Thursday, May 16, 2019

မိုင်းတုံတွင် ​ခွင့်ပြုချက်​​မျောစာမဲ့ ဆင်​သုံး​ကောင်​ သယ်ယူသည့် ဆင်​ဦးစီးများကို အမှုဖွင့်

60347193_429100961249375_8332160636398075904_nရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း မိုင်းတုံမြို့နယ်​ လွယ်​ပွတ်​သစ်​​တောကြိုးဝိုင်းဧရိယာအတွင်း ​ရောက်​ရှိ​နေတဲ့ သစ်​ဆွဲဆင်​သုံး​ကောင်​ကို ခွင့်ပြုချက်​​မျောစာမပါရှိဘဲ သယ်​ယူ​ရွှေ့ပြောင်းလာ တဲ့ ဆင်​ဦးစီး သုံးယောက်​ကို သစ်​​တောဌာနက ဖမ်းဆီးအမှုဖွင့်လှစ်​ခဲ့ပါတယ်​။ “၂၀၁၃ ခုနှစ်​မှာ တင်​မြင့်ရီကုမ္ပဏီက နိုင်​ငံ​တော်​အစိုးရခွင့်ပြုချက်​နဲ့ ထုတ်​လုပ်​​တဲ့ သစ်​တွေနဲ့ ဝင်းကု​ဋေကုမ္ပဏီမှ ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ အစီအစဉ်​နဲ့ ​ဒေသဖွံ့ဖြိုး တိုးတက်​​ရေးအတွက်​ ထုတ်​လုပ်​တဲ့သစ်​​တွေကို အငှားဆွဲဖို့ သယ်​​ဆောင်​လာရာမှာ ဆင်​မှတ်​ပုံတင်​သက်​တမ်း ကုန်​ဆုံးပြီး သက်​တမ်းတိုးထားတာ မရှိ​ကြောင်း စစ်​​ဆေး​တွေ့ရှိတာ​ကြောင့် ခုလို​ဆောင်​ရွက်​ရတာပါ” လို့ မြို့နယ်​သစ်​​တော ဦးစီးအရာရှိ ဦးဖိုးချိုက​ ပြောပါတယ်​။



တင်​မြင့်ရီကုမ္ပဏီက ၂၀၁၂ ခုနှစ်​မှာ ကချင်​ပြည်​နယ်​ မိုး​ကောင်းမြို့နယ်​​နေ ဦး​စော​နေရူးထံမှ ငှားရမ်းခဲ့တဲ့ ဆင်​(ထီး)​နော်​ဂျာ၊ ပဲခူးတိုင်း​ဒေသကြီး​ တောင်​ငူမြို့​နေ ဦး​စော​နေမူးထံမှ ငှားရမ်းခဲ့တဲ့ ဆင်​(ထီး)ဖားဒိုထူးနဲ့ ဝင်းကု​ဋေကုမ္ပဏီက မိုင်းတုံမြို့နယ် ​​ဟောင်​လီ​ကျေးရွာ​နေ ဦး​စောသဲဝါးထံမှ ငှားရမ်းခဲ့တဲ့ ဆင်​(မ)ထက်​ထက်​စိန်​ တို့ကို သစ်​​တောညွှန်​ကြား​ရေးမှူးတွေရဲ့ ခွင့်ပြုချက်​​မျောစာမပါရှိဘဲ သယ်​​ဆောင်​ကာ လုပ်​ငန်း​ဆောင်​ရွက်​​နေခဲ့တာဖြစ်​ပါတယ်​။

“အရင်​တုန်းက​တော့ ခွင့်ပြုချက်​အရ သယ်​လာတာပါပဲ။ အခုမှ ၂၀၁၈ သစ်​​တော ဥပ​ဒေပြင်​ဆင်​ချက်​အရဆိုပြီး စစ်​​ဆေးခံရပြီး အ​ရေးယူဖို့ဖြစ်​လာတာပါ။ ဒဏ်​​ကြေး​ပေး​ဆောင်​ ရဖို့ပဲ ရှိပါတယ်​။ ​လော​လောဆယ်​တ​ဦးကို သိန်းငါးဆယ်​တန်​ ခံဝန်​​တော့ ​ပေးထားပါတယ်​” လို့ ဆင်​ပိုင်​ရှင်​ဆင်​ဦးစီးဖြစ်​သူ ဦး​စောသဲဝါးက ဆိုပါတယ်​။

အဆိုပါ ဆင်​ပိုင်​ရှင် ​ဆင်​ဦးစီး သုံးဦးတို့ကို မိုင်းတုံမြို့မရဲစခန်းက သစ်​​တောဥပ​ဒေ ပုဒ်​မ၃၉(က)အရ အမှုဖွင့်အ​ရေးယူထားပြီး တရားရုံးမှာ အမှုရင်​ဆိုင်​ပြီးပါက ဒဏ်​​ကြေး ကျပ်​သုံးသိန်းမှ ကျပ်​ခုနှစ်​သိန်းအထိ​ ပေး​ဆောင်​ရနိုင်​​တယ်လို့ သိရပါတယ်​။

No comments:

Post a Comment