Thursday, May 16, 2019

ဟူသီသူပုန်များက ဒရုန်းနှင့်တိုက်ခိုက်မှုအပြီး ဆော်ဒီက အဓိကရေနံပိုက်လိုင်းကို ပိတ်ချ

အီရန်နှင့်ဆက်နွှယ်သော ယီမင်သူပုန်များက ဒရုန်းနှင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေဗျက ゞင်း၏အဓိက ရေနံပိုက်လိုင်းတစ်ခုကို မေ ၁၄ ရက်တွင် ပိတ်ချခဲ့ရာ ရေနံတင်သင်္ဘ࿿ောအများအပြား ထူးဆန်းစွာ တိုက်ခိုက်ခံခဲ့ရပြီးနောက် ပင်လယ်ကွေ့၌ တင်းမာမှုများကို ထပ်မံမြင့်တက်စေခဲ့သည်။ေ ရနံပို့လွှတ်သည့်စက်ရုံနှစ်ရုံသည် မေ ၁၄ ရက်အစောပိုင်းတွင် ပစ်မှတ်ထားခံခဲ့ရကြောင်း ရေနံထုတ်လုပ်သည့် နိုင်ငံများအဖွဲ့ OPEC ၏ အဓိကအဖွဲ့ဝင်နှင့် ကမ္ဘာတွင် ရေနံအများဆုံး တင်ပို့သည့်နိုင်ငံ ဆော်ဒီက ထုတ်ပြန်ခဲ့သည်။ East West ပိုက်လိုင်းပေါ်တွင် တည်ရှိသော ထိုစက်ရုံများသည် ရေနံကြွယ်ဝသည့် Eastern Province မှ ပင်လယ်နီဆိပ်ကမ်းသို့ နေ့စဉ် ရေနံစည်ငါးသန်း ပို့လွှတ်နေသည်။



ယီမင်ပြည်တွင်းပဋိပက္ခတွင် ဦးဆောင်ပါဝင်နေသည့် ဆော်ဒီ၏အရေးပါသော အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ယီမင်ဟူသီသူပုန်များက ကြေညာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဆော်ဒီ၏ ကြေညာချက် ထွက်လာခဲ့ခြင်းဖြစ်သည်။


ထိုရေနံပိုက်လိုင်း၏အခြေအနေကို ချင့်ချိန်ရန်အတွက် ဆော်ဒီနိုင်ငံပိုင်ရေနံကုမ္ပဏီကြီး Aramco က ယာယီပိတ်ချခဲ့ကြောင်း ဆော်ဒီစွမ်းအင်ဝန်ကြီး ခါလီဖာအယ်ဖာလီက ပြောကြားခဲ့သော်လည်း ရေနံထုတ်လုပ်မှုနှင့် တင်ပို့မှုများကိုမူ ထိခိုက်ခြင်းမရှိဟု ပြောကြားခဲ့သည်။

ထိုပစ်ခတ်မှုသည် ဆော်ဒီအာရေဗျကိုသာမက ကမ္ဘာနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအား ရေနံထောက်ပံ့နေမှုကိုပါ ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ゞင်းက ပြောကြားခဲ့သည်။

ယီမင်ပြည်သူများအား လူမျိုးတုံး သတ်ဖြတ်မှုကို ဆက်လက်ကျူးနေသူများအား တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဟူသီသူပုန်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် မိုဟာမက်အဗ္ဗဒူဆာလမ်က Twitter ၌ ရေးသားခဲ့သည်။ ရန်စသူများသည် ゞင်းတို့၏ ရာဇဝတ်မှုများနှင့် ပိတ်ဆို့မှုများအား ဆက်လက်ပြုလုပ်လျှင် ရန်သူနိုင်ငံများ၏ ဗဟိုချက်များအထိ ကြီးမားပြီး ကျယ်ပြန့်သော အခြားစစ်ဆင်ရေးများကို လုပ်ဆောင်နိုင်စွမ်းရှိကြောင်းလည်း ဟူသီသူပုန်အဖွဲ့က သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ပင်လယ်ကွေ့အဝတွင်ရှိသော မဟာဗျူဟာမြောက် အလွန်အမင်းအရေးပါသည့် ဟောမုဇ်ရေလက်ကြားသည် ပိတ်ဆို့ခံရလျှင် ဆော်ဒီက ရေနံစိမ်းတင်ပို့ရန် အခြားလမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုမည့် ကီလိုမီတာ ၁၂၀ဝ (မိုင် ၇၅၀) ရှည်လျားသည့် ထိုရေနံပိုက်လိုင်းသည် တိုက်ခိုက်မှုတွင် ထိမှန်ခဲ့သည်ဟု သိရသည်။ အမေရိကန်နှင့် စစ်ဘက်ဆိုင်ရာ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပါက ဟောမုဇ်ရေလက်ကြားကို ပိတ်ပစ်မည်ဟု အီရန်က အကြိမ်ကြိမ်ခြိမ်းခြောက်ထားခဲ့သည်။

ဟော်မုဇ်ရေလက်ကြားအဝရှိ ယူအေအီး၏ ဖူဂျိုင်ရာအလွန်တွင် သင်္ဘ࿿ောလေးစင်းသည် အဖျက်အမှောင့်တိုက်ခိုက်မှုများတွင် ထိခိုက်ပျက်စီးခဲ့သည်ဟု ယူအေအီးက ထုတ်ပြန်ခဲ့ပြီးနောက် ရေနံပိုက်လိုင်းကို ဒရုန်းဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖူဂျိုင်ရာဆိပ်ကမ်းသည် ပင်လယ်ကွေ့ နိုင်ငံများ၏ ရေနံတင်ပို့မှု အများစုဖြတ်သန်းသည့် ဟော်မုဇ်ရေလက်ကြားကို ရှောင်လွှဲထားသည့် အာရေဗျပင်လယ်ကမ်းရိုးတန်းတွင် တည်ရှိသော ယူအေအီး၏ တစ်ခုတည်းသော ဆိပ်ကမ်းဖြစ်သည်။

ယူအေအီးကမ်းလွန်၌ ဖြစ်ပွားခဲ့သော ရေနံတင်သင်္ဘ࿿ောများ တိုက်ခိုက်ခံခဲ့ရမှုအား  စုံစမ်းစစ်ဆေးမှုတွင် ယူအေအီး၊ ဆော်ဒီနှင့်အတူ အမေရိကန်၊ ပြင်သစ်နှင့် နော်ဝေအစရှိသည့် အနောက်နိုင်ငံသုံးနိုင်ငံလည်း ပါဝင်မည်ဟု ယူအေအီးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။   

No comments:

Post a Comment