Saturday, May 18, 2019

ဒေါင်းနေတံတားအနီးတွင် မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး ခရီးသည်နှစ်ဦး သေဆုံးကာ ၁၇ ဦးခန့် ဒဏ်ရာရ

မကွေး နှင့် ချောက်မြို့သို့ ပြေးဆွဲနေသည့် မော်တော်ယာဉ် နှစ်စီးသည် ဒေါင်းနေ တံတားအနီးတွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး ခရီးသည်နှစ်ဦး သေဆုံးကာ ၁၇ ဦးခန့် ဒဏ်ရာ ရရှိခဲ့ ကြောင်း ကနဦး သတင်းများအရ သိရသည်။ေ မလ ၁၇ ရက် (ယနေ့) နေ့လယ် ၁ နာရီခွဲခန့်က မကွေးဘက်မှ ရေနံချောင်းဘက်တို့ မောင်းနှင်လာသည့် ရွှေမိတ်သစ် ခရီးသည်တင်ကားနှင့် ရေနံချောင်းဘက်မှ မကွေးဘက်သို့ မောင်းနှင်လာသော ရွှေမိတ်သစ် ခရီးသည်တင်ယဉ်တို့သည် ဒေါင်းနေချောင်းတံတားအနီး မိုင်တိုင်အမှတ် ၃၄၆/၇ တွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ နေရာတွင်း သေဆုံးခဲ့ကာ ခရီးသည် ၁၇ ခန့်ကို မကွေးဆေးရုံသို့ ပို့ဆာင်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။



ယဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သတ်ပြီး ညောင်လှနယ်မြေ ရဲစခန်း တာဝန်ရှိသူတစ်ဦးက"ကနဦးအနေနဲ့အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။ သေဆုံးတဲ့ လူတွေက ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းဆဲပါပဲ။ ယာဉ်တိုက်မှုနဲ့ပတ်သတ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကိုလည်းဆေးရုံ ပို့ဆောင်ထားပါတယ်။ ယာဉ်တိုက်မှုနဲ့ပတ်သတ်ပြီး စုံးစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်"ဟုပြောပါသည်။


"ယဉ်တိုက်မှုဖြစ်တဲ့နေရာက မကွေးနဲ့ပိုနီးပါတယ်ကျွန်တော်တို့ယဉ်တိုက်မှုဖြစ်တဲ့နေရာ ရောက်တော့ မကွေးမီးသတ်အဖွဲ့က ဒဏ်ရာရရှိတဲ့လူတွေကို ဆေးကုသမှုခံယူဖို့ မကွေးဆေးရုံကိုခေါ်သွားပါပြီ။ ဒဏ်ရာပြင်းထန်တဲ့ လူတွေလည်း ပါတယ်လို့သိရပါတယ်။ကျွန်တော်တို့ကတော့ သေဆုံးသွားတဲ့အမျိုးသမီးနဲ့အမျိုးသားကို ကားထဲကဆွဲထုတ်ပြီး ရေနံချောင်းဆေးရုံ ကိုပို့ဆောင်ပေးခဲ့ပါတယ်"ရေနံချောင်းမြို့ရှိ မိတ်ဆွေကောင်း နာရေးကူညီမှုအသင်းဥက္ကဋ္ဌဌ ဦးသန်းဝင်းကပြောပါသည်။

ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ရဲတပ်ဖွဲ့တာဝန်ရှိသူများက စုံးစမ်းစစ်ဆေးမှုများပြုလုပ်နေကာ ဆေးရုံပို့ဆောင်ထားသည့် ခရီးသည်တချို့မှာလည်း ဒဏ်ရာပြင်းထန်သူမျာ ပါဝင်နေကြောင်း ကနဦ သတင်းများအရ သိရပါသည်။

No comments:

Post a Comment