Thursday, May 16, 2019

အိန္ဒိယရွေးကောက်ပွဲ နောက်ဆုံးအဆင့်မတိုင်မီ ကိုလ်ကတ္တား၌ ရန်ပွဲများဖြစ်ပွား

အိန္ဒိယနိုင်ငံတွင် ရွေးကောက်ပွဲကြီး၏ နောက်ဆုံးအဆင့်မကျင်းပမီ အဓိကကျသော မြို့တစ်မြို့ဖြစ်သည့် ကိုလ်ကတ္တားတွင် ဝန်ကြီးချုပ် နရင်ဒရာမိုဒီအား ထောက်ခံသူများနှင့် အတိုက်အခံခေါင်းဆောင်တစ်ဦးအား ထောက်ခံသူများကြား၌ ရန်ပွဲများကြောင့် မေ ၁၅ ရက်က တင်းမာမှု မြင့်တက်ခဲ့သည်။ လူ ၅၉ ဦး အဖမ်းခံရသည့် မေ ၁၄ ရက်နှောင်းပိုင်းက လမ်းပေါ်ရန်ပွဲများကြောင့် အာဏာရ ဘီဂျေပီပါတီ၏ ဥက္ကဋ္ဌဌဖြစ်သော အာမစ်ရှာသည် ကိုလ်ကတ္တားမြို့၌ ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ လူထုစုဝေးပွဲတစ်ခုမှ လက်နက်ကိုင် အစောင့်အရှောက်များနှင့်အတူ ထွက်ခဲ့ရသည်ဟု အနောက်ဘင်ဂေါပြည်နယ်ရှိ ရဲများက ပြောခဲ့ကြသည်။



ထိုဖြစ်စဉ်များအတွင်း ထင်ရှားသည့် ဘင်ဂေါပြုပြင်ပြောင်းလဲရေးသမား အက်ရှ်ဝါချန်ဒရာ၏ ရုပ်တုမှာ ဖျက်ဆီးခံခဲ့ရပြီး ゞင်း၏အမည်ကို အစွဲပြုပေးထားသော ကောလိပ်တစ်ခုမှာလည်း မွှေနှောက်ဖျက်ဆီးခံခဲ့ရသည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘီဂျေပီနှင့် ပြိုင်ဘက်ထရိုင်နာမိုကွန်ဂရက် TMC တို့က အပြန်အလှန် ဒေါသတကြီး ပြစ်တင်နေကြသည်။


မေ ၁၉ ရက်တွင် အဆုံးသတ်ပြီး မေ ၂၃ ရက်၌ ရလဒ်ထွက်လာမည့် သီတင်းခြောက်ပတ်ကြာ ရွေးကောက်ပွဲကာလအတွင်း အနောက်ဘင်ဂေါပြည်နယ်ထဲ၌ အကြမ်းဖက်ဖြစ်စဉ်များကို ထပ်တလဲလဲ ကြုံနေရသည်။

မိုဒီ၏ ဘီဂျေပီပါတီသည် အခြားဒေသ၌ အရှုံးနှင့်ကြုံရနိုင်ခြေရှိမှုများကို ထေမိစေရန် အနောက်ဘင်ဂေါပြည်နယ် ပါလီမန်ထဲမှ အမတ်နေရာ ၄၂ နေရာအနက် အများအပြားကို TMC ပါတီထံမှ ရရှိရန် မျှော်လင့်နေသည်။

ဘီဂျေပီ ဥက္ကဋ္ဌဌရှာ၏ လူထုစုဝေးပွဲကို တိုက်ခိုက်မှုများအား အနောက်ဘင်ဂေါပြည်နယ် ဝန်ကြီးချုပ် မာမာတာဘင်နာဂျီသည် ကြိုးကိုင်ခဲ့ခြင်းဖြစ်သည်ဟု ဘီဂျေပီက စွပ်စွဲနေသည်။ “ဘင်ဂေါက ရာဇဝတ်အစိုးရတစ်ရပ်ကို အလိုရှိနေတာလား။ အာမစ်ရှာရဲ့ ငြိမ်းချမ်းတဲ့ လူထုစုဝေးပွဲကို TMC ရဲ့ တိုက်ခိုက်မှုဟာ မနှစ်မြို့ဖွယ် ကောင်းလွန်းပါတယ်” ဟု ဘဏ္ဍဍာရေးဝန်ကြီး အရန်ဂျစ်တလေက Twitter ပေါ်၌ ရေးသားခဲ့သည်။

မေ ၁၅ ရက်တွင် ဆန္ဒပြချီတက်ပွဲတစ်ခု ပြုလုပ်ရန် ဆော်သြထားသည့် ဘင်နာဂျီကရှာသည် ဆန္ဒပြပွဲများကို ခွင့်မပြုသော နတ်ဘုရားတစ်ပါးသဖွယ် ပြုမူနေသည်ဟု ပြန်လည်ထိုးနှက်ခဲ့သည်။

ရှာ၏ ယာဉ်တန်းသည် TMC ၏ ကျောင်းသားအုပ်စုမှ တက်ကြွလှုပ်ရှားသူများ စုဝေးနေသည့် ဃေူခကအအေ တက္ကသိုလ်ဝင်ပေါက်မှ ဝင်လာစဉ် ပြဿနာများစတင်ခဲ့သည်။ ယင်းနောက် ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းများ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်နှစ်စင်းနှင့် စက်ဘီးတစ်စင်းတို့ မီးရှို့ခံခဲ့ရသည်။

အနောက်ဘင်ဂေါတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများကို ဆန့်ကျင်ရန် ဘီဂျေပီသည် ဒေလီ၌ ငြိမ်သက်စွာ ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့သလို TMCနှင့် မဟာမိတ်တို့ကလည်း အပြိုင်ဆန္ဒပြပွဲများကို ကိုလ်ကတ္တား၌ ပြုလုပ်ခဲ့သည်။

နိုင်ငံအရှေ့ပိုင်း ပြည်နယ်၌ TMC အပေါ် မိုဒီပါတီ၏ ရန်လိုသော မဲဆွယ်စည်းရုံးမှုများကြောင့် ရွေးကောက်ပွဲအတွင်း ခါးသီးမှု အများဆုံး ယှဉ်ပြိုင်ပွဲတစ်ခု ဖြစ်လာစေသည်ဟု လေ့လာသူများက ပြောခဲ့ကြသည်။

ဘောလိဝုဒ်ရုပ်ရှင်မင်းသမီး ပရီယန်ကာချိုပရာ၏ ခန္ဒာကိုယ်တွင် ဘီနာဂျီ၏ ဦးခေါင်းကိုတပ်ထားသည့် ပြုပြင်ထားသော ရုပ်ပုံတစ်ပုံကို Facebook တွင် တင်ခဲ့သောကြောင့် BJP ပါတီမှ တက်ကြွလှုပ်ရှားသူတစ်ဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍လည်း ပါတီနှစ်ခုကြားတွင် မကျေမနပ်ဖြစ်နေကြသည်။

No comments:

Post a Comment