Saturday, May 18, 2019

နိုင်ငံခြားကုမ္ပဏီနှင့် ပူးပေါင်းရန် IKBZ ကုမ္ပဏီခွဲတစ်ခုကို ဖျက်သိမ်း လက်ရှိ အာမခံဝယ်ယူထားသူများနှင့် မသက်ဆိုင်ဟုဆို

 IKBZ အာမခံကုမ္ပဏီ က ကုမ္ပဏီခွဲတစ်ခုကို ဖျက်သိမ်း ခြင်းမှာ နိုင်ငံခြားကုမ္ပဏီနှင့် ပူးပေါင်းရန် ပြင်ဆင်ခြင်းဖြစ်ပြီး လက်ရှိ အာမခံဝယ်ယူထားသူများ နှင့် မသက်ဆိုင်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူအချို့က ပြောသည်။ IKBZ အထွေထွေအာမခံ လုပ်ငန်းကုမ္ပဏီလီမိတက်ကို မေ လ ၇ ရက်ကစတင် ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီး ကုမ္ပဏီမှရရန်နှင့် ပေးရန်ရှိသည်များကို သြဂုတ် ၇ ရက်နောက်ဆုံးထား၍ စာရင်း ရှင်းလင်းဖျက်သိမ်းရေး အရာရှိထံ ဆက်သွယ်ဆောင်ရွက်ကြရန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ယင်း IKBZ General In-surance ကုမ္ပဏီသည် လက်ရှိ ၀န်ဆောင်မှုပေးနေသော IKBZ  Insurance ကုမ္ပဏီ  မဟုတ် ကြောင်း၊ IKBZ General Insurance ကုမ္ပဏီလီမိတက် သည် ၂၀၁၈ တွင် လုပ်ငန်းလိုအပ် ချက်အရ ထပ်မံဖွဲ့စည်းခဲ့သော် လည်း ယခုအခါ လုပ်ငန်းများ ဆောင်ရွက်ခြင်း မရှိသဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ဖြစ်ကြောင်း IKBZ Insurance က မေလ ၁၇ ရက်တွင် ထုတ်ပြန် ထားသည်။

သို့ဖြစ်ရာ ပြည်သူများအနေ ဖြင့် မူလရှိရင်းစွဲ IKBZ Insuranceကုမ္ပဏီလီမိတက်၏ ၀န်ဆောင်မှုများကို ဆက်လက်အားပေးနိုင် ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

‘‘IKBZ General ဆိုတာ ဟိုး တုန်းက နာမည်ပဲလုပ်ခဲ့တာ။ မသုံးဘူး။ ကုမ္ပဏီအဟောင်းကြီး ကို ဖျက်လိုက်တာ။ လောလော ဆယ် IKBZ Insurance ပဲ သုံး တယ်။ နောက်ပြီး မကြာခင်မှာ ကုမ္ပဏီက နှစ်ခုခွဲဖို့ရှိတယ်’’ဟု IKBZ Insurance ၏ Public and Special Sales Department မှ လက်ထောက်အထွေထွေမန်နေ ဂျာ ဦးမောင်မောင်မြင့်က ပြော သည်။

နှစ်ပိုင်းခွဲရာတွင် အသက် အာမခံနှင့် အထွေထွေအာမခံ လုပ်ငန်းဖြစ်သည်ဟု ၎င်းကဆက် လက်ပြောကြားသည်။ အသက်အာမခံလုပ်ငန်းကို IKBZ ကိုယ်ပိုင် ဆောင်ရွက်မည်ဖြစ်သော် လည်း အထွေထွေအာမခံ လုပ် ငန်းတွင် နိုင်ငံခြားကုမ္ပဏီတစ်ခု က ရှယ်ယာ ၃၅ ရာခိုင်နှုန်း ပါဝင်လာနိုင်သည်ဟု ၎င်းက ပြောကြားသည်။

ဂျပန်  Mitsui Sumiti−mo Insurance နှင့် ပြည်တွင်းမှ IKBZ  တို့ပူးပေါင်း၍ အာမခံလုပ် ငန်းလုပ်ဆောင်မည်ဖြစ်ကြောင်း ဂျပန်ဘက်က သတင်းထုတ်ပြန် ထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန၏ ပြီးခဲ့သည့် ဇန်န၀ါရီ ၂ ရက် ကြေညာချက်အရ နိုင်ငံခြား ကုမ္ပဏီများသည် အသက်အာမခံ နှင့် အထွေထွေအာမခံလုပ်ငန်းဟူ ၍ နှစ်မျိုးလုပ်ကိုင်ခွင့်ရမည် ဖြစ် သည်။

အသက်အာမခံတွင် ရွေး ချယ်ခွင့်နှစ်ခုရှိပြီး တစ်ခုသည် နိုင် ငံခြားသား အာမခံကုမ္ပဏီအဖြစ် ၁၀၀ ရာခိုင်နှုန်းအပြည့် ဆောင် ရွက်နိုင်မည် ဖြစ်သည်။ အခြား တစ်ခုသည် ပြည်တွင်း၌ ကိုယ်စား လှယ်ရုံးဖွင့်လှစ်ထားသည့် နိုင်ငံ ခြားအာမခံကုမ္ပဏီနှင့် ပြည်တွင်း အသက်အာမခံ ကုမ္ပဏီတို့ ဖက် စပ်ဆောင်ရွက်နိုင်သည်။

အထွေထွေအာမခံတွင် နိုင် ငံခြားကုမ္ပဏီများကို ပြည်တွင်း ကုမ္ပဏီများနှင့်သာ ဖက်စပ်လုပ် ကိုင်ခွင့်ပြုမည် ဖြစ်သည်။

အစိုးရက ဟောင်ကောင် အခြေစိုက် AIA ကုမ္ပဏီ၊ အမေရိကန် အခြေစိုက် Chubb Tempest Reinsurance ကုမ္ပဏီ၊ ဂျပန်အာမခံကုမ္ပဏီ Dai Ichi Life Insurance၊ ကနေ ဒါအခြေစိုက် Manufacturers Life ကုမ္ပဏီ နှင့် Prudential ဟောင်ကောင်ကုမ္ပဏီတို့ကို ရာခိုင်နှုန်းပြည့် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပေးခဲ့သည်။  ထိုနိုင်ငံခြား ကုမ္ပဏီများသည် ၂၀၁၉ နှစ်ကုန်တွင် လုပ်ငန်းစတင်ခွင့်ရမည် ဖြစ်သည်။

No comments:

Post a Comment