Saturday, May 18, 2019

အာဂျင်တီးနားတွင် ပညာရေးရန်ပုံငွေ ပြတ်လပ်နေသည့်အပေါ် ဆန့်ကျင်ဆန္ဒပြ

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မြို့မှာ မတ်လ ၁၆ ရက် ညက ကျောင်းသားတွေနဲ့ ဆရာတွေ စုဝေးချီတက်ပြီး ပညာရေးရန်ပုံငွေ ပြတ်လပ်နေတာကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ အာဂျင်တီးနား ရွေးကောက်ပွဲ ကျင်းပဖို့ ၆ လအလိုမှာ အခုလို ဆန္ဒပြပွဲ ပေါ်ပေါက်လာတာပါ။ စီးပွားရေး မတည်ငြိမ်တာနဲ့ ငွေကြေးဖောင်းပွတာရဲ့ အကျိုးရလဒ်ဟာ ပညာရေးရန်ပုံငွေကို ထိခိုက်လာတာကြောင့် အာဂျင်တီးနားပြည်သူတွေ ဒေါသထွက်နေကြပါတယ်။


အာဂျင်တီးနားအစိုးရဟာ အသုံးစရိတ်တွေ ဖြတ်တောက်ပြီး နိုင်ငံ့စီးပွားရေး ပြန်ဦးမော့ဖို့ ကြိုးစားနေချိန်မှာ ကျောင်းဆရာတွေဟာ ငွေကြေးဖောင်းပွလာတာကို ကာမိဖို့ လစာတိုးပေးရေး တောင်းဆိုခဲ့ပြီး ကျောင်းသားတွေက တက္ကသိုလ်တွေမှာ ရန်ပုံငွေ ပိုမိုထားရှိရေး တောင်းဆိုခဲ့ပါတယ်။ သမ္မတ မော်ရီစီယို မက်ခရီ ဦးဆောင်တဲ့ အစိုးရက ပညာရေးရန်ပုံငွေကို ဖြတ်တောက်တယ်ဆိုတာကို ငြင်းဆိုထားပါတယ်။ အာဏာပိုင်တွေက ကျောင်းဆရာတွေကို လစာ ၁၅ ရာခိုင်နှုန်း တိုးပေးဖို့ အဆိုပြုခဲ့ပေမယ့် ကျောင်းဆရာတွေက အဲဒီအဆိုပြုချက်ကို ပယ်ချခဲ့ကြပါတယ်။

No comments:

Post a Comment