Saturday, May 18, 2019

ထိမ်းမြား လက်ထပ်နိုင်သည့် အသက်အရွယ်သတ်မှတ်ချက် အပါအဝင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း၏ သဘောထားကွဲလွဲချက် ၂၇ ချက်ကို ပြည်ထောင်စုလွှတ်တော်၏ သဘောထားရယူရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်

ထိမ်းမြား လက်ထပ်နိုင်သည့် အသက်အရွယ်သတ်မှတ်ချက်အပါအဝင် ကလေးသူ ငယ်အခွင့်အရေးများဆိုင်ရာဥပဒေကြမ်း၏ သဘောထားကွဲလွဲချက် ၂၇ ချက်ကို ပြည်ထောင်စုလွှတ်တော်၏ သဘောထားရယူရန် ပြည်သူ့လွှတ်တော်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသော အချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် မေ ၁၇ ရက်ကပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး၏ သတ္တမနေ့တွင် အဆိုတင်သွင်းဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“သဘောတူတဲ့အပိုင်းတွေရှိသလို သဘောမတူတဲ့အပိုင်းတွေရှိတယ်။ တချို့ဟာတွေကျတော့လည်း ဥပဒေကြမ်းကော်မတီ အတိုင်းပဲပေါ့နော်။ ဒါတွေနဲ့ သဘောကွဲလွဲတဲ့အခါမှာ စုစုပေါင်း ၂၇ ချက် ပြည်ထောင်စု မှာ တင်မှာပေါ့နော်။ ဒီအချက်နဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အားလုံးက ပြည်သူ့လွှတ်တော်ကို သဘောတူသလား၊ ဒါမှမဟုတ် အမျိုးသားလွှတ်တော်ကို သဘောတူသလားဆိုတာကို ပြည်ထောင်စုမှာ ပြန်ပြီးတော့ဆွေးနွေးမှာပေါ့” ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောကြားသည်။အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်၏ အတည်ပြုချက် သဘောထားအတိုင်း ပြည်သူ့လွှတ်တော်က သဘောတူခဲ့သည့် အချက် ၂၆ ချက်ရှိပြီး အမျိုး သားလွှတ်တော်၏ အတည်ပြုချက်ကို ပြည်သူ့လွှတ်တော်က သဘောမတူဘဲ ပြည်သူ့လွှတ်တော်က ယခင်အတည်ပြုချက်အတိုင်းထားရှိရန် ၁၅ နှင့် ထပ်မံပြင်ဆင်ရန် ပြည်သူ့လွှတ်တော်က တင်ပြချက် ၁၂ ချက် စုစုပေါင်း သဘောထားကွဲလွဲချက် ၂၇ ချက် ရှိခဲ့ခြင်း ဖြစ်သည်။ထိုသို့ သဘောထားကွဲလွဲရာတွင် ယင်းဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်တွင် အတည်ပြုစဉ်က ဝေဖန်သံများ ထွက်ပေါ်ခဲ့သည့် လက်ထပ်ထိမ်းမြားခြင်း အသက်အရွယ်သတ် မှတ်ချက်လည်း ပါဝင်သည်။အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ゞင်းတို့၏ သက်ဆိုင်ရာတည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်း ဥပဒေများတွင် သတ်မှတ်ထားသည့်အတိုင်း ဖြစ်စေရမည်။ သို့ရာတွင် ထိမ်းမြားလက်ထပ်ခြင်း စာချုပ်ချုပ်ဆို၍ ထိမ်းမြား လက်ထပ်ခြင်းဖြစ်ပါက ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက်သည် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမည်ဟု အဆိုပြု ပြဋ္ဌဌာန်းချက်ကို ပြည်သူ့လွှတ်တော်က အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ゞင်းတို့၏ သက်ဆိုင်ရာတည် ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေများတွင် သတ်မှတ်ထားသည့်အတိုင်း ဖြစ်စေရမည်ဟု အတည်ပြုခဲ့သည်။ယင်းသို့ ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်နှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်က အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ၁၈နှစ်ပြည့် ပြီးဖြစ်ရမည်ဟု ပြန်လည်အတည်ပြုထား၍ ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့ထားခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ယခင်အဆိုပြုပြဋ္ဌဌာန်းချက်အတိုင်း ထပ်မံပြင်ဆင်ရန် တင်ပြထားရာ  လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲနေခြင်းဖြစ်သည်။

No comments:

Post a Comment