Thursday, May 16, 2019

ဆူဒန်ဆန္ဒပြပွဲများကို စစ်တပ်က ကျည်အစစ်ဖြင့် ပစ်ခတ်သည့်ရုပ်သံ ထွက်ပေါ်

ဆူဒန်နိုင်ငံ မြို့တော် ခါတွန်မှာ မေလ ၁၅ ရက်နေ့က ဆန္ဒပြနေစဉ်အတွင်း စစ်တပ်က ကျည်အစစ်နဲ့ပစ်ခတ်တဲ့ ဗွီဒီယိုဖိုင် ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာပါတယ်။ ဆူဒန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျည်အစစ်သုံးပြီး ဆန္ဒပြသူတွေကို ဖယ်ရှားချိန်မှာ လူ ၉ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ဆူဒန်နိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းချိန် နိုင်ငံကို ဘယ်သူအုပ်ချုပ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အစည်းအဝေး မကျင်းပမီ အခုလိုဖြစ်ခဲ့တာပါ ဆန္ဒပြပွဲတွေကို လနဲ့ချီ ဦးဆောင်နေတဲ့ ဆူဒန်နိုင်ငံ ပညာရှင်များအဖွဲ့ (SPA) က ဒဏ်ရာရသူ ၉ ယောက်ရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဆူဒန်စစ်တပ်က လူ ၄ ယောက်ထက်မနည်း သေဆုံးရတဲ့ မေလ ၁၃ ရက် အကြမ်းဖက်မှုကို ကော်မတီဖွဲ့ စုံစမ်းစစ်ဆေးသွားမယ်လို့ မေလ ၁၅ ရက် အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

No comments:

Post a Comment