Saturday, May 18, 2019

သြစတြေးလျတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပ

သြစတြေးလျ အထွေထွေရွေးကောက်ပွဲကို ဒီကနေ့မှာ ကျင်းပပါတယ်။ ဒီအတွက် မဲဆန္ဒရှင်တွေဟာ ဗဟိုလက်ယာ လစ်ဘရယ် အမျိုးသား ညွန့်ပေါင်းအစိုးရကို မဲပေးမလား၊ ဗဟိုလက်ဝဲ လေဘာပါတီကို မဲပေးမလား ဆုံးဖြတ်ရမှာပါ။ ဒီရွေးကောက်ပွဲမှာ လေဘာပါတီ အာဏာပြန်ရနိုင်တယ်ဆိုတဲ့ ကြိုတင်ခန့်မှန်းချက်တွေ ထွက်နေပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ ၆ နှစ်တာကာလမှာ အစိုးရ နိုင်ငံရေးသြဇာကင်းမဲ့ပြီး ရာသီဥတုပြောင်းလဲတာနဲ့ အခွန်စနစ် ပြောင်းလဲရေးကို အဓိကထားတဲ့ မဲဆွယ်တာတွေ ရှိလို့ပါ။



လက်ရှိဝန်ကြီးချုပ် စကော့မော်ရစ်ဆင်ဟာ သူရဲ့ လစ်ဘရယ် အမျိုးသားညွန့်ပေါင်း ပါတီအတွက် စီးပွားရေး စီမံခန့်ခွဲမှုကို မဏ္ဍိုင်ပြု မဲဆွယ်ထားပါတယ်။

အဲဒီပါတီဟာ ၂၀၁၃ ခုနှစ်ကတည်းက အာဏာရထားပြီး မော်ရစ်ဆင်ဟာ အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဘီလ်ရှော်တန်နဲ့ ရင်ဆိုင်နေရတာပါ။

သြစတြေးလျ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၁၇ သန်း ၀န်းကျင်ရှိပြီး နိုင်ငံတ၀ှမ်း မဲရုံပေါင်း ၇၀၀၀ ကျော်နဲ့ ကျင်းပတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

No comments:

Post a Comment