Saturday, May 18, 2019

“ပုဂံမှာ ကျင်းပတဲ့ ကဆုန်ညောင်ရေသွန်းပွဲမြင်ကွင်း”

Image may contain: 1 person, crowd and outdoorImage may contain: 7 people, outdoorဒီကနေ့ ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တစ်ခုဖြစ်တဲ့ ကဆုန်လပြည့်နေ့ဖြစ်ပါတယ်။ ကဆုန်လပြည့်နေဟာ ဗုဒ္ဓဘုရားရှင် ဗျာဒိတ်ခံယူတော်မူသောနေ့ ၊ ဖွားမြင်သောနေ့ ၊ ဘုရားဖြစ်တော်မူသောနေ့ ၊ ပရိနိဗ္ဗာန်စံ တော်မူသောနေ့ လည်းဖြစ်ပါတယ်။ ဒါကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့လို့ ဗုဒ္ဓဘာသာဝင်တွေက အထူးအမြတ်ထားတာလည်းဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ အလှူ ဒါန ပြုလုပ်တာ ၊ သီတင်းသီလဆောက်တည်တာတွေကို ပြုလုပ်လေ့ရှိပါတယ်။ ဒါအပြင် ကဆုန်ညောင်ရေသွန်းပွဲကို နိုင်ငံအနှံမှာရှိတဲ့ စေတီပုထိုးတွေမှာ ကျင်းပလေ့ရှိတာပါ။ 

No comments:

Post a Comment