Thursday, May 16, 2019

ချောက်​မြို့မ ​ဈေးသူ​ဈေး​သားများကို ​​ချေး​ငွေ ကျပ်​သိန်း ၅၀၀၀ ခန့်​ ​ပေးအပ်

မ​ကွေးတိုင်း​ဒေသကြီး ချောက်​မြို့မ​ဈေးသူ​ဈေးသားတွေရဲ့ ​တောင်းဆိုချက်​အရ ​နေပြည်​​တော်​ စည်​ပင်​ဘဏ်​က ​ချေး​ငွေ ကျပ်​သိန်း ၅ ​ထောင်​လောက် ပေးအပ်​ခဲ့တယ်​လို့ မြို့မ​ဈေး ​ချေး​ငွေ​ကော်​မတီက ပြောပါတယ်။ ​ချေး​ငွေရရှိဖို့​ ​ဈေး​ကော်​မတီက ဦး​ဆောင်​ ​တောင်းဆို​တဲ့အတွက် ​နေပြည်​​တော်​ စည်​ပင်​ဘဏ်​က ​ဈေးဆိုင်​ခန်း​ပေါင်း ၂၇၀ ရှိ၊ လူဦး​ရေ ၂၀၇ ဦးအား ကျပ်​သိန်း ၄၈၃၀ ဒီက​နေ့ ​ပေးအပ်​ခဲ့တာပါ။ ​ချေး​ငွေ ​ချေး​တဲ့ဆိုင်တွေဟ]ာ မီးအာမခံ တင်​သွင်းရပြီး ၄ နှစ်​စီမံကိန်းအဖြစ်​ ပထမ ၂ နှစ်​မှာ​ အတိုးလစဉ်​ ​ပေးစပ်​ပြီး ဒုတိယ ၂ နှစ်​မှာ​ ​ချေး​ငွေအရင်း (၈) ရစ်နဲ့ အတိုး ​ပေးဆပ်​သွားရမှာ ဖြစ်​ပြီး အတိုးနှုန်း ၁၃ ရာခို​င်​နှုန်းဖြစ်​တယ်​လို့ ​ကော်​မတီ ဥက္ကဋ္ဌက ​ပြောပါတယ်​။


“တချို့က ​ဈေးဆိုင်​ခန်း​တွေရှိပြီး အရင်းနှီးက မရှိကြဘူး။ တပိုင်​တနိုင်​ အရင်းနှီးက လို​နေတာ အဲဒါ​ကြောင့် ​တောင်းဆိုခဲ့တာ ရခဲ့​တော့ အရင်းအတွက် ​အဆင်​​ပြေသွားတယ်​။ အရင်းနှီးထွက်​လာတယ်​။ ပိုပြီး ရင်းနိုင်​သွားတယ်​” လို့ ​ဈေး​ကော်​မတီ ဒုဥက္ကဋ္ဌ ဦးရာ​ကျော်​က ​ပြောပါတယ်​။

မြို့မ​ဈေး ​ချေး​ငွေ​ကော်​မတီဥက္ကဋ္ဌ ဦး​ခင်​​မောင်​ရီက​ “​ချေး​ငွေပမာဏက ​ဈေးသူ​ဈေးသား​တွေ အ​နေနဲ့ ​ပေါ့​ပေါ့ပါးပါးပါပဲ အဆင်​​ပြေကြမှာပါ။ ဒီတခါ​ပြန်​ပြီးလို့ အားလုံးအဆင်​​ပြေတယ်​ဆိုရင်​ ​နောက်​ထပ်​တဆင့်လည်း ​ဆောင်​ရွက်​​ပေးသွားမှာပါ။ တ​ကယ်​လို့ အချိန်​မီ အတိုး​ပေး​နောက်​ကျသူ ကိုလည်း ​ငွေအ​မောင့် အတိုး​ပေါ် ဒဏ်​​ကြေးသတ်​မှတ်မှာဖြစ်​သလို ၃ လ ၃ ကြိမ်​ ​နောက်​ကျခဲ့ ရင်​​တော့ အ​ရေးယူတဲ့အပိုင်း​ ဆောင်​ရွက်​သွားရမှာ ဖြစ်​တယ်” ​လို့ ​ပြောပါတယ်​။

No comments:

Post a Comment