Saturday, May 18, 2019

နေပြည်တော်ကောင်စီနယ်မြေတစ်ခုလုံး စိမ်းလန်းစိုပြည်ရေးအတွက် တစ်လလျှင် ကျပ်သန်း ၂၀ဝ ဝန်းကျင် သုံးစွဲနေကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန်ပြောကြား

နေပြည်တော်ကောင်စီ နယ်မြေတစ်ခုလုံး စိမ်းလန်းစိုပြည်ရေးအတွက် တစ်လလျှင် ကျပ်သန်း ၂၀ဝ ဝန်းကျင်သုံးစွဲနေကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။ြ ပန်ကြားရေးဝန်ကြီးဌာနတွင် မေ ၁၅ ရက်က ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဦးမျိုးအောင်က အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ပျမ်းမျှဆိုရင်တော့ ကုမ္ပဏီအပိုင်းတွေက ကျွန်တော်တို့က မတူဘူးပေါ့နော်။ ပေရှည်တွေမတူဘူး။ မိုင်တွေမတူတဲ့အတွက် နှုန်းတွေကတော့ တူမှာမဟုတ်ဘူး။ ကျွန်တော်တို့က တစ်လလုံးမှာသုံးတာသည် တစ်မြို့လုံးပေါ့။ တစ်မြို့လုံးမှာ သန်း ၂၀ဝ ပတ်ဝန်းကျင် လောက်သုံးတယ်။ ဒီဟာကိုတော့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ တစ်လအတွက်ဖြစ်ပါတယ်” ဟု ゞင်းက ပြောကြားသည်။


နေပြည်တော်ကောင်စီ စိမ်းလန်းစိုပြည်ရေး လုပ်ဆောင်ရာ၌ လမ်းပိုင်းများ မတူညီခြင်း၊ ကုမ္ပဏီတစ်ခုနှင့်တစ်ခု မတူညီခြင်းနှင့် သစ်ပင်အမျိုးအစားခွဲခြားထားသည့်အတွက် တစ်လချင်းဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းစစ်ဆေးသည့်အပေါ်တွင် ပေးပြီးဆောင်ရွက်သည့်အတွက် ကုန်ကျစရိတ်ငွေကြေးကို တိတိကျကျပြော၍မရကြောင်း ဦးမျိုးအောင်က ဆိုသည်။

ゞင်းက “ကျွန်တော်တို့ပေးတာသည် နှစ်ရှည်ပင်တစ်ပင်ကို ဘယ်လောက်နှုန်း၊ မြက်ခင်းပြင်ဆိုရင် တစ်ပေနှုန်းက ဘယ်လောက်။ နှစ်တိုပင်ဆိုရင် ဘယ်လောက်နှုန်း။ ရေလောင်းတာက ဘယ်လောက်။ ပျိုးထောင်တဲ့အတွက် မြေသြဇာထည့်တာအတွက် ဘယ်လောက်။ သူတို့နှုန်းတွေနဲ့သွားတဲ့အတွက် တစ်လချင်းဆောင်ရွက်ပြီးတဲ့ လုပ်ငန်းစစ်ဆေးပြီးတဲ့အပေါ်မှာ ပေးတဲ့အတွက် ဘယ်လောက်ဆိုပြီးတိတိကျကျ ပြောလို့မရဘဲနဲ့ လုပ်ငန်းပြီးစီးတဲ့ အပေါ်မှာပဲ ဆောင်ရွက်တဲ့အနေအထားမှာ ပေးချေတာဖြစ်ကြောင်း ပြောပြလိုပါတယ်”ဟု ဆက်လက်ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေအား Green City  ဖြစ်ရန်အတွက် နေပြည်တော်ကောင်စီအနေဖြင့် လမ်းဘေးဝဲယာရှိ တောအုပ်များကို ထိန်းသိမ်းဆောင်ရွက်နေသည့်အပြင် သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း ဆောင်ရွက်ကြောင်း ဦးမျိုးအောင်က ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ရှေ့ဆက်ပြီး Green ဧရိယာတွေ ပိုမိုတိုးချဲ့ပြီးတော့ ရရှိလာတဲ့ဘတ်ဂျက်အပေါ်မှာ မြို့ကို Green ဧရိယာပိုကျယ်နိုင်တဲ့ ကျယ်အောင် စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု ဦးမျိုးအောင်က ဆက်လက်ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေကို ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ တပ်ကုန်း မြို့နယ်၊ သီရိငါးမြို့နယ်အပါအဝင် မြို့နယ် ရှစ်မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ ၁၁ သိန်းကျော်နေထိုင်ကြောင်း သိရသည်။

No comments:

Post a Comment