Saturday, May 18, 2019

ညီညာထကြွ ထောင်ဆူကြ

အချစ်ရေ ××× နေလို့မှ ကောင်းရဲ့လား ××× ထောင်ထဲမတော့ ငါ အိုကေ ××× အချစ်ရေ ××× ကို လိုက်ဖ်လွှင့်ပေးတာ ကြည့်ပြီး ×× × အိပ်ရေးပျက်နေပြီလား ××× အချစ်ရေ ××× သနပ်ခါးလေးလှ အောင် လူးပြီးရင် ××× ဗီဒီယို ကောလ်လေးခေါ်ပေါ့ကွယ် ×××
အင်း...မလိုသူတွေ ပြောနေ ကြရဲ့၊ မကြားချင်မှ အဆုံးပေါ့။ မြန်မာပြည် လူ့အခွင့်အရေးဆုံး ရှုံးနေတယ်တို့၊ အကျဉ်းထောင် တွေမှာ အကျဉ်းသားအခွင့်အရေး ဆုံးရှုံးနေတယ်တို့။ ညှပ်ကြီးတို့ တော့ မယုံပေါင်။ အလကား  မိုးလုံးပြည့်မုသာဝါဒတွေ။ ဟိုလူ တွေ လိမ်နေသည်၊ ဒီလူတွေ ရန် တိုက်ပေးနေသည်လို့ပဲ မှတ်တာ။ ဘော်ဒါ ဘာညာသာရကာလမ်း ကြောင်းကောင်းလို့များကတော့ အကျဉ်းထောင်ဆိုတာ ပယင်း ဆောင်လို လိုတရရုံမက အကျိုး ဆောင်တွေနဲ့ ဘာညာကွိကွ အ ကုန်ရတဲ့ အရပ်ကွဲ့။

တွေ့ဖူးမှာပေါ့။ တချို့တ လေများ ထောင်က ထွက်လာ တယ်သာဆိုတယ်၊ ပြင်သစ်နိုင်ငံ နေပယ်လ်ကမ်းခြေမှာ အပန်းဖြေ ပြီး ပြန်လာသလားမှတ်ရတယ်။ အသားအရေတွေက စိုလို့ပြည် လို့၊ လှလို့ပလို့၊ ဝလို့ဖြိုးလို့၊ ဗိုက် ကြီးတွေကို ရွှဲလို့၊ ပါးစုန့်ကြီးတွေ မောက်လို့၊ အကျဉ်းထောင်တချို့ အပြုအစုကောင်းပုံများ ပြောပါ တယ်။ အဆက်အသွယ်ကောင်း၊ ဒါမှမဟုတ် ရေလေး ဘာလေး လောင်းနိုင်လို့များကတော့ စား သောက်ဆိုင်လေး ဘာလေး သွား ထိုင်မလား၊ အနုပညာလေး ဘာ လေး ခံစားနိုင်အောင် တဖြည်း ဖြည်း နူးညံ့တဲ့ နှလုံးသားလေးဖြစ် လာအောင် ကေတီဗီလေး ဘာ လေး သွားဟဲဦးမလား၊ အညောင်းပြေ အညာပြေ မာဆတ်လေး ဘာလေး ကျန်းမာရေးအတွက် သွား ဦးမလား၊ သားမေ့မယားမေ့မဖြစ် အောင် ခဏတစ်ဖြုတ် အိမ်ပြန်နားခိုဦးမလား၊ ငွေသာပေါ သဘောရှိပါဆိုသလို အကျဉ်းသားဆိုတာ ဒင်္ဂါးသာ အဓိကတဲ့။

ကြားဖူးတာတွေ ပြန်ပြော တာပါ။ ညှပ်ကြီးကတော့ ယုံပါ ဘူး။ အကျဉ်းထောင်ဆိုတာ စအို ဖြဲ၊ လက်နဲ့ဆွဲပြီး သားဖွားခန်း ရောက် မိန်းမညှပ်ဆွဲသလို မူးယစ် ဆေးဝါးတစ်လုံးစ၊ နှစ်လုံးစတောင် ရအောင် ဖော်ထုတ်တဲ့ နေရာ၊ ကြည့်မှန်တစ်ချပ်ပေါ် ဆောင့်ကြောင့်ထိုင်ပြီး စအိုမီးထိုး လက် ညှိုးနဲ့ နှိုက်ရှာတဲ့ နေရာ။ မလိုသူတွေ ပြောတာဖြစ်မှာ။ ညှပ်ကြီးက တော့ မယုံပါဘူး။ ဒီကြားထဲ ပြောကြသေးတယ်၊ ထောင်ထဲ ရောက်နေတဲ့ ခင်ပွန်းသည် ယောက်ျား တွေ သက်သက်သာသာလေးနေ ရအောင်၊ နေရာကောင်းလေးမှာ နေရအောင် သက်ဆိုင်ရာအလိုက် ထောင်ဝင်စာ ပို့ရင်း ပါလာတဲ့ စမူဆာလေး၊ အီကြာကွေးလေး၊ ပေါက်စီလေး ဖဲ့ဖဲ့ပြီး ကျွေးရသေး သတဲ့။ ညှပ်ကြီးကတော့ ယုံပါ ဘူး။

သူများနိုင်ငံတွေမှာ ထောင် ကျပြီဆိုတာနဲ့ ပြစ်မှုအမှားတွေရဲ့ ဒုက္ခကို သိရှိခံစား၊ စာနာတတ် လာအောင် အမူအကျင့်ပြောင်းမှ ဖြစ်တော့မယ်ဆိုတဲ့ အသိမျိုးနဲ့ နောင်ကြဉ်သွားအောင်၊ ပြီးတော့ ထောင်က လွတ်ရင် အပြင်မှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက် ဖို့ ပညာရပ်တစ်ခုခု သင်ကြားပေး လိုက်တယ်ဆိုရဲ့။ ဒီမှာတော့ ထောင်ကျပြီဆိုတာနဲ့ အကျင့်ပျက် ဝန်ထမ်းတချို့ရဲ့ လုပ်ရပ်တွေ ကြောင့် ငွေရဲ့တန်ဖိုးကို ပိုသိလာကြပေါ့။ ဒါကြောင့် ထောင်က ထွက်ပြီဆိုတာနဲ့ ငွေရရင်ပြီးရော ရိုက်လုရမလား၊ ဓားပြတိုက်ရမ လား၊ လူသတ်ရမလား။ ပိုပိုပြီး လက်ရဲဇက်ရဲ ဖြစ်လာကြတယ် ထင်တာပဲ။ စိတ်ကို ကြံ့ခိုင်အောင် လုပ်မပေး၊ စာရိတ္တကို ပြင်မပေး တော့ အရက်ကြောင့် မှားယွင်းခဲ့ သူက အရက်ဆိုင်ကို တန်းပြေး၊ မူးယစ်ဆေးဝါးသမားက မူးယစ်ဆေးဝါးပြန်သုံး၊ နဂိုကမှ စာရိတ္တခြေမခိုင်လို့ ထောင်ကျခဲ့ကြသူ တွေ သူတို့တွေ့ခဲ့ရတဲ့ ဝန်ထမ်းကြီး၊ ငယ်တချို့ရဲ့ အကျင့်ပျက်ခြစားမှုတွေကိုပဲ အားကျသင်ယူခဲ့ သလို ဖြစ်နေခဲ့ပေါ့။

အင်း...အခုလည်း ကြည့် လေ။ သမ္မတကြီးက လွတ်ငြိမ်း ချမ်းသာခွင့် သုံးကြိမ်တိတိနဲ့ အ ကျဉ်းသားတချို့ လွှတ်ပေးလိုက် တယ်။ သမ္မတဆိုတာ ထောင်နဲ့ မဆံ့အောင် တစ်နေ့တခြား များ များလာတဲ့ အကျဉ်းသားတွေရဲ့ ပြစ်မှုမှတ်တမ်း ဘယ်ဖတ်နေနိုင် ပါ့မလဲ။ သူ့အလုပ်မှ မဟုတ်တာ။ တကယ်လို့ ဖတ်ရမယ်ဆိုရင် လည်း ဒီသမ္မတသက်တမ်းမပြော နဲ့၊ နောက်ထပ် ငါးနှစ်သက်တမ်း ရရင်တောင် လုံလောက်မယ်မ ထင်ဘူး။ တိုင်းပြည်အုပ်ချုပ်ဖို့ မပြောနဲ့၊ လက်သည်းညှပ်ဖို့၊ မုတ် ဆိတ်ကျင်စွယ်ရိတ်ဖို့တောင် အချိန်ရမှာမဟုတ်ဘူး။ သက်ဆိုင်ရာ ဌာနတွေ၊ တာဝန်ရှိသူတွေရဲ့ တာ ဝန်ပေါ့။ ခုတော့ ညီညာထကြွ ထောင်ဆူကြဆိုသလို မသိရင် လက်ကမ်းစာစောင်တွေများ ဝေ ထားသလားမှတ်ရတယ်။ တစ်ပြိုင်တည်း၊ တစ်သံတည်း၊ အံ့ကိုသြရော၊ ဒါမျိုးလုပ်လို့ ဘယ်ရပါ့မလဲ။ လက်ရှိအစိုးရအဖွဲ့ဝင်တွေဆိုတာလည်း ထောင်ဆားဗစ်အရ ပြောရရင် ကရာတေး ခါးပတ်နက် တွေချည်းပဲ။ ထောင်ထဲမှာ ဘယ် လိုနေရတယ်၊ ဘယ်လိုစည်းကမ်း လိုက်နာရတယ်ဆိုတာ စာလာမ သင်နဲ့၊ နင်သွားမယ်။

ဒီကြားထဲ ထောင်ဆူခြင်း အခမ်းအနားကို လိုက်ဖ်လွှင့်သူ က လွှင့်လို့။ ကြားရသလောက် တော့ ဝန်ထမ်းတစ်ယောက်က ခြောက်သောင်းတန် ဖုန်းကို သုံး သိန်းနဲ့ ရောင်းထားတာတဲ့။ တောင်းဆိုတဲ့ အချက် ခုနစ်ချက် ကို ကျန်တဲ့ထောင်တွေကလည်း တောင်းဆိုတယ်ဆိုတော့ အကျဉ်း ထောင်သားတွေအချင်းချင်း လင့်ခ်ချိတ်ထားတာ၊ အဆက်အသွယ်ရှိ တာ သေချာသလောက်ပဲ။ ဒါမှမ ဟုတ် နောက်ကွယ်က ဦးဆောင် ပေးနေသူတွေလည်း ရှိနေမလားပဲ။ အခု ထောင်ဆူတဲ့ ကိစ္စမှာလည်းလွတ်သင့်သူတွေ မလွတ်လို့တဲ့၊ အဂတိကိစ္စတွေရှိနေလို့တဲ့။ ကြား ရတာလေး ပြောရတာပါ။ ညှပ်ကြီးကတော့ အကြံပေးချင်ပါရဲ့၊ လွတ်သင့်ပါလျက်နဲ့ လွှတ်ပေးတဲ့အထဲ မပါတဲ့ နစ်နာသူတွေကို လွှတ်ပေး လိုက်၊ အဂတိလိုက်စားသူတွေကို ပြန်ထည့်လိုက်၊ သူ့ဟာနဲ့သူ ဟန်ကို ကျလို့။

အင်း... ဒါတွေရေးတော့ မိတ်ဆွေစာရေးဆရာ၊ ဒါရိုက်တာ ကိုရင်ရွှေကျီး လူမှုကွန်ရက်မှာ တင်ထားတဲ့ ဟာသလေးတစ်ခု သတိရမိတယ်။ တစ်ခါက နယ် မြို့လေးတစ်ခုမှာရှိတဲ့ ဂေါက် ကွင်းလေးမှာ တရားသူကြီးရယ်၊ ရဲမှူးကြီးရယ်၊ ရှေ့နေကြီးရယ်၊ ဥပဒေအရာရှိရယ် ဂေါက်ရိုက်ပြီး မောမောနဲ့ အရက်ထိုင်သောက် ကြသတဲ့။ အရှိန်လေးရလာတော့ ဘယ်ကဘယ်လို စကားစပ်သွား တယ်မသိ။ လက်မနဲ့ လက်ညှိုး ညှစ်အား ဘယ်လောက်သန်သလဲ သိအောင် သံပရာသီးညှစ်ပြိုင်ကြ သတဲ့။ ပြိုင်ကြပုံက စားသောက် ဆိုင်က အရွယ်တူသံပရာသီးလေး ခြမ်းတောင်းပြီး အကြမ်းပန်းကန် လေးလုံးထဲ အရည်ညှစ်ပြိုင်ကြ တယ်တဲ့။ အများဆုံးရသူ အနိုင် ပေါ့။ အားလုံးညှစ်ပြီးတဲ့ အချိန်မှာ အတူတူဖြစ်နေတော့ အနိုင် အရှုံးမပေါ်ဖြစ်နေတာပေါ့။ ဒီအချိန်မှာ တခြားဆိုင်မှာ သောက်မူးလာတဲ့ ထောင်ပိုင်ကြီး ရောက်လာပြီး သူလည်း ပြိုင်မယ်လုပ်ပါလေရော။ သံပရာသီးကလည်း ကုန်နေတော့ မပြိုင်ပါနဲ့ဆိုတော့လည်း တားမ ရ။ မူးမူးနဲ့ ပြိုင်မှာပဲ လုပ်နေတော့ တားမရတဲ့အဆုံး ညှစ်ပြီးသား သံပရာခွံလေးခုကို ပန်းကန်လုံး တစ်လုံးထဲ ညှစ်ခိုင်းလိုက်တယ်။ ထောင်ပိုင်ကြီးက သူများညှစ်ပြီး သား အခွံကို ညှစ်တာ အားလုံး ထက် ပိုနေသတဲ့။ ဒီတော့ ရဲမှူးကြီးရယ်၊ ရှေ့နေရယ်၊ ဥပဒေအ ရာရှိရယ်၊ တရားသူကြီးရယ် မတ်တတ်ရပ် အလေးပြုပြီး ထောင်ပိုင် ကြီးရယ် ကျွန်တော်တို့ညှစ်ပြီး သားကို ကျွန်တော်တို့ထက် ပို ညှစ်နိုင်လို့ ဆရာကြီးအဖြစ် တင်မြှောက်လိုက်ပါပြီလို့ ပြောရင်း...။

No comments:

Post a Comment