Thursday, May 16, 2019

တနင်္သ࿿ာရီတိုင်းဒေသကြီးသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်မှု အမြင့်ဆုံး ရှိနေသော်လည်း လျှပ်စစ်မီးရရှိမှု သုညနှင့် လမ်းပန်းဆက်သွယ်ရေး အားနည်းချက်များ ရှိနေကြောင်း ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ပြောကြား

တနင်္သ࿿ာရီတိုင်းဒေသကြီးမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်မှု အလားအလာအမြင့်ဆုံး ရှိနေသော်လည်း လျှပ်စစ်မီးရရှိမှု သုညနှင့် လမ်းပန်းဆက်သွယ်ရေး အားနည်းချက်များ ရှိနေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။ တနင်္သ࿿ာရီတိုင်းဒေသကြီး၏ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက အရေးပါသော မောတောင်လမ်း ဖွင့်ပွဲတွင် ဒုဝန်ကြီးမှ မေ ၁၂ ရက်က ပြောကြားခဲ့ခြင်း ဖြစ်ပြီး နယ်စပ်ဂိတ်ကိုလည်း အမြန်ဆုံးဖွင့် လှစ်နိုင်ရန် ဆောင်ရွက်သင့်ကြောင်း မှတ်ချက် ပြုပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့သို့ အတိုဆုံးလမ်းကြောင်းဖြင့် သွားလာနိုင် မည့် မြိတ်-တနင်္သ࿿ာရီ-မောတောင်လမ်းမှာ ရေ ထွက်ကုန်များကို အချိန်တိုအတွင်း ပို့ဆောင် နိုင်မည့်လမ်းဖြစ်သလို
ထိုင်းနိုင်ငံ ရနောင်းမြို့ သို့ ရောက်ရှိနေသည့် ငါးဈေးကွက်ကြီးကို မြန်မာနိုင်ငံသို့ ပြန်လည်ယူဆောင်နိုင်မည့်  လမ်းတစ်ခုဖြစ်လာနေကြောင်း သိရသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်မည့် အလားအလာ အကောင်းဆုံး တိုင်းဒေသကြီးအဖြစ် တွက် ချက်ထားပြီး လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေး အားနည်းချက်များ အမြန်ဆုံး ဖြေရှင်းရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

“တိုးတက်လာအောင် ကျွန်တော်တို့ ဆောင်ရွက်ရမယ်။ ကျွန်တော်တို့ ဒီလမ်းကြီး ပွင့်သွားရင် မောတောင်ဂိတ်ကနေ ဘန်ကောက်ကို အချိန်တိုအတွင်း ရောက်သွားနိုင်တယ်။ ရနောင်းက ငါးဈေးကွက်လည်း ဒီကိုရောက် လာမယ်။ နောက်ပြီးတော့ ခရီးသွားတွေ ဒီ လမ်းကနေ ဝင်လာပြီး မြိတ်ကျွန်းစု ခရီးသွား လုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ်။ တနင်္သ࿿ာရီတိုင်းကို ကျွန်တော်တို့ကြည့်ရင် တနင်္သ࿿ာရီတိုင်းက တကယ်တမ်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု Potential အမြင့်ဆုံးအထဲမှာပါတယ်။ Expected Economic Return ၈၆ ရာခိုင်နှုန်း အထိရှိတယ်။ ပြည်နယ်နှင့် တိုင်း ၁၄ ခုထဲမှာ တနင်္သ࿿ာရီတိုင်းက ကျွန်တော်တို့ တွက်ချက်မှုမှာ နံပါတ်တစ်ပဲ။ ဒါပေမဲ့ ဘာတွေ အားနည်းချက်ဖြစ်နေသလဲဆိုရင် လျှပ်စစ်မီးမရှိဘူး။ လျှပ်စစ်မီးက ဇီးရိုးပဲ။ တစ်ယူနစ်ကို ၃၀ဝ ကျော်ပေးနေရတယ်။ National Grip ဆိုတာ မရှိဘူး။ နောက် လမ်းပန်းဆက်သွယ်ရေး တောင်-မြောက် ဒေါင်လိုက်လမ်းကြီး တစ် လမ်းပဲ ရှိတယ်။ အရှေ့-နောက် ဖြတ်သွားတဲ့ ထိုင်းနယ်စပ်ကို သွားတဲ့လမ်းတွေ မကောင်းဘူး။ အားနည်းတယ်။ ကျွန်းတွေပေါ်မှာ လမ်း မရှိဘူး။ ကျွန်းက ကျွန်းပဲ။ ကျွန်းတစ်ခုနှင့် တစ်ခု ဆက်သွယ်ဖို့ တံတားမရှိဘူး။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတယ်။ ဟိုတယ်အရေ အတွက် နည်းနည်းလေးပဲရှိတယ်။ အခန်း အရေအတွက် နည်းနည်းလေးပဲရှိတယ်။ ဒါပေမဲ့ တိုးတက်မှုက Opportunity ဖြစ်နေတယ်။ Expected Economic Return တနင်္သ࿿ာရီတိုင်းဟာ လာမယ့်နှစ်မှာ ဖွံ့ဖြိုးတိုးတက်မှု အလားအလာ အကောင်းဆုံးပဲ။ ဒီနေရာမှာ လျှပ်စစ်မီးက ၂၀၂၁ မှာ ရသွားမယ်ဆိုရင်၊ ဒေါင်လိုက်လမ်းတွေ ပြီးသွားမယ်ဆိုရင်၊ ကျွန်းပတ်လမ်းတွေ အကောင်အထည် ဖော်နိုင်မယ်ဆိုရင် တနင်္သ࿿ာရီတိုင်းက ရေထွက်ကုန်တွေ၊ တနင်္သ࿿ာရီတိုင်းက သယံဇာတတွေ၊ ပြည်ပကို တင်ပို့တဲ့ အလွယ်ဆုံးလမ်းတွေ ဖြစ်လာမယ်။ အခွင့်အလမ်း အကောင်းဆုံး ဖြစ်နေတယ်” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားခဲ့သည်။


တနင်္သ࿿ာရီတိုင်းဒေသကြီး၏ အဓိက ထွက်ကုန်ဖြစ်သည့် ရေထွက်ပစ္စည်းများကို ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ကုန်ကြမ်းအဆင့် ဖြင့်သာ ရေလမ်းခရီးဖြင့် ပို့ဆောင်နေရပြီး ရနောင်းမြို့နှင့် မဟာချိုင်တွင် ကြီးမားသည့် ငါးဈေးကွက်ကြီးတစ်ခု ဖြစ်ပေါ်နေကြောင်း သိရသည်။ နယ်စပ်လမ်း ဖွင့်နိုင်ပြီဖြစ်သော်လည်း ကုန်လမ်းမှ ရေထွက်ပစ္စည်းများ ကျယ် ပြန့်စွာ တင်ပို့နိုင်ရန် ထိုင်းနိုင်ငံဘက်မှ အမြဲတမ်းနယ်ကုန်သွယ်ရေး ဂိတ်ဖွင့်ပေးရန် လို အပ်နေသေးကြောင်း သိရသည်။

“ဘိတ်ဒေသဖွံ့ဖြိုးဖို့အတွက်ဆိုရင် ဒီ လမ်းက အဓိကကျပါတယ်။ နှစ်ပေါင်းမြောက် မြားစွာပဲ ရေလမ်းခရီးကို အားထားပြီး ရနောင်း မြို့ကို ကယ်ရီအနေအထားနဲ့ပဲ သွားရောက် ရောင်းချနေရပါတယ်။ ဒီလမ်းကြောင်းပေါ် မှာတော့ တစ်နိုင်တစ်ပိုင် လုပ်ငန်းလေးတွေ ဖြစ်တဲ့ ကင်းမွန်၊ ငါးနှင့် ခရုစတဲ့ရေထွက်ပစ္စည်း လေးတွေကို ထိုင်းနိုင်ငံ မဟာချိုင်ကို သွား ရောက် ရောင်းချနေနိုင်ပြီဖြစ်ပါတယ်။ ကျယ် ကျယ်ပြန့်ပြန်လုပ်ဖို့ဆိုရင် ဒီဂိတ်ကို ထိုင်း နိုင်ငံဘက်ကနေ တရားဝင်ဖွင့်မှဖြစ်မှာပါ။ ငါးတွေအပြင် ဒေသထွက်ကုန်တွေ ပို့ဆောင်ဖို့ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်မှာ ဖြစ်ပါတယ်။ တနင်္သ࿿ာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ ကတော့ ရေလုပ်ငန်းဝန်ကြီးဌာနကို ကျွန်တော် ပြောလိုတာကတော့ နှစ်နိုင်ငံရဲ့ဂိတ်ဖြစ်နေ တဲ့အတွက် အစိုးရအနေနဲ့ တစ်ဖက်ကိုပြော ပေးမှ တစ်ဖက်နိုင်ငံက ဒီဂိတ်ကို ဖွင့်ပေးမယ် လို့ ကျွန်တော် ယူဆပါတယ်။ မြိတ်မှာလည်း ပဲ ရေနက်ဆိပ်ကမ်းလေးတစ်ခု အလတ်စား ပဲဖြစ်ဖြစ် တန်သုံးသောင်းကနေ လေးသောင်း အထိ တင်ဆောင်တဲ့သင်္ဘ࿿ောတွေဆိုက်ကပ် နိုင်တဲ့ ဆိပ်ကမ်းလေးတစ်ခုဖြစ်လာရင် နှစ် နိုင်ငံ အချိန်တိုအတွင်း ဖြတ်သန်းကုန်သွယ် နိုင်ပြီး အတော်လေးကို ဖွံ့ဖြိုးတိုးတက်သွား မှာပါ။ ဒါကြောင့်ပဲ ဒီလမ်းကို မဖြစ်မနေဆောင် ရွက်ပေးပါလို့ နိုင်ငံတော်အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များကို ကူညီဆောင်ရွက်ပေးပါလို့ အ ကူအညီ တောင်းခံအပ်ပါတယ်ခင်ဗျား” လို့ တနင်္သ࿿ာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ ချုပ်ဥက္ကဋ္ဌဌ ဦးလှသန်းက ပြောကြားခဲ့သည်။

တနင်္သ࿿ာရီတိုင်း ဒေသကြီးအတွင်း လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ အနေဖြင့် လျှပ်စစ်မီးဈေးနှုန်း ကြီးမြင့်မှုကြောင့် လက်တွန့်နေသလို မောတောင်နယ်စပ်ရှိ ထိုင်းနိုင်ငံဘက်မှ ဆင်းခွန်နယ်စပ်ဂိတ်မှာလည်း အထူးယာယီနယ်စပ်ဂိတ် အနေအထားအဖြစ်သာ ရှိနေသေးကြောင်း သိရသည်။

No comments:

Post a Comment