Thursday, May 16, 2019

၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဧပြီအထိ လေးလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် သဘာဝဘေးအန္တရာယ်နှင့် မတော်တဆဖြစ်စဉ် ၄၁၉ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၂၀ဝ ကျော် သေဆုံး

၂၀၁၉ ခုနှစ် ဇန်နဝါရီ မှ ဧပြီလအထိ လေးလအတွင်း  နိုင်ငံတစ်ဝန်းလုံးတွင် သဘာဝဘေးအန္တရာယ်နှင့် မတော်တဆဖြစ်စဉ်  ၄၁၉ ကြိမ် ဖြစ်ပွားခဲ့ကြောင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရှိ တိုင်းဒေသကြီး၊ပြည်နယ်များ၌ ဘဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုနှင့် မတော်တဆထိခိုက်မှုများတွင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ချက်စာရင်းဇယားများအရ သိရသည်။

ယခုနှစ် လေးလအတွင်း သဘာဝဘေးအန္တရာယ်နှင့်မတော်တဆဖြစ်စဉ်များကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ လူဦးရေ ၂၀၇ ဦးသေဆုံးခဲ့ပြီး  ၂၉၉ ဦးဘေးဒုက္ခရောက်ခဲ့ကာ အိမ်ခြေ ၂၈၀ဝ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

လေးလအတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်နှင့်မတော်တဆဖြစ်စဉ်များတွင် တံတိုင်းပြိုကျမှု တစ်ကြိမ်၊ တောင်ပြိုကျမှု တစ်ကြိမ်၊  ကမ်းပါးပြိုကျမှု လေးကြိမ်၊ မြေပြိုကျမှု သုံးကြိမ်၊ လေပြင်းတိုက်ခတ်မှု  အကြိမ် ၆၀၊ ယာဉ်တိုက်မှု ၁၆၃ ကြိမ်၊ ယာဉ်တိမ်းမှောက်မှု  ၁၂၂ ကြိမ်၊ ရေယာဉ်နစ်မြုပ်မှု လေးကြိမ်၊ ရေနစ်မြုပ်မှု  ၃၁ကြိမ်၊  ဓာတ်လိုက်မှုနှစ်ကြိမ်၊ မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှစ်ကြိမ်၊  ရေတွင်းထဲသို့ပြုတ်ကျမှု ခြောက်ကြိမ်၊ သစ်ပင်ပြိုလဲကျမှု  ၁၁ ကြိမ်၊ အစာအဆိပ်သင့်မှု တစ်ကြိမ်၊ မတော်တဆ ထိခိုက်မှု ခုနစ်ကြိမ်နှင့် ဓာတ်လှေကားအတွင်း ပိတ်မိမှုတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ယခုနှစ် လေးလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သဘာဝဘေးအန္တရာယ်နှင့် မတော်တဆဖြစ်စဉ်များမှာ ကချင်ပြည်နယ်တွင် ၁၄ ကြိမ်၊ ကယားပြည်နယ် နှစ်ကြိမ်၊ ကရင်ပြည်နယ်တွင်တစ်ကြိမ်၊ ချင်းပြည်နယ်တွင်၁၀  ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄ရကြိမ်၊ တနင်္သ࿿ာရီ တိုင်းဒေသကြီး တွင်ခြောက်ကြိမ်၊ နေပြည်တော်တွင် ၃၀ ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၀၈ ကြိမ်၊ မကွေးတိုင်းဒေသကြီးတွင် ၃၈ ကြိမ်၊ မန္တလေးတိုင်းဒေသကြီး တွင် ၆၅ ကြိမ်၊  မွန်ပြည်နယ်တွင်ကိုးကြိမ်၊  ရခိုင်ပြည်နယ်တွင် ၁၁ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၈ ကြိမ်၊  ရှမ်းပြည်နယ်တွင် ၁၈ ကြိမ်၊  ဧရာဝတီတိုင်းဒေသကြီးတွင် ၁၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်ငံတစ်ဝန်းရှိ မီးသတ်တပ်ဖွဲ့အင်းအား ၄၀ဝ၀ ကျော်ဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မြန်မာနိုင်ငံ မီးသတ်ဖွဲ့ဝင်များသည် နေရာဒေသမရွေး ၊ အချိန်အခါမရွေး သဘာဝ ဘေးအန္တရာယ်ကျရောက်သည့်အခါ လိုအပ်သည့်နေရာများတွင်  ထိရောက်သော လုပ်ဆောင်မှုများနှင့်ပြည်သူများ၏ လိုအပ်ချပ်ကို  ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူက အားကိုးပြီး နိုင်ငံတော်က အားထားရသည့် တပ်ဖွဲ့ဖြစ်အောင်ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေး၊ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်း၊ သောက်သုံးရေဖြန့်ဝေရေး လုပ်ငန်းများအပြင် သွေးလှူဒါန်းခြင်း၊ ကူးစက်ရောဂါဖြစ်ပွားရာ၌ တတ်စွမ်းသလောက် ကူညီဆောင်ရွက်ခြင်းတို့ကို မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက်ရှိပြီး ဘေးအန္တရာယ် ကျရောက်ဖြစ်ပေါ်တတ်သည့် လူမှုဒုက္ခအခြေအနေများကိုလည်း ကြိုတင်မျှော်တွေးပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းများကို  အလေးထားဆောင်ရွက်ကြဖို့လိုကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက  မေ ၅ ရက်က ရန်ကုန်မြို့၊ မီးသတ်ဌာနချုပ်တွင် ပြုလုပ်ခဲ့သည့် မီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

နိုင်ငံတော်အတွင်း သဘာဝဘေးအန္တရာယ်နှင့်  ရုတ်တရက် မတော်တဆဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်များကို အချိန် နှင့် တပြေးညီအလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး၊ပြည်နယ်များတွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၇၂ ဖွဲ့၊ တပ်ဖွဲ့ဝင်အင်အား  ၇၂၀ဝ ဦး ရှိခဲ့ရာမှ ယခုတွင် ရှာဖွေကယ်ဆယ်ရေး တပ်ခွဲ ၁၇ ခွဲ ၊ တပ်စု ၃၃၃ စု တပ်ဖွဲ့ဝင်အင်အား ၁၃၆၂ရဦးဖြင့် ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်စေခဲ့ကြောင်း သိရသည်။ 

နိုင်ငံတစ်ဝန်းလအလိုက် သဘာဝဘေးအန္တရာယ်နှင့် မတော်တဆဖြစ်စဉ်ဖြစ်ပွားမှုများမှာ  ဇန်နဝါရီလတွင်  ၈၄ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၈၃ ကြိမ်၊ မတ်လတွင် ၉၄ ကြိမ်၊ ဧပြီလတွင် ၁၅၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာရေးနှစ်အထိ မီးသတ်ယာဉ်နှင့် စက်အင်အား ၃၄၈၈ ဖြည့်တင်းနိုင်ခဲ့ကြောင်း၊ တိုင်ဒေသကြီးနှင့် ပြည်နယ်မီးသတ်ဦးစီးမှူးရုံး ၁၅ ရုံး၊ ခရိုင်မီးသတ်ဦး စီးမှူးရုံး ၇၄ ရုံး၊  ခရိုင်မီးသတ်စခန်း၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး ၃၃၀ ရုံး၊ မြို့နယ်မီးသတ် စခန်း ၃၃၀ စခန်း၊  နယ်မြေမီးသတ်စခန်း ၇၀၃ စခန်းနှင့် ခွင့်ပြုအင်အား၂၄၆၅၉ ဦးအထိ တိုးချဲ့ဖွဲ့စည်းခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။     

No comments:

Post a Comment