Saturday, May 18, 2019

ကျေးဇူးရှင်များကို ကယ်တင်ပါ

‘‘ငါက ကယ်တင်ခံရဖို့ မထိုက် တန်ဘူးလား’’ သစ်ပင်သဏ္ဌာန် ကာတွန်း ရုပ်လေး မျက်ရည်များဝဲလျက် အ ထက်ပါ စာသားကို ပြောပြနေ ဟန် ပိုစတာလေးကို လူမှုကွန် ရက်တွင် တွေ့လိုက်ရသည်။ စာ သားကိုမြင်တော့ လူစည်ကားရာ နေရာများက ၀မ်းနည်းဖွယ်ရာမြင် ကွင်းအချို့ကို သတိရလိုက်မိ သည်။ ရန်ကုန်မြို့က လှည်းတန်း၊ ပန်းဆိုးတန်းကဲ့သို့သော နေရာ မျိုးတွင် စည်းကမ်းမဲ့ စီးပွားရေး၊ ကြော်ငြာ၊ ဗီနိုင်းများ အခါပေါင်း များစွာ ချိတ်ဆွဲကပ်ခြင်းခဲ့ရသည့် သံချောင်း အထပ်ထပ်၊ ဒဏ်ရာ အချက်ချက်နှင့် သစ်ပင်ကြီးများ။



‘‘သင်တန်းကြော်ငြာတွေ၊ အဆောင်ကြော်ငြာတွေ ဖြစ်သ လို သစ်ပင်တွေကို သံတွေနဲ့ ရိုက် ကပ်သွားကြတာ။ စာရွက်တွေက လေဒဏ်၊ မိုးဒဏ်နဲ့ ပြုတ်ကျ၊ လွင့်သွားပေမယ့် သစ်ပင်တွေက တော့ သံရာတွေနဲ့ ကျန်ခဲ့တာ ပေါ့’’ဟု ပန်းဆိုးတန်းအနီး လက် ပွေ့ရောင်းဈေးသည်တစ်ဦးက ဖွင့်ဟသည်။

ပိတောက်ပင်၊ ကုက္ကိုပင်၊ ညောင်ပင်မခွဲခြား။ မြို့တွင်းက သစ် ပင်ကြီးဟူသည် ဗီနိုင်းကပ်ရာ နေ ရာတစ်ခုအဖြစ်ပင် ရှုမြင်သူများလည်းရှိကြောင်း သူကဆိုသည်။ သစ်ပင်ကြီးများတွင် စာကပ်ကြော်ငြာခြင်းသည် အပြစ်လွတ်သည်၊  စာရွက်ဝေသူငှားရသည့် စရိတ် စက မကုန်၊ သစ်ပင်ရိပ်ခိုရင်း ကြော်ငြာဖတ်နိုင်သည်ဟု အတွေးရှိကြောင်းလည်း လှိုင်မြို့နယ်မှ ဒေါ်ခင်သူက သုံးသပ်သည်။

‘‘မြို့ထဲက သစ်ပင်ဆိုရင် ရစရာကို မရှိဘူး။ စတာပလာပင် တွေ၊ သံတွေနုတ်ပြီး ရောင်းစား ရင်တောင်သူဌေးဖြစ်လောက် တယ်’’ဟု သူကဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက လည်း တောင်ကြီးမြို့တွင် စီးပွား ရေးကြော်ငြာဗီနိုင်းများ ချိတ်ဆွဲမှု ကို ဒေသခံသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေသူ များက အပြင်းအထန် ကန့်ကွက် ခဲ့ကြဖူးသည်။ မြို့အတွင်း လူစည် ကားရာနေရာများ၊ တောင်ကြီး တက္ကသိုလ် အနီးအုတ်နံရံများ၊ အ ရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ ပတ်လမ်းနှင့် ရေထွက်ဦးလမ်းရှိ သစ်ပင်ကြီးများ၊ အုတ်တံတိုင်းနံ ရံများပေါ်တွင် စည်းကမ်းမဲ့ ကြော်ငြာများ ကပ်ထားသောကြောင့် မြို့ကို အကျည်းတန်စေသည်ဟု ထိုသူများက ဆိုသည်။

တောင်ကြီးမြို့ရှိ သစ်ပင်ကြီးများ၌ ကပ်ထားသော ကြော်ငြာဆိုင်းဘုတ်ဖော့ပြားများကို    စု ပေါင်းအမှိုက်ကောက်သည့်နေ့ များတွင် တွေ့ရှိလျှင် ဖြုတ်သိမ်း ခွာယူမှုများ တစ်နိုင်တစ်ပိုင်ပြု လုပ်ခဲ့ရကြောင်းလည်း ရှင်သန် ကမ္ဘာမြေအစိမ်းရောင်ကွန်ရက် အဖွဲ့ဥက္ကဋ္ဌ ဒေါ်ချယ်ရီကျော်က ပြောပြဖူးသည်။

မြို့ကြီး     ပြကြီးများတွင် သစ်ပင်၊ ပန်းမန်များ၏ အခန်း ကဏ္ဍကို မြှင့်တင်ရန် လိုအပ်နေ သည်ကို ကမ္ဘာ့နိုင်ငံအတော်များ များက လက်ခံထားကြပြီးဖြစ် သည်။ သာယာလှပသော စိမ်း လန်းစိုပြည်သည့် ၀န်းကျင်ကို ထိန်းသိမ်းနေရာပေးရန်လည်း ကြိုးပမ်းလုပ်ဆောင်လာသည်။

အိန္ဒိယနိုင်ငံတွင် အမိန့်အာ ဏာကြောင့်ပင်ဖြစ်စေ သစ်ပင် ကို ခုတ်ရန် အပထား၊ ထင်းအ တွက်ပင် ခုတ်ပစ်ခွင့်မရှိ။ ဟောင် ကောင်တွင် နှစ်ချို့သစ်ပင်ကြီး များကို မြို့၏ ပြယုဂ်တစ်ခုသဖွယ်၊ စနစ်တကျပြုစုစောင့်ရှောက်နေ သည်။ ဂျပန်နိုင်ငံတွင် နိုင်ငံ့ဂုဏ် ဆောင် ချယ်ရီပင်ကြီးများသည် အခွင့်ထူးခံအနေဖြင့် ရှင်သန်နေ ကြပြီ ဖြစ်သည်။

လေထုညစ်ညမ်းသော မြို့ ကြီးများတွင် ပါဝင်သည့် အိမ်နီး ချင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပင်လျှင် မြို့လယ်မှာ ပန်းခြံများကိုပိုနေရာပေးလာပြီး စိမ်းလန်းသောမြို့ပြဖြစ်ရေး အကောင်အထည်

စဖော်နေပြီ ဖြစ်သည်။ စင်ကာပူသည် ကမ္ဘာမှာ အစိမ်းလန်းဆုံးမြို့ကြီး တစ်မြို့ဖြစ်လာရေးအ တွက်      မြို့ပြပြန်လည်တည် ဆောက်ရေးသမားများနှင့် ၂၀၀၈ ကတည်းက အပြင်းအထန်ကြိုးစားဆောင်ရွက်နေသည်။

လက်ရှိတွင် စင်ကာပူသည် အထပ်မြင့် အဆောက်အအုံ များ၊ လမ်းဘေးဝဲယာသာမက လူကူးခုံးကျော်တံတားများတွင် ပင် သစ်များစိုက်ကာ စိမ်းလန်းစို ပြည်သည့် ပတ်ဝန်းကျင်ကိုဖော် ဆောင်ထားသည်။

လက်ရှိမြန်မာနိုင်ငံတွင် တော့ ရှိနှင့်ပြီးသား သစ်ပင်၊ သစ် တောများသည် တိုးပွားမလာဘဲ လူများ၏ မဆင်ခြင်မှုအောက် ၌ မရှုမလှဖျက်ဆီးခံနေရသည် မှာ ထွက်ပေါ်လာသည့် စစ်တမ်း အသီးသီးက သာဓကပင် ဖြစ် သည်။ လူသားများအတွက် လို အပ်လှသည့် သစ်ပင်ကြီးအချို့ သည် တောထဲတွင် မဆိုထားနှင့် မြို့ပြမှာပင် ဒဏ်ရာအပြည့်နှင့် ရှင်သန်နေရသည်။

ပြီးခဲ့သည့် ဖေ ဖော်ဝါရီတွင် NASA က ထုတ်ပြန်သော ဂြိုဟ် တုပုံရိပ်အရ ကမ္ဘာ့ဧရိယာအ ကျယ်ဆုံး  ၁၀ နိုင်ငံတွင် ပါဝင်သလို ကမ္ဘာပေါ်တွင် လူဦးရေအများ ဆုံး မြန်မာ့အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှာ နှစ်ပေါင်း ၂၀အတွင်း သစ်ပင်များစွာ စိုက်ပျိုးသဖြင့် မြန်မာထက်အဆပေါင်းများစွာစိမ်းလန်းနေပြီ ဖြစ်သည်။အဆိုပါ နှစ်နိုင်ငံတွင် အတိတ်မှအမှားများကို သင်ခန်းစာယူပြီး နှစ်ပေါင်း ၂၀ အတွင်း သစ်ပင်များစွာစိုက်ပျိုးခဲ့သဖြင့် သိသိသာသာ စိမ်းလန်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်မူ ၎င်းတို့နှင့်ဆန့်ကျင်ဘက်။

ယခုနှစ်သည် နိုင်ငံတစ်ဝန်းအပူဒဏ်ကို အပြင်းအထန်ခံစား နေရပြီး ဧပြီလကုန်အထိ မြို့ ၁၅ မြို့တွင် အပူချိန်စံချိန်ကျိုးခဲ့သည်။ ပြောင်းလဲလာသည့် ရာသီဥတု ကြောင့် အပူဒဏ်မြင့်တက်လာမှု ကို ရန်ကုန်အပါအ၀င် ဒေသခံ အသီးသီးတွင် သိသိသာသာ ခံစားနေရသည်။ ယင်းသည် သစ် ပင်များကို ထိန်းသိမ်းမှုနည်းလာ ခြင်းကြောင့်ဟုဆိုလျှင် ငြင်းရခက် ပေမည်။ အပင်များသည် ရာသီဥတုပြောင်းလဲခြင်းကို အန်တုနိုင်သည်။ လေထုကို သန့်ရှင်းစေသည်။ လူ သားများအတွက် မရှိမဖြစ် လိုအပ် သော အောက်ဆီဂျင်ကိုပေး  သည်။ ပတ်ဝန်းကျင်ကို အေးချမ်း စေသည်။ မြေဆီလွှာအတွင်း ရေ ဓာတ်ကုန်ဆုံးခြင်းကို ကာကွယ် နိုင်သည်။ သို့ဖြစ်ရာ လူသားများသည် အပင်များကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ကောင်းကျိုးခံစားနေရသည်။

‘‘ဂေဟစနစ် ပြောင်းလဲဖို့အ တွက် သစ်ပင်စိုက်ဖို့လိုတယ်။ နောက်တစ်ခုက ရှိပြီးသားသစ်ပင် တွေကို ထိန်းသိမ်းဖို့ကလည်း အ ရေးကြီးပါတယ်’’ဟု မြန်မာအစိမ်း ရောင်ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ဒေ၀ီ သန့်စင်က မှတ်ချက်ပြုထား သည်။

နေချင်စဖွယ်ကောင်းသော မြို့၊ ချမ်းသာသော မြို့ပြဟူသည် မိုးမျှော်တိုက်ကြီးများနှင့် ပြည့်နေ သော နေရာမဟုတ်။ အစိမ်း ရောင် သစ်ပင်၊ ရေကန်၊ တော အုပ်များ ၀န်းရံနေသော မြို့ပြဖြစ် လာသည်ဟုလည်း သဘာဝပတ် ၀န်းကျင်အရေး လှုပ်ရှားသူများ က မှတ်ချက်ပြုထားသည်။ သစ် ပင်များကို သက်တမ်းစေ့အသက် ရှူခွင့်ပေးမှ လူသားများလည်း အသက်၀၀ ရှူနိုင်မည် ဖြစ်သည်။ သစ်ပင်များကို တန်ဖိုးထားသော မြို့သည် ကောင်းမွန်သော ပတ် ၀န်းကျင်ကိုလည်း ဖန်တီးလာနိုင် မည် ဖြစ်သည်။ လူသားများ၏ မဆင်မခြင် မှုကြောင့် မိတ်ဆွေကောင်း သစ် ပင်များ မထိခိုက်စေလို။ သစ်ပင် များကို ခုတ်မိ၊ လျစ်လျူရှုမိခြင်း ၏ အကျိုးဆက်များကို ဆင်ခြင် သင့်ပါပြီ ။

No comments:

Post a Comment