Thursday, May 16, 2019

ယူအေအီး နိုင်ငံကမ်းခြေအလွန် ပင်လယ်ပြင်တွင် ရေနံတင်သင်္ဘောနှစ်စီးတိုက်ခိုက်ခံရမှုနောက်ကွယ်မှာ အီရန်(သို့)အီရန်ကထောက်ပံ့တဲ့အဖွဲ့တွေရှိနေနိုင်ဟု အမေရိကန်စွပ်စွဲ

ယူအေအီးနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ဆော်ဒီအာရေဗျနိုင်ငံက ရေနံတင်သင်္ဘောနှစ်စီးအပါအ၀င် နိုင်ငံခြားရေနံတင်သင်္ဘောလေးစီး မနေ့က တိုက်ခိုက်ခံရမှုရဲ့နောက်ကွယ်မှာ အီရန်(ဒါမှမဟုတ်)အီရန်က ထောက်ပံ့တဲ့ အဖွဲ့တွေရှိနေပုံရတယ်လို့ ကနဦးစုံစမ်းသိရရှိကြောင်း အမေရိကန် စစ်ထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့က ဒီကနေ့မွန်းလွဲပိုင်းက ပြောဆိုလိုက်ပါတယ်။ ”တကယ်လို့ တစ်ခုခုသာဖြစ်လာခဲ့ရင် အီရန်နိုင်ငံအတွက် ဆိုးရွားတဲ့ပြဿနာဖြစ်လာလိမ့်မယ်”လို့လဲ သမ္မတထရမ့်ကပြောပါသေးတယ်။



အခင်းဖြစ်ခဲ့တဲ့ နယ်မြေကို အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စီးနဲ့အတူ ဘီ ၅၂ အမျိုးအစား ဗုံးကြဲလေယာဉ်လေးစီးကိုလဲ စေလွှတ်လိုက်ပြီလို့သိရပါတယ်။

အခုတိုက်ခိုက်ဖျက်ဆီးခံရတဲ့ သင်္ဘောတွေကို မြင်ရတာကတော့ ဆော်ဒီသင်္ဘောတစ်စီးမှာ အပေါက်ကြီးတစ်ပေါက်ဖြစ်သွားတာကလွဲလို့ ကျန်တာတွေမှာတော့ ခပ်သေးသေးပျက်စီးမှုတွေလောက်ပဲရှိပြီး ကျန်တဲ့သင်္ဘောသုံးစီးစလုံးမှာ အဲဒီလောက်တော့ ထိခိုက်မှုရှိတာကိုလဲတွေ့ရတယ်လို့ အမေရိကန်အာဏာပိုင်တွေကပြောပါတယ်။

No comments:

Post a Comment