Saturday, May 18, 2019

အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးမင်းထွန်းစိုးနှင့် တွေ့ဆုံခြင်း ‘‘သူ့(ထောင်ပိုင်)ကို အဲဒီလို သွားထိန်းသိမ်းလို့တော့ မရဘူး။ ဖြစ်စဉ်ဖြစ်တာက ဥပမာ-နိုင်ငံတော် လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ပတ်သက်လို့ တန်းတူညီမျှမရလို့ ဆိုပြီးတော့ သူ့ဟာသူ ဆူတယ်နော်။ ပြီးတော့ ဆန္ဒပြတာပေါ့’’

လွတ်ငြိမ်းသက်သာသည် တရားမမျှတဟုဆိုကာ ဘားအံနှင့်ရွှေဘို ထောင်အပါအ၀င် အကျဉ်းထောင်အချို့မှ အကျဉ်းသားများက ဆူပူဆန္ဒပြမှုဖြစ်ခဲ့သည်။ ရွှေဘိုအကျဉ်းထောင်တွင် အကျဉ်းသားက ဖုန်းသုံးစွဲကာ အကျဉ်းထောင် တွင်းဖြစ်ရပ်များကို ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်၌ Live လွှင့်ခဲ့သည်။ အကျဉ်းထောင်များ ယင်းကဲ့သို့ တစ်ပြိုင်နက် ဆူပူမှုဖြစ်ခြင်းသည် နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများ ရှိနိုင် သည်ဟု အစိုးရကသုံးသပ်ကာ ယင်းဖြစ်စဉ်များအပေါ် စုံစမ်းစစ်ဆေး မည်ဟု သတင်းထုတ်ပြန်ထားသည်။ အကျဉ်းဦးစီးဌာနကလည်း ဌာန တွင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေရာ အကျဉ်းထောင်များ ဆူပူမှု နောက် ဆက်တွဲအခြေအနေကို အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးမင်းထွန်းစိုးအား မေးမြန်းထားပါသည်။
ထောင်ဘယ်နှခု ဆူခဲ့တာလဲ ခင်ဗျ။ ကျွန်တော်တို့ရတဲ့ ကိန်း ဂဏန်း နည်းနည်းလွဲနေလို့။ကသာထောင်ဆို စာရင်းထဲမပါ သေးလို့ပါ။ 


ကသာထောင်က အရမ်းအဲ ဒီလို အရမ်းကြီးမဖြစ်ခဲ့ဘူး။ နံပါတ်(၁)ကတော့ ကလေးအ ကျဉ်းထောင်ပေါ့နော်။ ကလေး၊ ရွှေဘို၊ ဘားအံ၊ ထားဝယ်၊ သာ ယာဝတီ၊ ပုသိမ်နဲ့မြစ်ကြီးနား ခုနစ်ခုပဲ။ ကျန်တာကတော့ တစ် ခု၊ နှစ်ခုတော့ရှိတာပေါ့။ သူတို့က ဆူပူမှုတော့မလုပ်ဘူး။ ဒါလေး တွေ တန်းတူညီညွတ်ခွင့်ရဖို့ဆို ပြီး စာလေးတင်တယ်။ စာလေး တင်တော့ သက်ဆိုင်ရာကတော့ ဒီဌာနချုပ်ပြန်တင်ပေးတာ ဒါပဲရှိ တယ်။

အခုထောင်ထဲမှာ ဖုန်းကိုင်တာ တို့၊ ဘာတို့ဆိုတာ ဘယ်သူ့မှာ အဓိကတာဝန်ရှိလဲဆရာ။

ရွှေဘိုလေးတစ်ခုပြောပြပါ မယ်။ ရွှေဘိုက Live လွှင့်တဲ့အထဲ မှာတော့ ဖုန်းရောက်နေတာပေါ့ နော်။ ရောက်တဲ့အခါကျတော့ ဒီကောင်တွေက ဖြစ်စဉ်ဖြစ်ရပ် ပေါ်မှာ သူတို့အဖြေနဲ့ သူတို့ဖော် တာပေါ့။ ဖုန်းအထဲရောက်သွား တာတော့၊ တားမြစ်ပိတ်ပင်ထား တဲ့ပစ္စည်းရောက်သွားတော့ သွင်း တဲ့သူမည်သူမဆိုပေါ့။ အကျဉ်း သားဖြစ်ဖြစ်၊ ၀န်ထမ်းဖြစ်ဖြစ် အ ပြစ်ရှိတယ်။ အပြစ်ရှိတယ်ဆိုတာ  ဥပမာ - မောင်ဖြူကသွင်းရင် မောင်ဖြူအပြစ်ရှိပါတယ်။ ဥပမာ ထောင်ပိုင်သွင်းရင် ထောင်ပိုင် ဖြစ်ပါတယ်။ အခုက ဟိုနေ့တုန်း က ရွှေဘိုကပြန်ပြီး အဆင်ပြေ သွားတဲ့အခါကျတော့ Live လွှင့် တဲ့ကောင်တွေအကုန်လုံး ကိုယ် တို့က သိတယ်လေ။ ဘယ်သူဆို တာ။ အကျဉ်းသားတွေလည်း အကုန်လုံးရှာလို့ရတယ်။ အဲဒီ အလုပ်ကိုလုပ်တဲ့လူက အကျဉ်း သားသုံးယောက်။ ဒါစိစစ်လို့ရ တာပေါ့နော်။ စိစစ်လို့ရတဲ့အချိန် မှာ အဲဒီကောင်တွေ လက်ထဲမှာ ဖုန်းတစ်လုံးမိတယ်။ အဲဒီတစ် လုံးကို လှည့်ပြီးတော့ သူတို့ကိုင် နေတာ။ သူရိုက်လိုက်၊ ကိုယ်ရိုက် လိုက်ပေါ့။ စိစစ်လိုက်တဲ့အခါကျ တော့ ဘာပြောလဲဆိုတော့ ထွက် ပေါက်တစ်ခုရှာပြီးတော့ ၀န်ထမ်း တစ်ယောက်ဆီကရတယ်။ အဲဒီ ၀န်ထမ်းကလည်း သူနဲ့မျက်နှာ ချင်းဆိုင်စိစစ်တဲ့အခါကျတော့ ၀န်ထမ်းက မဟုတ်ပါဘူးလို့ ငြင်း ပါတယ်။ အဲဒါနဲ့ မနေ့ကပဲ အ ကျဉ်းသားသုံးယောက်ကို အ ကျဉ်းထောင်အက်ဥပဒေ ၄၂ နဲ့ တရားစွဲလိုက်တယ်။ ပြီးတော့ ၀န်ထမ်းကိုလည်း အကျဉ်းသား တွေက သူ့ဆီကရပါတယ်လို့ပြော တဲ့အတွက် ၀န်ထမ်းက ငြင်း တယ်။ အပြန်အလှန်ငြင်းတာမျိုး မရှိတဲ့အခါကျတော့ ၀န်ထမ်းကို ဌာနဆိုင်ရာက စုံစမ်းစစ်ဆေးနေ တယ်။ စစ်ဆေးလိုက်လို့ အမှန် တကယ်သူသွင်းပါတယ်ဆိုရင် လည်း သူ့ကိုအကျဉ်းထောင် အက် ၄၂ (တားမြစ်ပစ္စည်းဆိုင်ရာ ပုဒ်မ)နဲ့ တရားစွဲပါမယ်။ (ဖြည့် စွက်ချက်- မေလ ၁၃ ရက်တွင် ၀န်ထမ်းနှင့် အကျဉ်းသားသုံးဦးကို ထောင်ခြောက်လချမှတ်ထား သည်)။ ဒါကတော့ လုပ်ဆောင် ချက်ပေါ့။ တယ်လီဖုန်းနဲ့ပတ် သက်လို့ ကျန်တဲ့နေရာတွေ အဲဒီ လိုရှိခဲ့မယ်ဆိုရင်လည်း အဲဒီလိုပဲ စိစစ်ပါမယ်။ ဒါပေမဲ့ တားမြစ် ပိတ်ပင်ထားတဲ့ပစ္စည်းဆိုတာ ၀န် ထမ်းဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် မည်သူမဆို အားလုံးပါတယ်။ ဒီ ၀န်ထမ်းတင်မဟုတ်ဘူး။ ထောင် ၀င်စာ လာတွေ့တဲ့သူလည်းပါ တယ်။ ဆိုလိုတဲ့သဘောက ၀င် လာနိုင်တဲ့နည်းတွေ အခုကိုယ်တို့ ဖမ်းနေတာပေါ့နော်။ ပေါင်မုန့်ထဲ ကလည်း ညှပ်ပြီးတော့သွင်း တယ်။ တချို့တွေကျတော့ ဖုန်း သေးသေးလေးဆိုတော့ လက် ညှိုးတစ်ချောင်းလောက်ရှိတဲ့ ဖုန်း တွေလည်းရှိပါတယ်။ ဒီဖုန်းတွေ လည်း စအိုထဲထည့်လာလို့ရပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပလတ်စတစ်တွေ ပတ်ပတ်ပြီး တော့ ဟိုထဲရောက်တော့ ပြန် ထုတ်၊ ထုတ်ပြီးတော့ ပြန်လုပ် ပေါ့နော် ဒါတွေက။ ဒီလိုမျိုးနည်း ပေါင်းစုံတော့ ရောက်နိုင်တာပေါ့ နော်။ ရောက်လို့လည်း အခုစစ် ဆေးတဲ့အခါကျတော့ ပေါ်လာပါ တယ်။ ပေါ်လာတဲ့အခါကျတော့ လည်း အပြစ်ရှိတဲ့သူကို အပြစ် ပေးအရေးယူရမှာပေါ့။

ပြည်သူတွေ နားလည်တာက ထောင်တစ်ခုခုဖြစ်တယ်ဆိုရင် အဓိကအရေးကြီးတာကတော့ ထောင်ပိုင်ပေါ့။ ဒီလိုမျိုးဖြစ်တဲ့ ကိစ္စတွေမှာ ထောင်ပိုင်တွေကို ထိန်းသိမ်းစစ်ဆေးတာတွေရှိနေ ပြီလား ဆရာ။

သူ့ကို အဲဒီလိုသွားထိန်းသိမ်း လို့တော့ မရဘူး။ ဖြစ်စဉ်ဖြစ်တာ က ဥပမာ နိုင်ငံတော်လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ပတ်သက်လို့ တန်း တူညီမျှမရလို့ဆိုပြီးတော့ သူ့ဟာ သူဆူတယ်နော်။ ပြီးတော့ ဆန္ဒပြ တာပေါ့။ ဒီဆန္ဒပြတာကလည်း ရိုးရိုးသားသား တကယ်လုပ်ရမယ့် လုပ်ထုံးလုပ်နည်းကျတော့ ဒီလို တန်းတူညီမျှ မရဘူးဆိုတဲ့ဟာကို ကျွန်တော်တို့ဆီမှာ တာဝန်ခံအ ရာရှိ တန်းစီတဲ့ ရက်တွေမှာ ကျွန် တော်တို့ ဒီလိုတော့ဖြစ်ပါတယ် ဆရာ။ ကျွန်တော်တို့ကို အဲဒါ လေးတော့တင်ပြပေးပါ။ သူများ တွေ  တော့လွတ်ပြီးတော့ ကျွန် တော်တို့ ကျန်နေတယ်။ အဲဒါ လေးတော့  အထက်အဆင့်ဆင့်ကို တင်ပြ ပေးပါဆိုတာထောင်ပိုင်ကို သတင်းပို့လို့ရပါတယ်။ သတင်းပို့ တဲ့ အခါကျထောင်ပိုင်ကနေ သူ က အဆုံးအဖြတ်မပေးနိုင်တဲ့ အ တွက်ဌာနချုပ်ကိုတင်မယ်။ ဌာန ချုပ်ကလည်း ဒါနိုင်ငံတော်မှ ပေး နိုင်တဲ့အဆင့်ဖြစ်တဲ့အတွက် ၀န် ကြီးရုံးကိုတင်တယ်။  ၀န်ကြီးရုံး ကနေနိုင်ငံတော်သမ္မတကိုသိရှိ အောင်တင်ပြပေးတာပေါ့။ ဒီလို မျိုးလုပ်ရမယ့်ကိစ္စလေ။ ဒီဆူတာ  တို့၊ ပူတာတို့ကျတော့ သူတို့လုပ် ပိုင်ခွင့်လုံးဝမရှိဘူး။ လုံးဝကိုမရှိ တာ။ ရှိပြီဟေ့ဆိုရင် အကျဉ်း ထောင်လက်စွဲအက်ဥပဒေ အပိုဒ် ၃၁၇ (ဆူပူမှုဖြေရှင်းခြင်းဆိုင် ရာ ပုဒ်မ) နဲ့လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားရမယ်။ သူတို့က  တင်ပြရင် ငါတို့က တရားဝင်ကို တင်ပြပေးပါမယ်။ မင်းတို့အေး အေးဆေးဆေးနေ။ ဆောင်ရွက် ပြီးစီးမှုအခြေအနေကိုလည်းပြန် ပြောပေးပါမယ်။ ဒါလည်း သူတို့ ကိုပြောတယ်။ အေးအေးဆေး ဆေးနေပေါ့။ သူတို့ကအရင်အ ကြမ်းဖက်တာလေ။  Live လွှင့် ထားတာအမြင်ပဲလေ။ ညနေ ၈ နာရီ၊ ၁၀ နာရီ၊ ၁၁ နာရီအထိဒီ ကောင်တွေအပြင်မှာ။ သူတို့ဆူပူ တာကို၊ အကြမ်းဖက်တာကို သူ တို့ဟာသူတို့ဖော်သွားတာ။ ပြည် သူတွေလည်းရှိတယ်။ မီဒီယာအ ဖွဲ့တွေလည်းမြင်သွားပြီ။ အကြမ်း ဖက်တယ်။ တားဆီး၊ ဆုံးမပေးတဲ့ လူတွေစည်းရုံးပေးတဲ့သူတွေကို သူတို့ကခဲနဲ့ပစ်တယ်။ တုတ်နဲ့လာ ၀င်ရိုက်တယ်။  ပြန်ထွက်ပြေးခဲ့ရ တယ်။  ဒါမျိုးဆို အကြမ်းဖက် တာပဲလေ။ ငြိမ်းချမ်းစွာနဲ့တောင်း ဆိုတာမဟုတ်တော့ဘူး။

အခုလွတ်ငြိမ်းချမ်းသာမှာ အ ကျဉ်းသားတွေဟာ တန်းတူအခွင့် အရေးမရဘူးပေါ့။ ဥပမာမိုး အောင်ရင်လွတ်ပြီးတော့ သူနဲ့ ပုဒ်မတူတဲ့သူတွေမလွတ်ဘူး ပေါ့။  ဆရာတို့ကိုယ်ပိုင်အမြင် ကျတော့ကော ဒီလိုမျိုးလွတ်ငြိမ်း ချမ်းသာခွင့်မှာ တန်းတူညီမျှမှု ရှိခြင်း၊မရှိခြင်းအပေါ်ကိုဘယ်လို များယူဆလဲ။

အထက်ကလာတဲ့ မူဝါဒအ တိုင်းလည်း တို့ပြုစုတာပဲရှိတယ်။ အဲဒါသူတို့လည်းပါတာ၊ မပါတာ တော့ပြောလို့မရဘူး။ မူဝါဒကျတော့လည်း ရွတ်ပြလို့မရဘူး။ ပြောရတာ ခက်တော့ခက်တယ် ဗျ။ ကျွန်တော်တို့က မူဝါဒအတိုင်းပဲ စာရင်းတင်ပေးတာပဲရှိမယ်။  မိုးအောင်ရင်တို့ပါတာ၊ မပါတာ။ ၀လုံး တို့ပါ၊  မပါဆိုတာတော့ပြော လို့မရဘူး။

အကျဉ်းထောင်တွေကနေ လွတ် ငြိမ်းပေးတဲ့အခါတိုင်းမှာ အကျဉ်း ဦးစီးဌာနတာဝန်ရှိသူတွေက ဒီ အပေါ်မှာ အဆင့်ဆင့်လုပ်စားကြ တယ်လို့မြင်နေကြတဲ့အပေါ်ကို ကောဘယ်လိုများပြန်ရှင်းပြလို့ရ မလဲ။

အခုလုပ်ငန်းစဉ်နဲ့လည်းအ ညီတချို့DVB debate တို့၊ရဲမှူး ချုပ်ဝင်းခေါင်တို့ ပြောသွားတာ တွေရှိတယ်။ ဆိုလိုတဲ့သဘောက ဥပမာနိုင်ငံတော်က မူဝါဒပေး တယ်။   ဘယ်သူတွေလွှတ်၊မူးယစ် သုံးစွဲသူတွေ၊ လက်ဝယ်ထားရှိ မှုတွေ၊ သက်ကြီးတွေ၊ လူငယ် တွေ၊ ဒါတွေ လွှတ်၊ ဒါတွေလွှတ် ဆိုပြီးတော့ မူဝါဒပေးတယ်။  နိုင်ငံတော်သမ္မတရုံးက ထုတ်တဲ့ မူဝါဒလေးတွေရှိ တယ်လေ။  အဲဒီမူဒါဒတွေသူတို့က ချမှတ်ပေး တယ်။ မူဝါဒအတိုင်းကို ကိုယ်တို့ က ပြုစုပေးတယ်။   ပြုစုပြီးတော့ ပြည်ထဲရေးကစိစစ်တယ်။ စိစစ် ပြီးတော့နိုင်ငံတော် သမ္မတရုံးမှာ သွားတင်တယ်။ အဲဒီအပေါ်မှာသူတို့က ဒါလွှတ်၊ ဒါလွှတ်ဆို ကိုယ် တို့က အဲဒါကိုပဲလွှတ်ရတာ။

အဲဒါဆို ထောင်ပိုင်ကနေစိစစ်ပြီး အကျဉ်းဦးစီးရုံးချုပ်ကိုတင်၊ အဲဒီ ကတစ်ဆင့် ပြည်ထဲရေးရုံး၊ နောက်ဆုံး သမ္မတရုံးကိုတင်။ အဲ လိုလား။

ဟုတ်တယ်။ ၀န်ထမ်းက ဒီတာဝန်ခံတွေကို စိစစ်တာမ ဟုတ်ဘူး။ သူတို့ကတော့ ကနဦး စစ်တာပေါ့နော်။ နောက်ကျွန် တော်တို့ဌာနချုပ် စာရင်းပြုစု တယ်။ ကိုယ်တို့က ခုနကပြော သလိုကစားပိုင်ခွင့်လည်းမရှိဘူး။ ဥပမာသက်ကြီးစာရင်းပြုစုတယ် ဆိုလည်း သက်ကြီးစာရင်းကိုယ် တို့ဆီမှာအတိအကျရှိတယ်။ အဲဒီ စာရင်းပြုစုပေးလိုက်ရတာ။ ပြည် ထဲရေးမှာ ဖွဲ့ထားတဲ့အဖွဲ့က လွှတ်သင့်တဲ့သူ၊ မလွှတ်သင့်တဲ့ သူစိစစ်တယ်။ ဒါမျိုးတွေသေချာစိ စစ်ပြီးတော့မှလွှတ်ပေးတာပေါ့။ ဒါဆိုတစ်ဦးချင်းစီရဲ့ ကိုယ်ရေး  အချက်အလက် ထိသွားရတာ ပေါ့။ ဒါပေါ့။ သူတို့ကအများနဲ့ ကျတော့အကုန်လုံးစိစစ်နိုင်ချင်မှ  စိစစ်မှာပေါ့။ တကယ်မူလနေ ရမှာ စိစစ်ပြီးတော့မှ ထပ်သွား ရတာပေါ့။ ဥပမာဆိုလိုတဲ့ သဘောက ၁၅၊ ၁၆လွှတ်မယ်ဟေ့ ဆိုရင် အဲဒီစာရင်းလွှတ်ပေးလိုက် တာပေါ့။

အခုက ပုဒ်မချင်းတူရဲ့သားနဲ့ လွတ်တဲ့သူတွေလွတ်ပြီးလွတ် ငြိမ်းမရသူတွေအတွက်ကကျ တော့ မမျှတဘူးလို့ အပြင်မှာ  တော်တော်လေး ပြောနေကြ တယ်။

သူတို့အနေနဲ့က တူတယ် ဆိုတာသူတို့အသိကိုး ဒါအများ အသိပေါ့။  ဒီထဲမှာဖြစ်နေတဲ့ ၀ ရမ်းမှာပါတဲ့ဟာတွေ၊ အမိန့်ချ တုန်းကဟာတွေသူတို့သိချင်မှ လည်းသိမှာပေါ့။ နောက်တစ်ခုက  လည်း ထောင်ထဲရောက်တဲ့အချိန် ကျမှ မူလကတော့ မူရင်းအမှုနဲ့ ထောင်ကျပေမယ့် ထောင်ထဲ ရောက်တဲ့အခါ၊ ပြစ်မှုကျူးလွန်တဲ့ အခါကျတော့ ပြစ်မှုအတွဲမပါ တော့ဘူးပေါ့။ အမျိုးမျိုးပေါ့လေ။ အပြင်ကတော့ ဒီလိုပဲပြောကြ တာပေါ့။   ခုနကလိုကစားတယ် ဆိုတာမျိုးက ကိုယ်တို့အကျဉ်းဦး စီးက ဘယ်သူမှမကစားရဲဘူး။  တစ်ချက်မှားရင် တစ်ချက်ခံရ မယ်ဆိုတာသိပြီးသား။

လွတ်ငြိမ်းချမ်းသာခွင့်မှာပါဖို့ဆို ရင်အကျဉ်းသားတစ်ယောက်က ဘယ်အချက်တွေကိုက်ညီမှုရှိရ မလဲ။

အဲဒီလိုမျိုးတော့မရှိဘူး။ ဥပ မာစည်းကမ်းကောင်းရမယ်တို့၊ ဘာတို့ကတော့တစ်ပိုင်း။ ခုနက တော့ ဘာလဲဆိုတော့ ဥပမာ မူး ယစ်ဆေးဝါးသုံးစွဲမှုမူဝါဒပေး တယ်၊  သက်ကြီးဆိုတဲ့မူဝါဒပေး တယ်။ သက်ကြီးဆို ကိုယ်တို့က သက်ကြီးချည်းပဲ။ တစ်ယောက် ချင်းစီရဲ့စည်းကမ်းကောင်းမှု၊ မ ကောင်းမှုဆိုတာလူအများကြီးဆို တော့ ကိုယ်တို့လည်းအဲဒီလောက် မကြည့်ဘူးပေါ့နော်။ နစ်နာသူ တွေရှိတဲ့ဟာဆိုရင်တော့ လွှတ် ချင်မှ လည်းလွှတ်မှာပေါ့နော်။ ဒါကတော့ရွေးချယ်တဲ့သူတွေပဲ သိမယ်။ ကိုယ်တို့ကတော့ စာရင်း ပဲပြုစုပေးတယ်။ ရွေးချယ်တဲ့ထဲ မှာ ကိုယ်လည်းမသိဘူး။

ဒါဆိုပြည်ထဲရေးကဖွဲ့တဲ့အဖွဲ့က အဓိကစိစစ်သွားတာပေါ့။
ဒါပေါ့၊ အကုန်လုံးစိစစ်တာ ပေါ့။ ပြည်ထဲရေးဆိုတာမျိုးက တော့ကိုယ်တို့အကျဉ်းဦးစီးလည်း ပါတာပေါ့။

လက်ရှိအနေအထားမှာ အကျဉ်း ဦးစီးဌာနအနေနဲ့ လူထုရဲ့ယုံ ကြည်မှုရဖို့ဆိုရင် ဘာတွေလုပ်ဖို့  လိုမလဲ။ 
အခုလက်ရှိအနေအထားအ ရ အကျဉ်းဦးစီးဌာနကပြုပြင် ပြောင်းလဲမှုမရှိသေးဘူးလို့ ပြော ကြတာပေါ့နော်။ ဒါပေမဲ့ပြောင်း လဲလာတဲ့ဟာတွေက မျက်စိပိတ် ပြီးနေနေကြတော့ ဘယ်သိမလဲ။   အခုဆယ်တန်းစာမေးပွဲလည်း ကျောင်းသားတွေ  ကျောင်းဆက် တက်စေနေတယ်။ လက်မှုလုပ် ငန်းတွေတိုးတက်အောင်လုပ်ပေး  နေတယ်။ ဘာသာရေးပိုင်းတွေ ဆောင်ရွက်ပေးနေတယ်။ စာမ တတ်တဲ့သူတွေစာသင်ပေးနေ တယ်။ ကျန်းမာရေးပိုင်းတွေစီ စဉ်ဆောင်ရွက်ပေးနေတယ်။အား ကစားတွေဆောင်ရွက်ပေးနေ တယ်။ ဒါလက်ရှိပြုပြင်ပြောင်းလဲ  မှုတွေအများကြီးရှိပါတယ်။ ဖြစ် လာရင်အပြစ်ပြောရုံနဲ့ဘာလုပ် မှာလဲ။ ဘယ်လိုဖြည့်ဆည်း ဆောင်ရွက်မလဲဆိုတာလိုတယ်။   ဖြည့်ဆည်းပေးရဲ့သားနဲ့ ဖြစ် တယ်ဆိုရင်တော့ချက်ချင်းအရေး ယူပါ။ ၀န်ထမ်းအရေအတွက်က တော့အများကြီးလိုတယ်။ သတ် မှတ်ထားတဲ့အင်အားထက်ပိုပြီး တော့ လက်ခံထိန်းသိမ်းနေရ တယ်။ ဒါတွေလည်းကိုယ်တို့တင် ထားပြီးသားပါ။ ဒါကြောင့်လည်း လွတ်ငြိမ်းချမ်းသာနဲ့၊ ဘာနဲ့ လူ့ အခွင့်အရေးကော်မရှင်က လူဦး ရေကျပ်တည်းတယ်၊တင်ပြပေး မယ်ဆိုတော့ အခုလွတ်ငြိမ်းချမ်း သာတွေပေးတာပေါ့။

No comments:

Post a Comment