Saturday, May 18, 2019

ရွှေဘိုမြို့၊အမှတ်(၉)ရပ်ကွက်တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများဖော်ထုတ်ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့၊ အမှတ်(၉)ရပ်ကွက်တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများ ဖော်ထုတ် ဖမ်းဆီးရမိကြောင်း ရွှေဘိုမြို့ရဲစခန်းမှူး ဒုရဲမှူး သိန်းဝင်းထံမှသိရသည်။ ဖြစ်စဉ်မှာ မေလ(၁၇)ရက်နေ့ နံနက်(၁)နာရီ မိနစ်(၃၀)ခန့်က ဒုရဲအုပ်မင်းအောင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများက ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းအရ ရွှေဘိုမြို့ အမှတ်(၉)ရပ်ကွက် သက်သာပန်းတောင်းရပ်နေ အိမ်ရှင် ဒေါ်သန်းမြင့်ဝင်း နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ ဒေါ်သန်းမြင့်ဝင်း၏ ကြီးကြပ်မှုအောက်တွင်အခကြေးငွေယူ၍ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသော
ချမ်းမြေ့သာစည်မြို့နယ်၊စက်မှု(၁)နေ မိုးမာယာ ၊ မိုးကုတ်မြို့၊ စည်ပင်သာယာရပ်ကွက်နေ သဇင်(ခ) သဇင်ထွန်း ၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ၊ပြင်းချောင်းရွာနေ ၊လမင်း(ခ) အိအိသိမ့် ၊ချမ်းမြေ့သာစည်မြို့နယ်၊ကန်ကြီးကုန်းရွာနေ သီရိတို့အား တွေ့ရှိခဲ့ရပြီး နေအိမ်နောက်ခန်းအတွင်းမှ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရာတွင် အသုံးပြုရန် ငွေရောင်အိတ်အတွင်းထည့်ထားသော ကွန်ဒုံး (၁၂၀၀)၊Pwesonal Lubricant စာတမ်းပါ ချောဆီ (၁၀)ခုပါ (၁)ထုပ်၊ (၉)ခုပါ (၁)ထုပ် ၊တစ်ရှူးအိတ် အသုံးပြုဆဲ (၁)ခု အသုံးပြုပြီး ကွန်ဒုံး (၁၃)ခု၊ အသုံးပြုပြီး ချောဆီ (၂)ထုပ် ၊ အစိမ်းရောင် ပလပ်စတစ်ခြင်း(၁)ခုပန်းဖြူကြား ဂွမ်းကပ်အိပ်ယာခင်း (၁)ခု ၊အဖြူကြား ဂွမ်းကပ်အိပ်ယာခင်း (၁)ခု၊ အနီရောင်ခေါင်းအုံးစွပ်ပါ ခေါင်းအုံး (၁)လုံး တို့တွေ့ရှိရပြီး ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

သို့ဖြစ်ပါ်၍ နေအိမ်အား ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရာတွင် ကြီးကြပ်ဆောင်ရွက်သူ ဒေါ်သန်းမြင့်ဝင်း (သ)၆၅နှစ် နှင့် ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူ မိုးမာယာ (သ) ၂၂ နှစ် ၊ သဇင်(ခ) သဇင်ထွန်း (သ) ၃၅နှစ် ၊ လမင်း (ခ) အိအိသိမ့် (သ) ၂၆နှစ် ၊ သီရိ (သ) ၂၁နှစ်တို့အား ရွှေဘိုမြို့မ ရဲစခန်းမှ (ပ) ၄၃၁ /၂၀၁၉ ၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၅ (၁) / ၈ (ဂ) / ၇ (၁) (က) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

No comments:

Post a Comment