Saturday, May 18, 2019

အကျင့်ဖောက်ပြန်မှုများကို ဆက်လက်ပိုက်ထွေး မထားဘဲ ရဲရဲဝံ့ဝံ့ရှင်းထုတ်ရန် ဌာနဆိုင်ရာများကို တိုက်တွန်း

ဌာနဆိုင်ရာများအတွင်း အကျင့်ဖောက်ပြန်မှုများကို ဆက်လက်ပိုက်ထွေး မထားဘဲ ရဲရဲဝံ့ဝံ့ရှင်းထုတ်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ယနေ့ တိုက်တွန်းလိုက်သည်။ေ နပြည်တော် GrandAmara ဟိုတယ်တွင် ကျင်းပ ပြုလုပ်သည့် အများပြည်သူ အကျိုးထုတ်ဖော် သတင်းပေးသူများအား အကာအကွယ်ပေးရေး ဥပဒေမူကြမ်း အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲတွင် အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။



“ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ရေးနဲ့ အင်စတီကျူးရှင်းများ ဖြောင့်မတ်တည်ကြည်မှုရှိပြီး ညီညွတ်ခိုင်မာတောင့်တင်းစေရန်အတွက်ကျနော်တို့ဟာအလုပ်ဌာနတိုင်းမှာ အကျင့်ဖောက်ပြန်မှုတွေကို ဆက်လက်ထွေးပိုက်ထားလို့ မရတော့ပါဘူး။ ရဲရဲဝံ့ဝံ့ရှင်းထုတ်ကြရမှာ ဖြစ်ပါတယ်”၎င်းက ပြောသည်။

ထို့အပြင် ဖြောင့်မတ်တည်ကြည်မှုက အကျင့်ဖောက်ပြန်မှုအပေါ် အနိုင်ရအောင် လုပ်နိုင်မှသာလျှင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် အဆင့်တိုင်းတွင်ထိရောက်သော၊ တာဝန်ယူမှုရှိသော၊ အားလုံးပါဝင်နိုင်သော အင်စတီကျူးရှင်များကို တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့သည်။

“အဂတိလိုက်စားမှု ပုံစံ အမျိုးမျိုးကို စဉ်ဆက်မပြတ် လျော့ချရန် ဆိုရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတစ်ခုတည်းနဲ့ မလုံလောက်ဘဲ တိကျသော သတင်းအချက်များဖြင့် ထုတ်ဖော် သတင်းပေးနိုင်သူများကို တစ်ဖက်မှ လုံလောက်သော အကာအကွယ်များပေးပြီး တစ်ခြားတစ်ဖက်မှလည်း ထိရောက်တဲ့ ဆုချီးမြင့်မှုများဖြင့် အားပေးအသိအမှတ်ပြုမှုများ လုပ်နိုင်ဖို့လိုပါတယ် ” ဟု ၎င်းက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ ကတိက၀တ်များအပေါ်လေးစားလိုက်နာမှုရှိသည့် အနေနှင့်ရော မြန်မာနိုင်ငံ၏ ရေရှည်ဖွံဖြိုးတိုးတက်မှု စီမံကိန်းအောင်မြင်ရေးအတွက် လိုအပ်ချက်တစ်ရပ်ကို ဖြည့်ဆည်းပေးသည့် အနေဖြင့် ထုတ်ဖော်သတင်းပေးသူများ အကာအကွယ်ပေးရေး ဥပဒေတစ်ရပ် လိုအပ်ကြောင်းလည်း ၎င်းက တင်ပြခဲ့သည်။

No comments:

Post a Comment