Thursday, May 16, 2019

အသွင်ကူးပြောင်းကာလကို သုံးနှစ်သတ်မှတ်ရန် ဆူဒန်စစ်ဗိုလ်ချုပ်ကြီးများနှင့် ဆန္ဒပြသူများအကြား သဘောတူညီချက်ရရှိ

ဆူဒန်နိုင်ငံတွင် အရပ်ဘက်အစိုးရတစ်ရပ်ထံသို့ အာဏာလွှဲပြောင်းပေးရန် အကူးအပြောင်းကာလအား သုံးနှစ်သတ်မှတ်ရေး အတွက် စစ်တပ်မှ အုပ်ချုပ်သူများနှင့် ဆန္ဒပြခေါင်းဆောင်များကြား၌ သဘောတူညီခဲ့ကြသည်။ သို့သော် အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့သစ်နှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုများမှာမူ မပြီးပြတ်သေးပေ။

နိုင်ငံကို နှစ် ၃၀ ကြာ အုပ်ချုပ်ခဲ့သော သမ္မတအိုမာအယ်ဘာရှား ဖြုတ်ချခံရပြီးနောက် အရပ်သားဦးဆောင်သည့် အာဏာအပြောင်းအလဲတစ်ခု ဖြစ်ပေါ်စေရန် ဆန္ဒပြသူများက တောင်းဆိုနေသည်။ သို့သော်ဘာ ရှားကို ဖြုတ်ချပေးခဲ့သည့် စစ်တပ်မှ ဗိုလ်ချုပ်ကြီးများက အာဏာကို ဆက်လက်ကိုင်စွဲထားခဲ့ကြသည်။

စစ်ဘက်နှင့် အရပ်သားဆန္ဒပြသူများကြားမှ ဆွေးနွေးမှုများမှာ ယခုသီတင်းပတ် အစောပိုင်းက ပြန်လည်စတင်ခဲ့သော်လည်း မြို့တော်ခါတွန်ရှိ စစ်ဌာနချုပ်အပြင်ဘက်၌ ကာလရှည်ကြာရှိနေခဲ့သော ထိုင်သပိတ်ကို မည်သူမည်ဝါမှန်းမသိသည့် သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဗိုလ်မှူးတစ်ဦးနှင့် ဆန္ဒပြသူငါးဦးတို့ သေဆုံးခဲ့ရသဖြင့် ဆွေးနွေးပွဲမှာ အကြမ်းဖက်မှုတို့ဖြင့် စွန်းထင်းခဲ့ရသည်။ ထိုလူသေဆုံးမှုများနှင့်ပတ်သက်၍ အမေရိကန်က စစ်တပ်ကို အပြစ်တင်ထားသည်။


၁၂ နာရီ နီးပါးကြာအောင် ဆွေးနွေးညှိနှိုင်းမှုများအပြီးတွင် အကူးအပြောင်းအချိန်ကာလနှင့် ပတ်သက်၍ သဘောတူညီချက် ရရှိခဲ့ကြောင်း နှစ်ဘက်စလုံးက မေ ၁၅ ရက်အစောပိုင်းတွင် ကြေညာခဲ့သည်။ “အကူးအပြောင်းကာလကို သုံးနှစ်ထားဖို့ ကျွန်တော်တို့ သဘောတူခဲ့ပါတယ်” ဟု စစ်ကောင်စီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော ဒုတိယဗိုလ်မှူးကြီး ယာဆာအယ်အက်တာက ပြောကြားခဲ့သည်။

နောင်တက်လာမည့် အုပ်ချုပ်ရေးအဖွဲ့သစ်(အုပ်ချုပ်ရေးကောင်စီ)တည်ထောင် ရေးအပါအဝင် အာဏာခွဲဝေရေးနှင့် ပတ်သက်ပြီး ဆန္ဒပြလှုပ်ရှားမှုAlliance for Freedom and Change)နှင့် တစ်ရက် အတွင်း အပြီးသတ်သဘောတူညီချက် ရရှိလိမ့်မည်ဟုလည်း အက်တာက ပြောကြားခဲ့သည်။ “ပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒနဲ့ ကိုက်ညီစေမယ့် နည်းလမ်းတစ်ခုနဲ့အတူ ၂၄ နာ ရီအတွင်း သဘောတူညီချက် အပြည့်အဝ ရလိမ့်မယ်လို့ ပြည်သူတွေကို ကျွန်တော်ကတိပေးပါတယ်” ဟု ゞင်းက ဆိုသည်။

အသွင်ကူးပြောင်းကာလ၏ ပထမဆုံးခြောက်လကို နိုင်ငံထဲရှိ စစ်ဖြစ်ပွားရာဇုန်များဖြစ်သော ဒါဖာ၊ ဘလူးနိုင်း၊ တောင်ကော်ဒိုဖန် အစရှိသည့် နေရာများမှ သူပုန်များနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိရန် အသုံးချမည်ဖြစ်ကြောင်း  အက်တာက ပြောကြားခဲ့သည်။ ညှိနှိုင်းဆွေးနွေးပုံနှင့် ပတ်သက်၍ ဝမ်းသာမိကြောင်း ဆန္ဒပြသူ မိုဟာမက်အဗ္ဗဒူလာက ပြောကြားခဲ့သည်။

စစ်တပ်ဗိုလ်ချုပ်ကြီးများသည် ကနဦး ကအကူးအပြောင်းကာလကို နှစ်နှစ်ဖြစ်ရမည်ဟု အခိုင်အမာဆိုနေစဉ် ဆန္ဒပြခေါင်းဆောင်များက လေးနှစ်ထားရန် လိုလားနေခဲ့ ကြခြင်းဖြစ်သည်။

စစ်ဗိုလ်ချုပ်ကြီးများနှင့်သာ ဖွဲ့စည်းထားသော လက်ရှိအုပ်ချုပ်ရေးအဖွဲ့ကို အစားထိုးမည့် အုပ်ချုပ်ရေးကောင်စီအား ဖွဲ့စည်းရေးအတွက် အဓိကကျသည့် ဆွေးနွေးပွဲများမှာ ကျန်နေဆဲဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီးများက ယင်းကောင်စီကို စစ်တပ်က ဦးဆောင်သင့်သည်ဟု ဆိုနေစဉ် ဆန္ဒပြခေါင်းဆောင်များက အရပ်သားအများစု ပါဝင်ရန်လိုလားနေသည်။

No comments:

Post a Comment