Thursday, May 16, 2019

ဘူးသီးတောင်မြို့နယ်က စစ်ဘေးရှောင် ၂၆၀၀ ကျော်ကို အ၀တ်အထည်များ ထောက်ပံ့

60188418_162278018127933_9022613574538756096_nရခိုင်ပြည်နယ်၊ ဘူးသီး​တောင်​မြို့နယ်​ရှိ စစ်​​ဘေး​ရှောင် ၂၆၀၀ ကျော်ကို ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှုးဦးစီးဌာနက ​အဝတ်​အထည်​တွေ ​ထောက်​ပံ့​ပေးအပ်​ခဲ့ပါတယ်။ ​တိုက်​ပွဲတွေကြောင့် နယ်​ရပ်​စွန့်​ခွာလာ​တဲ့ တိုက်​ပွဲ​ရှောင်​ပြည်​သူတွေကို ဘူးသီး​တောင်​မြို့နယ် အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမမှာ မေ ၁၅ ရက်​​ ည​နေပိုင်းက အဝတ်​အထည်​တွေ ထောက်​ပံ့​ပေးအပ်​ခဲ့​တာပါ။


ဘူးသီး​တောင်​မြို့​နယ်ေ​စတီ​​တောင်ဘုန်းေ​​တာ်​ကြီး​ကျောင်း၊ ခွဆုံ​ကျေးရွာ ဘုန်း​တော်​ကြီး​ကျောင်း၊ ​တောင်​ရပ်​ကွက် ​ရန်​​အောင်​​မြေဘုန်း​တော်​ကြီး​ကျောင်း၊ ဒုံးသိမ်​​ကျေးရွာ ဓမ္မာရုံ၊ စက်​​ခေါ်​ကျေးရွာ၊ ကျောက်​စာတိုင်​​ကျေးရွာ၊ သပိတ်​​တောင်​​ကျေးရွာ၊ သိန်းတန်​​ကျေးရွာ၊ ကြာညိုပြင်​​ကျေးရွာ စတဲ့ တိုက်​ပွဲ​ရှောင်​ ယာယီကယ်ဆယ်ေ​​ရးစခန်းတွေမှာ ခိုလှုံနေကြတဲ့ ​ကျေးရွာ ၅၉ ရွာမှ အိမ်​​ထောင်​စု ၇၅၇ စု၊ လူဦးရေ ၂၆၃၈ ဦးတို့အား ကျားလုံချည်​ ၇၅၇ ထည်​၊ မလုံချည်​ ၇၅၇ ထည်​၊ တီရှပ် ​၁၅၁၄ ထည်​၊ ​စောင်​ ၇၅၇ ထည်​တို့ကို ​ပေးအပ်ခဲ့ပါတယ်။

No comments:

Post a Comment