Thursday, May 16, 2019

ဆန်ဖရန်စစ္စကိုတွင် ရဲတပ်ဖွဲ့နှင့် အစိုးရအေဂျင်စီများအား မျက်နှာသိမှတ်ခြင်း နည်းပညာသုံးစွဲခြင်းကို ပိတ်ပင်

ဆန်ဖရန်စစ္စကိုသည် မေ ၁၄ ရက်တွင် ရဲတပ်ဖွဲ့နှင့် အခြားအစိုးရအေဂျင်စီများအား မျက်နှာသိမှတ်သည့် နည်းပညာ အသုံးပြုခြင်းကို ပိတ်ပင်သည့် ပထမဆုံး အမေရိကန်မြို့ဖြစ်လာခဲ့သည်။ “မျက်နှာသိမှတ်တဲ့ နည်းပညာဖွံ့ဖြိုးလာခြင်းကြောင့် အရပ်ဘက်လူ့အခွင့်အရေးအပေါ် အန္တရာယ်ဖြစ်စေမှုဟာ ရရှိတဲ့အ ကျိုးကျေးဇူးထက်ပိုများနေပါတယ်။ ဒီနည်းပညာဟာ လူမျိုးရေးမမျှတမှုကို ကြီးထွားလာစေပြီး အစိုးရရဲ့ အဆက်မပြတ်စောင့် ကြည့်နေမှုကနေ ကင်းလွတ်နိုင်မှုကိုလည်း ခြိမ်းခြောက်နေပါတယ်” ဟု မေ ၁၄ ရက်က အတည်ပြုခဲ့သည့် ဥပဒေထဲ၌ ဖော်ပြခဲ့သည်။ ဆန်ဖရန်စစ္စကို၏ အုပ်ချုပ်ရေးဘုတ်အဖွဲ့မှ အဖွဲ့ဝင်ကိုးဦးအနက် ရှစ်ဦးက ထိုဥပဒေကို ထောက်ခံချက်ပေးခဲ့ကြသည်။


ယင်းသည် ထောက်လှမ်းရေးစနစ်များကို စစ်ဆေးခြင်း၊ စည်းမျဉ်းများကို မြင့်မြင့်မားမား ချမှတ်ခြင်း၊ မည်သည့် မြို့မှအေဂျင်စီအတွက်မဆို ဘုတ်အဖွဲ့၏ ခွင့်ပြုချက်လိုအပ်ခြင်းတို့ ပါဝင်သော ပိုမိုကျယ်ပြန်သည့် ဥပဒေအတည်ပြုရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယခုပိတ်ပင်မှုထဲတွင် လေဆိပ်များနှင့် ဗဟိုအစိုးရမှ အုပ်ချုပ်သည့် အခြားအဖွဲ့အစည်းများ မပါဝင်ပေ။ ထိုနည်းပညာနှင့်ပတ်သက်ပြီး စိုးရိမ်မှုများထဲတွင် အပြစ်မဲ့သူများကို  ပြစ်မှုကျူးလွန်သူများအဖြစ် မှားယွင်းသတ်မှတ်မိခြင်းနှင့် နေ့စဉ်လူမှုဘဝ၏ သီးသန့်တည်ရှိမှုကို ချိုးဖောက်လာခြင်းတို့ ပါဝင်သည်။

တရုတ်တွင်မူ နိုင်ငံတစ်ဝန်းရှိ ဝီဂါမွတ်စလင်လူနည်းစုများကို ခြေရာခံလိုက်ရန် မျက်နှာသိမှတ်သည့် နည်းပညာတစ်ခုကို ကျယ်ပြန့်စွာ အသုံးပြုနေကြောင်း သတင်းများ၌ ဖော်ပြထားသည်။

No comments:

Post a Comment