Saturday, May 18, 2019

ဆုံးဖြတ်ချက်တွေ ချဖို့ အရမ်းနောက်ကျသွားရင် မြစ်တွေအတွက် ဆိုးကျိုးတွေ ပိုများလာရန်သာရှိသည်

အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ရေချိုသတ္တ၀ါမျိုး စိတ် ပမာဏဟာ ၈၃ ရာခိုင်နှုန်းအ ထိ လျော့ကျသွားပြီး ကုန်းနေနဲ့ ပင်လယ်သတ္တ၀ါတွေရဲ့ လျော့ ကျသွားမှု ပမာဏက နှစ်ဆကျော်အထိ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဟာ အဲဒီမျိုးစိတ်တွေ ရှင်သန် ကျက်စားနေထိုင်တဲ့ မြစ်တွေ၊ ကန်တွေကို ကာကွယ်ဖို့ မကြိုး စားဘဲ ဘာကြောင့် ပျက်ကွက်ခဲ့ သလဲဆိုတာ အံ့သြစရာပါပဲ။

ဧရာဝတီနဲ့ သံလွင်မြစ်ကြီး တွေဟာ နိုင်ငံသားတွေ နေ့စဉ် စားသောက်ဖို့ လိုအပ်တဲ့ဆန်စပါး နဲ့ ငါးတွေကို ဖြည့်ဆည်းပေးနေ တာ ကျွန်တော်တို့အားလုံးအသိ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံသားတွေ ရဲ့ ဘ၀ရှင်သန်မှုကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံရဲ့ အသက်သွေးကြော တွေကို ဘာလို့ကာကွယ်ထိန်း သိမ်းဖို့ မလုပ်နိုင်ကြသေးတာလဲ ဆိုတာကတော့ အံ့သြစရာပါပဲ။ ဧရာဝတီ၊ သံလွင်နဲ့ ကမ္ဘာအနှံ့က မြစ်တွေရဲ့ ကံကြမ္မာကို သတ်မှတ် ဖို့အတွက် အရေးကြီးတဲ့ အချိန်ကို ရောက်နေပါပြီ။ အရမ်းနောက်မကျသေးခင်မှာ ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ တန်ဖိုးကို အပြည့်အ၀ နားလည်ဖို့နဲ့ အကာအကွယ်ပေး ဖို့ လိုပါတယ်။

ပထမဆုံးအနေနဲ့ သိပ္ပံပညာ ရှင်တွေဟာ သူတို့လေ့လာတွေ့ ရှိထားတဲ့ ကမ္ဘာ့မြစ်တွေရဲ့ အခြေ အနေကို နိုင်ငံတကာသိပ္ပံပညာ ဆိုင်ရာ ဂျာနယ်တစ်ခုဖြစ်တဲ့ Nature ကနေတစ်ဆင့် အကျယ် တ၀င့် နှိုင်းယှဉ်ပြသခဲ့ပါတယ်။ တွေ့ရှိချက်တွေအရ ၁,၀၀၀ ကီ လိုမီတာထက် ပိုရှည်တဲ့ မြစ်တွေရဲ့ ၃၇ ရာခိုင်နှုန်းသာလျှင် မြစ် ကြောင်းတစ်လျှောက် လွတ်လပ် စွာစီးဆင်းနေနိုင်ပြီး ၂၃ ရာခိုင် နှုန်းသာလျှင် ပင်လယ်ထဲကို အ တားအဆီးမရှိဘဲ စီးဆင်းနေနိုင် ပါတော့တယ်။

အဲဒီမြစ်တွေထဲက အများစု ကတော့ လူသူအရောက်အပေါက် နည်းသေးတဲ့ အာတိတ်၊ အမေဇုန် နဲ့ ကွန်ဂိုမြစ်ဝှမ်းတို့မှာ တည်ရှိပါ တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက တော့ တခြားဒေသတွေနဲ့ မတူတဲ့ အနေအထားအရ ဧရာဝတီနဲ့ သံ လွင်မြစ်နှစ်စင်းကို ပိုင်ဆိုင်နေပါ တယ်။ အဲဒီမြစ်နှစ်စင်းဟာ အပူ ပိုင်းအာရှဒေသရဲ့ နောက်ဆုံး ကျန်ရှိတဲ့ အတားအဆီးမရှိဘဲ စီး ဆင်းနေနိုင်ဆဲ မြစ်ကြီးတွေ ဖြစ် ကြပါတယ်။

မြစ်တွေဟာ လူသားတွေအ တွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ စားနပ်ရိက္ခာဖူလုံမှုနဲ့    တခြား ကောင်းကျိုးများစွာကို ပေးပါ တယ်။ ကမ္ဘာတစ်ဝန်းက လူဦးရေ နှစ် ဘီလီယံဟာ သောက်ရေအ တွက် မြစ်တွေအပေါ် မှီခိုနေပြီး ကမ္ဘာ့အစားအစာ ထုတ်လုပ်မှုရဲ့ ၂၅ ရာခိုင်နှုန်းဟာလည်း မြစ်တွေ ဆီကနေ ဆည်မြောင်းသွယ်ယူပြီး စိုက်ပျိုးထုတ်လုပ်နေရတာပါ။ ဒါ့အပြင်    မြစ်တွေထဲကနေ နှစ်စဉ်   ဖမ်းမိတဲ့  တန်ချိန် ၁၂ သန်း လောက် အနည်းဆုံးရှိတဲ့ ရေချို ငါးတွေဟာ သန်းရာနဲ့ချီတဲ့ လူသားတွေအတွက် အစားအစာ နဲ့ အသက်မွေးဝမ်းကျောင်းလုပ် ငန်းတွေကို ထောက်ပံ့ပေးနေပါ တယ်။ မြန်မာနိုင်ငံမှာ ဧရာဝတီနဲ့ သံလွင်မြစ်တို့က မြစ်ဝကျွန်းပေါ် ဒေသကို မြေသြဇာကောင်းမွန်စေ သလို ထူးခြားတဲ့ ဇီဝမျိုးစိတ်တွေ ကို ထိန်းသိမ်းပေးတဲ့အပြင် ဆိုင် ကလုန်း မုန်တိုင်းတွေကို ကြားခံ အဖြစ် တားဆီးပေးတဲ့ ရေဝေရေ လဲဒေသတွေအတွက်လည်း အ ထူးအရေးပါပါတယ်။

ဒါပေမဲ့ အဲဒီမြစ်ကြီးတွေဟာ အကြီးအကျယ် ခြိမ်းခြောက်ခံနေ ရပါတယ်။ လေ့လာတွေ့ရှိချက် တွေအရ ဆည်တွေဟာ မြစ်တွေ ရဲ့ ချိတ်ဆက်စီးဆင်းမှုကို လျော့ ကျစေပါတယ်။ ဆည်တွေဟာ မြစ်တွေရဲ့ သဘာဝအတိုင်း ပုံ မှန်စီးဆင်းမှုကို ပြောင်းလဲစေပြီး မြစ်တွေကို အပိုင်းပိုင်း ပြတ် တောက်သွားစေပါတယ်။ မြစ်အ တွင်း နေထိုင်နေတဲ့ မျိုးစိတ်တွေ ရဲ့ လွတ်လပ်စွာ ရွှေ့ပြောင်းသွား လာမှုကို တားဆီးပြီး ရေ၊ မြေသြ ဇာနဲ့ နုန်းမြေစီးဆင်းမှုကိုလည်း အဟန့်အတား ဖြစ်စေပါတယ်။ ဒါက သဘာဝဂေဟစနစ်ကို အ ရည်အသွေး နိမ့်ကျစေပြီး သဘာ ၀ကို မှီခိုနေရတဲ့ လူသားတွေကို တိုက်ရိုက်ထိခိုက်စေပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ရေအား လျှပ်စစ်ထုတ်လုပ်ရေးအတွက် တည်ဆောက်ဆဲ(သို့မဟုတ်) တည်ဆောက်ရန် အဆိုပြုထားတဲ့ ဆည်အရေအတွက် ၃,၇၀၀ ကျော်အ ထိ ရှိနေလို့ ရေအားလျှပ်စစ်ဆည် တွေ အပြိုင်းအရိုင်းပေါ်ထွက်လာ မယ့် အနေအထားရှိနေပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ဆည် အရေအတွက် ၇၀ ကျော်လောက် ကို တည်ဆောက်ဖို့ အဆိုပြုထား ပါတယ်။

လာမယ့်နှစ်တွေမှာ ဆောက် လုပ်ရေးလုပ်ငန်းတွေနဲ့ ရာသီဥတု ပြောင်းလဲလာခြင်းရဲ့ အကျိုးဆက်တွေက မြစ်တွေအပေါ် ဖိအားတွေပိုများပြားလာနိုင်ပါတယ်။ အပူ ချိန်မြင့်တက်လာမှုက မိုးရွာသွန်း မှုနဲ့ စီးဆင်းမှုပုံစံ၊ ရေအရည်အ သွေးနဲ့ ဇီဝမျိုးစိတ်တွေကို ထိခိုက် စေပြီး ဆည်တည်ဆောက်မှုတွေ ကြောင့် မြစ်တွေအပိုင်းပိုင်း ပြတ် တောက်မှုကို ဆက်လက်ဖြစ်နေ စေမှာ ဖြစ်ကာ နုန်းပို့ချမှုနဲ့ ရေချို မျိုးစိတ်တွေ သွားလာစီးဆင်းမှု ကိုလည်း အဟန့်အတား ဖြစ်စေ မှာပါ။

ဆိုးကျိုးသက်ရောက်မှုတွေ ရဲ့ ဥပမာတွေကို ဝေးဝေးမှာ ရှာ ကြည့်ဖို့ မလိုပါဘူး။ ဆည်တည် ဆောက်သူတွေဟာ ဆိုးကျိုးတွေ ကို လျော့နည်းစေဖို့ ကတိပေးခဲ့ ပေမယ့် ဗီယက်နမ်နိုင်ငံအတွင်း တည်ရှိတဲ့ မဲခေါင်မြစ်ဝကျွန်းပေါ် ဟာ ပင်လယ်ရေမျက်နှာပြင် မြင့် တက်လာမှုနဲ့ သဲအမြောက်အမြား ထုတ်ယူရာမှ ကမ်းပါးပြိုမှုတွေ ကြောင့် အလျင်အမြန် ရေအောက်နစ်မြုပ်ပျောက်ကွယ် သွားနေပါ ပြီ။ သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်း မှုအရ အဲဒီမြစ်ဝကျွန်းပေါ်ဒေသရဲ့ တစ်ဝက်ကျော်ဟာ ရာစုနှစ်ကုန် ခန့်မှာ ရေအောက်မြုပ်သွားနိုင် ခြေရှိပြီး သန်းနဲ့ချီတဲ့ လူသားတွေ ရဲ့ အသက်မွေးဝမ်းကျောင်းလုပ် ငန်းတွေကိုလည်း ခြိမ်းခြောက်နေ ပါတယ်။

မြန်မာနိုင်ငံက ဆည်တွေရဲ့ ဆိုးကျိုးကလည်း သိသာစပြုလာ နေပါပြီ။ ဒါပေမဲ့ ဥပမာတစ်ခု ပေးရရင် မန္တလေးတိုင်းဒေသကြီး က ရဲရွာရေလှောင်တမံ စတင် တည်ဆောက်ချိန်ကစပြီး လက်ရှိ အချိန်အထိ ဆည်အတွင်းမှာရှိတဲ့ ငါးမျိုးစိတ် သုံးပုံနှစ်ပုံလောက် ပျောက်ကွယ်သွားတာကို သတိ ထားမိသူ အနည်းငယ်မျှသာ ရှိပါ တယ်။

ကံကောင်းတာကတော့ မြန်မာနိုင်ငံအတွက် မျှော်လင့် ချက်တွေ ကျန်ရှိနေပါသေးတယ်။

ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပျက်ခဲ့ တဲ့ အတိတ်ကအမှားတွေကို သင် ခန်းစာယူသင့်ပါတယ်။ WWF နဲ့ The Nature Conservancy တို့ ပူးပေါင်းပြုစုထားတဲ့ အစီရင်ခံစာ Connected & Flowing မှာ လွတ်လပ်စွာစီးဆင်းနေဆဲ မြစ် တွေကို မထိခိုက်စေဘဲ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို အသုံး ပြုခြင်းအားဖြင့် ရာသီဥတုပြောင်း လဲမှု ပြဿနာတွေကို ဖြေရှင်းနိုင် ပုံတွေကို ဖော်ပြထားပါတယ်။

မြစ်တွေကို ထိန်းသိမ်းပြီး လူ သားတွေရဲ့ လိုအပ်ချက်ကို ဖြည့် ဆည်းနိုင်တဲ့ သဘာဝနဲ့ အနာဂတ် မျိုးဆက်သစ်တွေအတွက်ပါ အ ကာအကွယ်ပေးထားတဲ့ ဆောက် လုပ်မှုပုံစံတွေနဲ့ တည်ဆောက် လို့ ရပါတယ်။ နေ၊ ရေ စတဲ့ လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်တဲ့ ပြန် လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်း အမြစ်များကို ထည့်သွင်းစဉ်းစား ခြင်း၊ ဂေဟစနစ် ကောင်းမွန်စေ ရေး၊ ဒေသခံတို့ရဲ့ အသက်မွေး ၀မ်းကျောင်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုတို့ကို ဖြစ်ပေါ်စေမယ့် ရေ ရှည်တည်တံ့တဲ့ အခြေခံအ ဆောက်အအုံများ တည်ဆောက် ခြင်းစတဲ့ အချက်တွေကို စနစ်တ ကျ အစီအစဉ် ရေးဆွဲပြင်ဆင် ထားဖို့ လိုပါတယ်။

ဥပမာအားဖြင့် ရေအားလျှပ် စစ် ထုတ်လုပ်တဲ့ဆည်တွေဟာ သဘာဝပတ်ဝန်းကျင်နဲ့လူမှုဘ၀ တွေအပေါ် သက်ရောက်မှုအမြဲ ရှိပြီး အထူးသဖြင့် အပူပိုင်းဒေသ မြစ်တွေမှာပိုပြီး ဆိုးကျိုးသက် ရောက်လေ့ ရှိပါတယ်။ မကြာ သေးခင်က လေ့လာတွေ့ရှိချက် အရ ပျမ်းမျှအားဖြင့် ဆည်တည် ဆောက်မှုတွေရဲ့ ၉၆ ရာခိုင်နှုန်း ဟာ ခန့်မှန်းအသုံးစရိတ်ထက် အ များအပြား ပိုမိုကုန်ကျသုံးစွဲရလေ့ ရှိပြီး ၄၄ ရာခိုင်နှုန်းဟာ သတ် မှတ်ချိန်ထက် နောက်ကျပြီးမှ လုပ်ငန်းပြီးစီးလေ့ ရှိပါတယ်။

နေအားနဲ့ လေအားကနေ တစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုရဲ့ ကုန်ကျစရိတ်တွေ ဟာ သိသိသာသာ ကျဆင်းလာမှု ကြောင့် လွတ်လပ်စွာစီးဆင်းနေ တဲ့ မြစ်ကြောင်းတွေ၊ မြစ်ကြောင်း တစ်လျှောက်နေထိုင်တဲ့ လူ့အဖွဲ့ အစည်းတွေ၊ မြို့တွေ၊ မြစ် ကြောင်းသယ်ယူပို့ဆောင်ရေး၊ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းတွေကို ထိခိုက်မှုမရှိစေဘဲ    ကြီးမားတဲ့ နိုင်ငံ့ စွမ်းအင်လိုအပ်ချက်ကို မြန်မာနိုင်ငံအနေနဲ့ ဖြည့်ဆည်း လာနိုင်ပါပြီ။

ကျွန်တော်တို့အနေနဲ့ ဧရာ ၀တီနဲ့ သံလွင်တို့လို အလွန်အ ရေးပါတဲ့ မြစ်ကြီးတွေကို ကာ ကွယ်ဖို့အတွက် ဒီထက်ပိုပြီး မသိ ကျိုးကျွန်ပြုနေဖို့ မသင့်တော့ပါ ဘူး။

မြန်မာပြည်သူတွေအတွက် အဓိကအရေးကြီးတဲ့အချက်က တော့ နိုင်ငံ့အသက်သွေးကြော တွေ ဖြစ်ကြတဲ့ ဧရာဝတီနဲ့ သံ လွင်မြစ်တွေကို လွတ်လပ်စွာ ဆက်လက်စီးဆင်းနေနိုင်အောင် ထိန်းသိမ်းလုပ်ဆောင်ဖို့ပဲ ဖြစ်ပါ တယ်။ အစိုးရ၊ လူမှုအဖွဲ့အစည်း တွေနဲ့ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေ က နိုင်ငံ့အဖိုးတန်အမွေအနှစ် တွေကို အတူတကွ ထိန်းသိမ်း စောင့်ရှောက်ကြရမှာဖြစ်ပြီး ဒါ က မြန်မာပြည်သူတွေအတွက် သာမက အနာဂတ်မျိုးဆက်သစ် တွေအတွက်ပါ မှန်ကန်တဲ့ ဆုံး ဖြတ်ချက်တစ်ခု ဖြစ်လာမှာပါ။

No comments:

Post a Comment