Thursday, May 16, 2019

မူဆယ်တွင် မီးလောင်၊ နေအိမ် ၄ လုံး ဆုံးရှုံး

Image may contain: outdoorရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်ဆော်ရပ်ကွက်ထဲမှာ မေလ ၁၅ ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးသွားပါတယ်။ မီးလောင်တဲ့သတင်း ရရှိပြီးနောက် မီးသတ်ကား ၁၀ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ပေမယ့် နေအိမ် ၄ လုံး မီးထဲပါသွားတယ်လို့ မူဆယ်ခရိုင် မီးသတ်ဌာန ဦးစီးအရာရှိ ဦးလွှမ်းမိုးအောင်က ပြောပါတယ်။ “နေအိမ်က စုစုပေါင်း အိမ်သေးရော အိမ်ကြီးရော လေးလုံးတော့ လောင်သွားတယ်။ သွပ်မိုးထရံကာ မြေစိုက်အိမ်တွေပါ။ အဲဒီအိမ်တွေက အလုပ်သမားတွေ ငှားနေတဲ့ အိမ်ခန်းတွေဆိုတော့ ပစ္စည်းကြီးကြီးမားမားတွေ သိပ်မရှိဘူး။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတွေကို ကျပ် ၁၁ သိန်း ၉ သောင်းလို့ ခန့်မှန်းပါတယ်။”


မွန်းလွဲ ၁ နာရီ ၁၅ မိနစ်လောက်မှာ မီးစလောင်တာဖြစ်ပြီး မွန်းလွဲ ၁ နာရီ ၅၅ မှာ မီးညွန့်ကျိုးသွားကာ ညနေ ၂ နာရီမှာ လုံးဝမီးငြိမ်းသွားခဲ့တယ်လို့ မူဆယ်မီးသတ်ဌာနက ပြောပါတယ်။

မီးစလောင်တဲ့ နေအိမ်မှာ နေထိုင်တဲ့သူက လျှပ်စစ်ရေနွေးအိုး တည်ထားခဲ့ပြီး အဝတ်သွားလျှော်နေစဉ် လျှပ်စစ်မီး အပူလွန်ကဲရာက မီးလောင်ကျွမ်းတာလို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိဘဲ မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင်ကို အမှုဖွင့် အရေးယူသွားဖို့ ရဲစခန်းက စီစဉ်ဆောင်ရွက်နေပါတယ်။

No comments:

Post a Comment