Thursday, May 16, 2019

သဘာဝရေမြေတောတောင်များစွာနဲ့ ပြည့်နှက်နေတဲ့ ဂျာမနီနိုင်ငံ

Image may contain: tree, plant, flower, grass, sky, outdoor and natureဥရောပမြောက်အလယ်ပိုင်းမှာ တည်ရှိတဲ့ ဂျာမနီနိုင်ငံဟာ သဘာဝရေမြေတောတောင်များစွာနဲ့ ပြည့်နှက်လျက်ရှိတဲ့ နိုင်ငံပါ။ အနောက်ဘက်မှာ ထူထပ်လှတဲ့ တောကြီးများ၊ တောင်ဘက်မှာ မတ်စောက်လှတဲ့ တောင်ကြီးများနဲ့ မြောက်ဘက်မှာ သဲမြေပြင်များ စတဲ့သဘာဝတရားကြီးများက ၀န်းရံထားတာ ဖြစ်ပါတယ်။ အပင်ပေါင်း (၂၈၀၀၀) ရှိပြီး အပင်မျိုးစေ့ပေါင်းများစွာရှိတဲ့ နိုင်ငံဖြစ်ပါတယ်။


အောက်တိုဘာလလယ်မှစတင်ပြီး ဂျာမနီနိုင်ငံ Mainau ကျွန်းမှ Constance ရေကန်မှာ ပင်လယ်ပျော်ပန်းများစွာ ရှိပါတယ်။ ပန်းကျွန်းမှာတော့ ပုံသဏ္ဍာန်မျိုးစုံနဲ့ များစွာသော ပန်းဥယျာဉ်များရှိပြီး အီတလီပန်းဥယျာဉ်၊ ကျူးလစ်ဖူးများ၊ ဒေလီယာပန်းဥယျာဉ်နဲ့ ရှားပါးသစ်ပင်ကြီးများကို စိုက်ပျိုးပြသထားခဲ့ပါတယ်။

ခံ့ညားလှပလွန်းတဲ့ ပန်းများကို ပြသစိုက်ပျိုးထားရာ နေရာဖြစ်လို့ လည်ပတ်သူအမြောက်အများရဲ့ အာရုံကို နှစ်စဉ်နှစ်တိုင်း ဆွဲဆောင်စေခဲ့ပါတယ်။

No comments:

Post a Comment