Saturday, May 18, 2019

အာရှယဉ်ကျေးမှု ခရီးသွားပြပွဲ ပေကျင်းမြို့တွင် ကျင်းပနေ

အာရှယဉ်ကျေးမှု ခရီးသွားပြပွဲဖွင့်ပွဲ အခမ်းအနားကို မေ ၁၆ ရက်က ပေကျင်းမြို့ အမျိုးသား စိုက်ပျိုးရေးပြတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ယခုကျင်းပသည့် အာရှယဉ်ကျေးမှု ခရီးသွားပြပွဲသည် တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားဝန်ကြီး ဌာနမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မေ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ပြပွဲတွင် ပါဝင်သည့်ကဏ္ဍများ စုံလင်ရာ ယဉ်ကျေးမှုနှင့်ခရီးသွား ကဏ္ဍအလိုက်သီးခြား ပြပွဲ၊ ယဉ်ကျေးမှုဖျော်ဖြေပွဲ၊ ခရီးသွားလုပ်ငန်းရှင်များဆွေးနွေးပွဲ၊ ခရီးသွားကဏ္ဍ ခရီးစဉ် ဆွေးနွေးပွဲ၊ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဓာတ်ပုံဗွီဒီယိုပြပွဲနှင့် ခရီးသွားမြို့ကြော်ငြာမိတ်ဆက်ပွဲ စသည့်တို့ ပါဝင်ကြောင်းသိရသည်။


ပြပွဲတွင် တရုတ်နိုင်ငံနှင့် အာရှနိုင်ငံများ၏ ယဉ်ကျေးမှုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အသစ်များကို ပြသထားသောကြောင့် လာရောက်ကြည့်ရှုလေ့လာသူပရိသတ်များအား စွဲမက်ဖွယ် အာရှယဉ်ကျေးမှု နှင့် ခရီးသွားအကြောင်းအရာများကို ပိုမိုနားလည်သိရှိစေမည်ဖြစ်သလို ခရီးသွားလုပ်ငန်းရှင်များ အတွက်လည်း အာရှယဉ်ကျေးမှု ခရီးသွား အရင်းအမြစ်များကို ဘက်စုံသိရှိနားလည်စေမည်ဖြစ်ရာ နိုင်ငံတကာ ခရီးသွားကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု ကို တွန်းအားဖြစ်စေမည်ဖြစ်ကြောင်းနှင့် အာရှနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုနီးကပ်စေမည်ဖြစ်ကြောင်း ယဉ်ကျေးမှုနှင့်ခရီးသွားဝန်ကြီး ဌာန၀န်ကြီး လော့စုကန်(Luo Shugang)က ဆိုသည်။

No comments:

Post a Comment