Thursday, May 16, 2019

နယူးယောက်မြို့ ဟက်ဆန်မြစ်ထဲရဟတ်ယာဉ်ပျက်ကျ ၊ ရဟတ်ယာဉ်မှူးကို ဆယ်ယူနိုင်ခဲ့

Image may contain: one or more people, sky, outdoor and textအမေရိကန်နိုင်ငံ နယူးယောက်မြို့ ဟတ်ဆန်မြစ်ထဲသို့ မေ ၁၅ ရက် မွန်းလွဲပိုင်းက ရဟတ်ယာဉ်တစ်စင်းဆင်းသက်စဉ် ရထဲကျရောက်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ၄င်းရဟတ်ယာဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်ခန့် တွင် မန်ဟက်တန်မြို့ ၏ အနောက်ဘက် လမ်း ၃ဝ နှင့် ဟတ်ဆန်မြစ်ဘေး ရဟတ်ယာဉ်ကွင်းအား ဆင်းသက်စဉ် မြစ်ရေပြင်ထဲသို့ ချော်ကျသွားခဲ့ကြောင်း ဒေသတွင်းမီဒီယာ နှင့် အာဏာပိုင်များက ပြောကြားခဲ့သည်။


ရဟတ်ယာဉ်ပေါ်တွင် ရဟတ်ယာဉ်မှူးတစ်ဦးတည်းသာလိုက်ပါလာခဲ့ကြောင်း ၊ ၄င်းမှာ လွတ်မြောက်သွားခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း နှင့် ဒဏ်ရာအနည်းငယ်သာ ရရှိသွားကြောင်း နယူးယောက်မြို့ မီးသတ်ဌာန(FDNY)၏ ပြောကြားချက်အရ သိရသည်။

မြေပြင်ပေါ်ရှိ ရဟတ်ယာဉ်ကွင်းမှ အမှုထမ်းတစ်ဦးလည်း ရဟတ်ယာဉ်အပိုင်းအစများ ထိခိုက်ခဲ့မှုကြောင့် ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ကြောင်း FDNY က ဆိုသည်။
မြစ်ထဲသို့ ချော်ကျသွားသော ရဟတ်ယာဉ်မှာ ရဟတ်ယာဉ်များတွင်အကောင်းဆုံးဟု မကြာခဏပြောကြားလေ့ရှိကြသည့် နယူးယောက်မြို့ အခြေစိုက် Blade ဒီဂျစ်တယ်စွမ်းအင် လေကြောင်းပျံသန်းရေးကုမ္ပဏီမှ ပိုင်ဆိုင်သော Bell206 ရဟတ်ယာဉ်တစ်စင်းဖြစ်ကြောင်း ဒေသမီဒီယာက ဖော်ပြခဲ့သည်။

ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများ အလျင်အမြန်သွားရောက်ခဲ့ကြောင်း နှင့် အာဏာပိုင်များက အချင်းဖြစ်ဧရိယာအတွင်းမှ မော်တော်ယာဉ်သွားလာမှု နှင့် လူများဖြတ်သန်းသွားလာမှု မပြုရန် အကြံပြုခဲ့ကြောင်း သိရသည်။

No comments:

Post a Comment