီးသည်​တင်​ယာဉ်​နှင့်​​ချောက်မြို့နယ်ဘက်​မှ မ​ကွေးမြို့နယ်ဘက်​သို့ ​မောင်းနှင်​လာ​သော ခရီးသည်​တင်​ယာဉ်​တို့သည် အ​ကွေ့တွင်​ အရှိန်​မထိန်းနိုင်​ဘဲ မျက်​နှာချင်းဆိုင်​တိုက်​မိမှုဖြစ်​ပွားကြောင်း ၁၃း၁၅ အချိန်သတင်း ရရှိသဖြင့်​ မ​ကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှသ​န္ဓေ (၁၈)ဦးနှင့်​ရေနံ​ချောင်းမြို့နယ်မီးသတ်စခန်းမှ  သ​န္ဓေ(၁၀) ဦး၊ သူနာတင်​ယာဉ်​ (၂) စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်​ (၁) စီး၊ မီးငြှိမ်းသတ်​ယာဉ်​(၁) စီး၊ အုပ်​ချုပ်​မှုယာဉ်​ (၁) စီး​တို့ဖြင့် သေဆုံးသူ ကျား(၁)ဦး၊ မ(၁)ဦး၊ ဒဏ်ရာရရှိသူ ကျား(၅)ဦး (မစိုးရိမ်ရ)၊ ကျား(၃)ဦး (စိုးရိမ်ရ)နှင့် မ(၂)ဦး(မစိုးရိမ်ရ)တို့အား မကွေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်

No comments:

Post a Comment