Saturday, May 18, 2019

ပစ္စည်းခိုးရုံမက မိုက်ကြေးပါခွဲပြီး ရွာသားများကို စိန်ခေါ်

ရေဦးမြို့နယ် မကြီးတောရွာ စတားလိုက်စားသောက်ဆိုင်အတွင်း ဝင်ရောက်၍ 16.5.2019 9:00 PM က ဖုန်း ဝင်ရောက် ခိုးသူတစ်ဦးအား ဆိုင်အနီးနား၌တွင် ကျေးရွားသားများမှ ဖမ်းဆီးရမိခဲ့သည်။ သူခိုးတစ်ဦးအား ဖမ်းဆီးရမိစဉ် နောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လူသုံးဦးက ဖမ်းဆီးသူများအား စိန်ခေါ်ခဲ့သည်။ မကြီးတော မှ ဘိလိယက်ထိုးနေသော လက်ဖက်ရည် ဆိုင်ထိုင်နေသော ကျေးရွာသား အားလုံးက စိန်ခေါ်သော သုံးဦးအား ဝိုင်းလိုက်ရာ ဘူတာအနီးတွင် အပြန်အလှန် သတ်ပုတ်ကြရပြီး…..ကျေးရွာဘက်မှ လူများလာသောအခါ လယ်ကွက်ထဲ ဆင်းပြေးစဉ် ဖမ်းဆီးရမိ ခဲ့ပါသည်။ အနီရောင် အကျ င်္ီဝတ်ဆင်ထားသူ ထံမှ လည်ပင်းတွင် ချိတ်ဆွဲထားသော သော့တွဲများစွာ တွေ့ရှိခဲ့ပါသည်။ အကျ င်္ီ မပါသူ မှ လယ်ကွက်ထဲအထိ ပြန်လှန် သတ်ပုတ်သည်ဟု သိရသည်။ကျေးရွာသား ( ၅၀) ဦးမှ ဝိုင်းဝန်းဖမ်းဆီးပြီး ရေဦးမြို့မရဲစခန်း ရဲများထံ အကြောင်းကြား အပ်နှံလိုက်သည်ဟု သိရပါသည်။

No comments:

Post a Comment