Saturday, May 18, 2019

ဝိုင်ဘီအက်စ်ဘတ်စ်ကားပြေးဆွဲခြင်းကို နိုင်ငံခြားကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပေးရန်မရှိဟုဆို

ဝိုင်ဘီအက်စ်ဘတ်စ် ကားပြေးဆွဲခြင်းလုပ်ငန်းကို နိုင်ငံ ခြားကုမ္ပဏီများစိတ်ဝင်စားမှုရှိ သော်လည်းလုပ်ကိုင်ခွင့်ပေးရန် မရှိကြောင်း ရန်ကုန်တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမူ အာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။ ရန်ကုန်မြို့ဘတ်စ်ကားပြေး ဆွဲခြင်းကို နိုင်ငံခြားကုမ္ပဏီများ  ၀င်ရောက်လုပ်ကိုင်ပါက နိုင်ငံ သားလုပ်ငန်းရှင်များ အခွင့်အ လမ်းဆုံးရှုံးစေနိုင်သည့်အပြင် နိုင် ငံတကာ ယာဉ်စီးခနှုန်းအတိုင်း တောင်းခံပါက ခရီးသွားများဝန် ထုပ်ဝန်ပိုး ဖြစ်လာနိုင်ခြင်းကြောင့် ခွင့်မပြုရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘‘အရင်ကတည်းက ဒီမူက ရှိပြီးသားပါ။ လုပ်ချင်သူတွေ ကတော့ရှိမှာပဲလေ။ အစိုးရအဖွဲ့ ကကို ဖွင့်မပေးလို့ပါ။ ဖွင့်ပေး လိုက်ရင်ဝင်လာကြမှာပဲ။ နိုင်ငံ သားလုပ်ငန်းရှင်တွေလုပ်နိုင်တဲ့ အနေအထားဖြစ်နေတော့ နိုင်ငံ သားတွေကိုပဲဦးစားပေးတဲ့ သ ဘောပါ’’ ဟု ဦးလှအောင်ကပြော သည်။

လက်ရှိတွင် ၀ိုင်ဘီ အက်စ်ဘတ်စ်ကားစနစ်ကို အ  များပိုင်နိုင်ငံသားကုမ္ပဏီများနှင့် ယာဉ်ပိုင်ရှင်အစုအဖွဲ့များကတာ ၀န်ယူပြေးဆွဲနေသည်။

‘‘နောက်ပိုင်းမှာ ယာဉ်လိုင်း အားလုံးကို ကုမ္ပဏီပိုင်တွေဖြစ် အောင်လို့လည်း ကြိုးစားနေ တယ်’’ ဟု ဦးလှအောင်က ပြော သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရသည် ၂၀၁၇ ဇန်န၀ါရီက ၀ိုင်  ဘီအက်စ်ဘတ်စ်ကားစနစ် ပြောင်းလဲခဲ့သည်။ လက်ရှိတွင် ၀ိုင်ဘီအက်စ်ဘတ်စ်ကားစနစ်၌ ယာဉ်စီးရေ ခြောက်ထောင်ကျော် ပြေးဆွဲနေပြီး ကားအသစ်အစီးသုံး ထောင်ခန့်ပါဝင်ကြောင်း YRTA က သတင်းထုတ်ပြန်ထားသည်။ အဆိုပါဘတ်စ်ကားများအ နက် ယာဉ်လိုင်း ၁၀၀ ကျော်ဖြင့် ရန်ကုန်မြို့တွင် ပြေးဆွဲဝန်ဆောင် မှုပေးနေပြီး မကြာမီရန်ကုန်မြို့ ပတ်ဘတ်စ်ကားလိုင်းအသစ်ကို ထည့်သွင်းပြေးဆွဲရန် စီစဉ်နေ ကြောင်း ဦးလှအောင်ကဆိုသည်။

No comments:

Post a Comment