Saturday, May 18, 2019

အမြန်လမ်းတွင် ဧပြီလအတွင်း ယာဉ်မတော်တဆမှု ၅၈ ကြိမ်ဖြစ်ပွားပြီး သေဆုံးသူကိုးဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၄၄ ဦးရှိခဲ့

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ပြီးခဲ့သည့် ဧပြီလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၅၈ ကြိမ် ဖြစ်ပွား၍ သေဆုံးသူ ကိုးဦး ထိခိုက်ဒဏ်ရာရရှိသူ ၁၄၄ ဦးအထိ ရှိခဲ့ကြောင်း နေပြည်တော်အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ “ဧပြီလက ဖြစ်တာက ၅၈ မှုဖြစ်တာက ၅၈ မှုမှာ သေတာက ကျားငါးယောက်၊ မလေးယောက်၊ ပေါင်း ကိုးယောက်၊ ဒဏ်ရာရတာက ကျား ၈၁ ယောက်၊ မ ၆၃ ယောက်၊ ပေါင်း ၁၄၄ ယောက်” ဟု ပြောကြားသည်။



ယာဉ်မတော်တဆမှုဖြစ်စဉ် ၅၈ ကြိမ်တွင် ယာဉ်များအား မဆင်မခြင်မောင်းနှင်ခြင်းကြောင့် ဖြစ်ပွားမှုနှုန်းပိုများခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ၃၁ မှု၊ ယာဉ်မောင်း အိပ်ငိုက်ခြင်းကြောင့် ၁၆ မှု၊ စက်ချို့ယွင်းခြင်းကြောင့် ၁၁ မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးပေါ်တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၄၃ ကြိမ်ဖြစ်ပွား၍ သေဆုံးသူ ငါးဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၅၉ဦး၊ ဖေဖော်ဝါရီလအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း အကြိမ် ၄၀ ဖြစ်ပွားခဲ့၍ သေဆုံးသူခုနစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၅၆ ဦး၊ မတ်လအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၅၁ ကြိမ်ဖြစ်ပွား၍ သေဆုံးသူ ၂၀ နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၁၃ ဦး၊ ဧပြီလအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၅၈ ကြိမ်ဖြစ်ပွား၍ သေဆုံးသူကိုးဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၄၄ ဦးရှိခဲ့ရာ ဧပြီလအတွင်း ယာဉ်မတော်တဆမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုနှုန်းမှာ ကျန်သုံးလအတွင်း ဖြစ်ပွားနှုန်းထက် ပိုများခဲ့ကြေင်း နေပြည်တော်အမြန်လမ်းမကြီး ရဲမှတ်တမ်းများအရ သိရသည်။

၂၀၁၉ ခုနှစ် လေးလတာအတွက် တစ်လချင်း ပျမ်းမျှယာဉ်မတော်တဆမှုနှုန်းမှာ ၄၈ ကြိမ်၊ တစ်လပျမ်းမျှ သေဆုံးမှုနှုန်းမှာ ၁၀ ဦး၊ တစ်လပျမ်းမျှ ထိခိုက်ဒဏ်ရာရရှိနှုန်းမှာ ၉၈ ဦးရှိခဲ့ကြောင်း သိရသည်၊။

အမြန်လမ်းမကြီးပေါ်တွင် ပြီးခဲ့သော ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ၁၂ လတာကာလအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၇၄၄ ကြိမ်ဖြစ်ပွား၍ သေဆုံးသူ ၁ရဝနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၃၀၄ ဦး၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ၁၂ လတာကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၅၅၅ ကြိမ်ြဖစ်ပွား၍ သေဆုံးသူ ၁၁၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၆၃ ဦးနှင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလကုန် အထိ ယာဉ်မတော်တမှုပေါင်း ၄၇၄ ကြိမ်ဖြစ်ပွားခဲ့ရာ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၁၀၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၈၈၄ ဦးရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment