Saturday, May 18, 2019

ပြည်တွင်းဈေးကွက်တွင် ဒေါ်လာတန်ဖိုး ပြန်ကျ

 ပြည်တွင်းငွေကြေးဈေး ကွက်တွင် ဒေါ်လာတန်ဖိုး နှစ်ပတ်ခန့် မြင့်တက်ပြီးနောက် မေလ ၁၇ ရက်တွင် တစ်ဒေါ်လာ ၁,၅၂၀ ကျပ်သို့ ပြန်လည်ကျဆင်းသည်။ မေလအတွင်း တစ်ဒေါ်လာ လျှင် ၁,၅၃၅ ကျပ်သို့ မြင့်တက် ပြီးနောက် ပြန်လည်ကျဆင်းခြင်း ဖြစ်ကြောင်း ငွေလဲဝန်ဆောင်မှု လုပ်ကိုင်သူအချို့က ပြောသည်။ မြန်မာနိုင်ငံတွင် ကန်ဒေါ် လာတန်ဖိုး ကျပ် ၁,၅၀၀ အထက်တွင် အတက်၊ အကျအနည်းငယ်သာရှိပြီး အများအားဖြင့် တည်ငြိမ်မှုရှိနေကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ဆိုသည်။



တန်ဖိုးအတက်၊ အကျ တစ်လအတွင်း ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းကြားသာရှိသည့် အခြေအနေမျိုးကို ၂၀၁၉ နှစ်ဆန်းက စတင်ကြုံတွေ့ရသည်ဟု ၎င်းတို့က ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်း သုံး ကုန်ကြမ်းပစ္စည်း တင်သွင်းမှု လျော့နည်းခြင်းကြောင့် ကုန် သွယ်မှုလိုငွေလျော့နည်းလာခြင်း ကလည်း ဒေါ်လာတန်ဖိုး တည် ငြိမ်ရေး အထောက်အပံ့ဖြစ်စေ သည်ဟု စီးပွားရေးပညာရှင်အ ချို့က ဆိုသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ် ရေးလိုငွေတန်ဖိုးသည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ခုနစ်လအတွင်း ကန် ဒေါ်လာသန်း ၈၀၀ ကျော်သာ ရှိပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလ တူထက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ လျော့နည်းခဲ့သည်။

ပြည်တွင်း  ငွေကြေးဈေး ကွက်တွင် ဒေါ်လာတန်ဖိုးက လဆန်းပိုင်းတွင် ဆက်တိုက်မြင့် တက်လေ့ရှိပြီး လကုန်ပိုင်း၌ အနည်းငယ်ပြန်လည် ကျဆင်းလေ့ ရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်  ဗဟိုအလုပ်အမှု ဆောင်ဦးမျိုးသူရအေးက ပြော သည်။ ဒေါ်လာတန်ဖိုး  ကျဆင်း သော်လည်း ပြည်တွင်းရွှေဈေးနှုန်း  တစ်ကျပ်သားလျှင် ၁,၀၅၂,၀၀၀ ကျပ်ဈေးရှိသည်။

No comments:

Post a Comment