Saturday, May 18, 2019

ပညာတတ်များကို ခွင့်ပြုသည့် လူဝင်မှုကြီးကြပ်ရေးစနစ်အဖြစ် ပြောင်းလဲလိုဟု ထရမ့် ပြော

အမေရိကန်နိုင်ငံမှာ မိသားစုဝင်ရှိလို့ ခွင့်ပြုတာထက် ငယ်ရွယ် ပညာတတ်၊ အင်္ဂလိပ်စကားပြောတတ်ပြီး အလုပ်ခေါ်စာနဲ့အတူ လျောက်ထားသူတွေကို ခွင့်ပြုတဲ့ လူဝင်မှု ကြီးကြပ်ရေးစနစ်ကို ပြောင်းလဲလိုတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။ သမ္မတ ထရမ့်ရဲ့ ဒီအစီအစဉ်ဟာ လူဝင်မှုကို လက်ခံလိုတဲ့ ရီပတ်ဘလီကန် တချို့နဲ့ ကန့်သတ်လိုတဲ့ တခြားလူတွေကို ၂၀၂၀ သမ္မတ ရွေးကောက်ပွဲ မတိုင်မီ စည်းလုံးညီညွတ်စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။



လက်ရှိ အမေရိကန်နိုင်ငံကို နှစ်စဉ်ပြောင်းရွှေ့ခွင့်ပြုတဲ့ လူဦးရေ ၁ ဒသမ ၁ သန်းရဲ့ သုံးပုံနှစ်ပုံလောက်ဟာ မိသားစုဝင်ရှိတဲ့အပေါ် အခြေခံပြီး green card လို့ ခေါ်တဲ့ အမြဲနေထိုင်ခွင့်ကို ထုတ်ပေးတာဖြစ်ပါတယ်။

ထရမ့်အဆိုပြုတဲ့ “အရည်အချင်းအခြေပြု လူဝင်မှု ကြီးကြပ်ရေးမူဝါဒ” ဟာ ကနေဒါ နိုင်ငံမှာ အသုံးပြုနေတဲ့ စနစ် နဲ့ ဆင်တူပါတယ်။

ဒီအတွက် green card ခွင့်ပြုသူတွေရဲ့ ၅၇ ရာခိုင်နှုန်းဟာ အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှုပေါ် အခြေခံသွားမှာပါ။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခုအစီအစဉ်ကို သမက်ဖြစ်သူ အကြီးတန်းအကြံပေး ဂျရက်ခွတ်ရှ်နာနဲ့ လူဝင်မှုနဲ့ ပတ်သက်လို့ သဘောထားတင်းမာသူ အကြံပေး စတက်ဖန်မေလာတို့က ရေးဆွဲခဲ့တာလို့ ရိုက်တာ သတင်းအရ သိရပါတယ်။

No comments:

Post a Comment